♡ Part - 10 ♡

6.4K 474 26
                                    

Unicobe

" အဟမ်း ... "

ဆရာဝန်က ချောင်းဟန့်လိုက်တော့ ပါးလေးရဲခနဲဖြစ်သွားတဲ့ဂျွန်က ရှက်နေတာတဲ့လေ ...။

" အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်ဗျ "

" မဖြစ်ပါဘူး ဒေါက်တာ "

ဂျောင်ကု ပြုံးရင်း ပြောလိုက်သည် ...။

" လူနာက သတိရလာတာဝမ်းသာစရာပဲ ဘာမှစိုးရိမ်စရာတော့မရှိတော့ပါဘူး ဆေးရုံမှာ ၃ရက်လောက်နေအုန်းမယ်ဆိုရင်ပိုကောင်းမယ် "

" Nae ~ "

ပြောပြီး ဒေါက်တာကထွက်သွားသည် ...။

" သူဌေးလေး ကျနော်ဆန်ပြုတ်သွားဝယ်ပေးမယ် "

" ကျေးဇူးပဲ ဝူယောင်း "

" အိမ်တော်ထိန်းအွန်းလဲ ကျနော်နဲ့လိုက်ခဲ့ .. "

" အေးအေး "

အခန်းထဲမှာ နှစ်ယောက်ထဲကျန်ခဲ့တဲ့ ထယ်ယောင်းနဲ့ဂျောင်ကု ...။

" ကိုကို ~ ရေသောက်အုံးမလား ? "

" အင်း ~ "

သူလဲ ကိုကို့ကိုဆွဲထူပေးလိုက်ပြီး အသင့်ရှိတဲ့ရေဘူးကိုဖွင့်ကာ ဖန်ခွက်ထဲထည့်လိုက်သည် ...။

" အွန့် ‌.... ဖြေးဖြေးသောက် "

ဖန်ခွက်ကိုစားပွဲပေါ်ပြန်တင်လိုက်ပြီး ...။

" ကိုကို ဆေးရုံကဆင်းရင် က‌ျနော့်မှာ surpriseတစ်ခုရှိတယ် "

" အဲ့တာဘာလဲ ဂျွန် "

" မသိချင်နဲ့အုံး "

သူနှုတ်ခမ‌်းပေါ် လက်ညိုးလေးတင်ပြီး ပြောလာတဲ့ဂျွန် ...။

" ဟုတ်ပါပြီဗျ "

" ပြွတ်စ် "

နှုတ်ခမ်းကိုထိရုံလေး လာနမ်းတဲ့ဂျွန်က သူစိတ်ကိုဆွနေသလား ...။

" အဆိုးလေး ကိုယ်ဆေးရုံဆင်းမှတွေ့မယ် ဟွန်း "

" သူဌေးလေး! "

" ဆန်ပြုတ်ရပြီလား ဝူယောင်း "

" ဟုတ်ကဲ့ သခင်လေး "

" ကျနော့်ကိုပေး ... ကျနော်သွားထည့်လိုက္မယ် "

" ကျနော် ထည့်လိုက်ပါ့မယ် "

🚨 I Never Hate You 🚨Where stories live. Discover now