#Zawgyi
နာမည်ကြီး အ ထ က HYBE ကျောင်းတွင် ကျောင်းသားကျောင်းသူများပျော်ရွှင်စွာကျောင်းတက်နေကြသည်။
အထက်တန်းဖြစ်သည့် ဆယ်တန်း(A)တွင်မူ
"ကဲ ကလေးတို့ ဒီနေ့ ဆရာမတို့အတန်းကို ကျောင်းသားအသစ်တွေပြောင်းလာကြတယ်"
"သားတို့ နှစ်ယောက် ဝင်လာခဲ့"
"သူငယ်ချင်းတွေနဲ့မိတ်ဆက်လိုက်ပါ"
"အာညော် ငါက Park Jimin ပါ အားလုံးခင်ပေးကြပါအုံးနော်"
"အာညော် ငါက Kim Taehyung ပါ "
"ကဲ သားတို့ ဟိုးနောက်မှာ ခုံလွတ်နေတယ် သားတို့နှစ်ယောက် အဲ့မှာသွားထိုင်နော်"
Tae&Jimin;; Nae…
Jungkook'pov>>>
ဆရာမက ဒီနေ့ကျောင်းပြောင်းလာတဲ့ကျောင်းသားတွေရှိတယ်ဆိုလို့ သူကြည့်လိုက်တာ။ပထမဆုံး ဝင်လာတဲ့ကောင်လေးကို ကြည့်မိလိုက်တော့ လူကောင်လေးက သေးသေးလေး ပြီးတော့ စကားပြောရင် နှုတ်ခမ်းက ရှေ့ကိုတစ်တောင်လောက်ထွက်နေတာ (ကလေး သနားပါတယ်😔 ကွတ်တို့ကတော့ပြောပြီ)
ဘေးကနောက်တစ်ယောက်ကကျတော့ ခပ်တည်တည်နဲ့ တစ်လောကလုံးသူ့လုပ်စာ ထိုင်စားနေရတဲ့ရုပ်နဲ့(ငါ့အသဲလေးကို စတွေ့တာနဲ့ ဟွန်း😏) ဘယ်လိုဟာတွေမှန်းကိုမသိဘူး
ဒီလိုနဲ့ ဆရာတွေတစ်ယောက်ပြီးတစ်ယောက်စာသင် ကျောင်းသားတွေက စာလိုက်မှတ်လိုက်နဲ့ တစ်မနက်ကုန်သွားပါတော့တယ်။
(ကျော်မယ် ခွမယ်😁😁)နေ့ခင်း ထမင်းစားဆင်းတော့ jimin နဲ့ taeလေးနဲ့က နှစ်ယောက်တည်းထမင်းစားနေကြသည်။အခြားကျောင်းသားတွေက အဖွဲ့လိုက်စားနေကြ၏။
"ဟလို ငါတို့ထိုင်လို့ရတယ်မလား"
jiminတို့ ထမင်းစားနေစဉ် ရုတ်တရက်
လူနှစ်ယောက်လာမိတ်ဆက်တာမို့ ထိုလူတွေကိုကြည့်လိုက်သည်။"အာ sorry ငါ့နာမည်က Jung Ho seokတဲ့ ဟိုဘက်ကတစ်ယောက်က Kim Namjoon မင်းတို့က အခုမှကျောင်းပြောင်းလာတာမို့ ငါတို့နဲ့သူငယ်ချင်းလုပ်မလား?"
"ရပါတယ် ထိုင်ပါ မတ်တပ်ရပ်နေရတာ အားနာစရာကြီး"
jiminက ပြောလိုက်သည်။

YOU ARE READING
💜Shade of you💜
Fanficမင်းဘယ်ကိုပဲရောက်ရောက် ငါမင်းအနောက်ကို မင်းရဲ့အရိပ်လို အမြဲလိုက်နေအုံးမှာပဲ•••••••♡