Part(7)

6.7K 721 37
                                    

Unicode

ရှောင်းကျန့်နဲ့၀မ်ရိပေါ်က သာမန်ခရီးသွားတွေလိုပဲ၀တ်စားထားတယ်။ ရှောင်းကျန့်က အရမ်းကိုတက်ကြွနေပြီး တွေ့သမျှလူ ပြုံးရယ်ပြနေတယ် ။ သူ့အတွက်မြင်းနှစ်ကောင်ဆွဲတဲ့ ရထားလုံးသီးသန့်စီစဉ်ပေးထားပေမဲ့ ရှောင်းကျန့်က မြင်းပဲစီးချင်တယ်ဟု ဆိုလာတယ်။

၀မ်ရိပေါ်က ရှောင်းကျန့်ကိုသူ့ရဲ့မြင်းပေါ်တင်လို့ အတူစီးဖို့လုပ်တယ်။ ဒါပေမဲ့ ရှောင်းကျန့်က သူ့ဘာသာမြင်းတကောင်ယူစီးလိုက်တယ်။

"မင်းက မြင်းစီးတတ်တယ် ? "

"အရှင် မေ့နေပြီလား ကျွန်တော့်ရဲ့ဇာတိက မြင်းကောင်းတွေ ထွက်တဲ့နေရာဆိုတာ...
ကျွန်တော်တို့စီမှာ ဆယ်နှစ်သားကလေးတောင် မြင်းကိုကျွမ်းကျွမ်းကျင်ကျင်စီးနိုင်တယ်"

ဟုတ်ပေသားပဲ။ ရှောင်းကျန့်ရဲ့ဇာတိမြို့က ၀မ်ပြည်နယ်တစ်ခွင်လုံးမှာ အကောင်းဆုံးမြင်းတွေ၀ယ်ယူရရှိနိုင်တဲ့နေရာပဲ။

မြင်းဖြူနဲ့ မြင်းနက် နှစ်ကောင်ကိုစီးနှင်လာတဲ့ သခင်လေးနှစ်ယောက်က နေရောင်အောက်မှာ လိုက်ဖက်တင့်တယ်နေတယ်။ ရှောင်းကျန့်ရဲ့ ဆံပင်အနောက်မှာ ချည်ထားတဲ့ အနီရောင်ကြိုးစလေးက လေထဲတလွှင့်လွှင့်နဲ့  ။ မြို့တော်ကထွက်လို့ လူရှင်းတဲ့တောလမ်းရောက်တာနဲ့ နှစ်ယောက်သား အပြိုင်အဆိုင် မြင်းစီးပြိုင်ကြတော့တယ်။ အနောက်ကနေ ကျင်းရီနဲ့စုန့်လန်က အမှီလိုက်နေရတယ်။ နောက်လိုက်အချို့ကလဲ မျက်ခြည်မပြတ်ရအောင် အမြန်လိုက်ကြရတယ်။

အားရအောင်ပြိုင်ဆိုင်ပြီးနောက်မှာတော့ သူမသာကိုယ်မသာ သရေနဲ့အဆုံးသတ်သွားတယ်။ တဖြည်းဖြည်း အရှိန်လျော့လိုက်ကြပြီး နောက်လိုက်တွေကိုစောင့်နေလိုက်တယ်။

ရှောင်းကျန့်က လတ်ဆတ်တဲ့လေထုကိုအ၀ရှုရှိုက်တယ်။ သူအရမ်းလွတ်လပ်ပြီးပျော်ရွှင်နေတယ်။ ၀မ်ဘုရင်ကိုတောင် အရမ်းကြီးမနှစ်မြို့သလိုမဖြစ်တော့ဘူး။ ရင်းနှီးတဲ့မိတ်ဆွေတွေလို ခံစားလာရတယ်။

"ဒီနားမှာခဏနားမယ် "

စမ်းချောင်းလေးဘေးမှာ နှစ်ယောက်သားဆင်းလိုက်ကြပြီး မြင်းတွေကိုရေသောက်စေတယ်။ ရှောင်းကျန့်က သူ့၀တ်ရုံအနားစလေးကိုမ့လို့ ရေထဲဆင်းသွားတယ်။

Bond of destiny (Completed)Tahanan ng mga kuwento. Tumuklas ngayon