💜Part-2💜

5 1 0
                                        


#Zawgyi

ယနေ့မနက် အချိန်ပိုရှိသည်မို့  Taehyungနဲ့Jimin အဆောင်မှ စော၍ထွက်လာကြသည်။
ဘူဆန်ကနေပြောင်းလာတဲ့သူတို့နှစ်ယောက်သည် အဆောင်ငှား၍ ကျောင်းတက်နေကြခြင်းဖြစ်သည်။

Taeအိမ်က ချမ်းသာသော်လဲ Taehyungကမူ ထိုချမ်းသာမှုကို မမက်မော။ထို့ကြောင့် သူ့အိမ်က အိမ်တစ်လုံးဝယ်ပေးတာကို မယူဘဲ jiminနှင့်သာ အဆောင်ငှားနေသည်။

၁၀မိနစ်လောက်လမ်းလျှောက်ပြီးသော် သူတို့နှစ်ဦး ကျောင်းသို့ရောက်သွားကြသည်။

အခန်းထဲသို့ သူတို့နှစ်ယောက်ဝင်လာတော့ ဘယ်သူမှရောက်သေးမည့်ပုံမပေါ်။တစ်ခန်းလုံး တိတ်ဆိတ်နေလေသည်။

သို့ပေမယ့် အလယ်တန်းက ခုံတွင် လွယ်အိတ်တစ်ခုကို သူတို့နှစ်ယောက် တွေ့လိုက်သဖြင့် လူတစ်ယောက်တော့ ရောက်နေပြီဆိုတာ သူတို့သိလိုက်ကြသည်။

"Taehyung ငါတို့ပဲစောရောက်နေကြတာလား?"
စောသွားတာထင်တယ်"

Jiminက သူတို့ပဲရှိတာမို့ စောရောက်နေသည်ဟု ထင်၍ Taehyungအား ပြောလိုက်သည်။

"မဟုတ်ဘူး Jimin သူတို့က အချိန်ကို မလေးစားတာ အချိန်ပိုသင်ချိန်ရောက်မှလာကြမယ်ထင်တယ် ငါတို့စောတာမဟုတ်ဘူး"

Taehyungပြောတာ ဟုတ်မည်ထင်သည်။သူနာရီကို ကြည့်လိုက်တော့ 7:55 ဖြစ်နေပြီ ။သင်မည့်ဆရာတောင်ရောက်တော့မည် သူတို့ကမရောက်ကြသေး။

သိပ်မကြာခင် ဆရာမနှင့် ကျောင်းသားတစ်ယောက်ဝင်လာသည်။ကျောင်းသားကတော့ ခုဏက သူတို့တွေ့တဲ့ လွယ်အိတ်ရှိရာ ခုံတွင်ဝင်ထိုင်သည်။ဆရာမကတော့ သူတို့နှစ်ယောက်ကို ကြည့်နေသည်။

"အော် သားတို့က မနေ့ကမှပြောင်းလာတဲ့ ကလေးတွေထင်တယ်"

"ဟုတ်ကဲ့ဆရာမ"

ဆရာမကမေးလာတာကြောင့် သူတို့ သံပြိုင်ဖြေဆိုလိုက်သည်။

"အေးကွယ် ဆရာမတို့ကျောင်းက နာမည်ကြီးကျောင်းတစ်ခုဆိုပေမယ့် ဒီတစ်ခုတော့ စည်းကမ်းထုတ်လို့မရဘူးဖြစ်နေတာ
ဘာလို့လဲဆိုတော့ တချို့ကျောင်းသားတွေက အရမ်းဝေးတဲ့နေရာကနေ လာတက်ရတာမို့လို့ သူတို့ကို အပြစ်ပြောလို့မရဘူးလေ တချို့ကျောင်းသားတွေကျတော့ မတက်ကြဘူးလို့ ကြိုပြောထားတာ
အဲ့ဒါကြောင့် အမြဲ ဒီလိုပဲဖြစ်နေတာ
Jungkook လေးကတော့ ပင်တိုင်ပေါ့ကွယ်"

💜Shade of you💜Where stories live. Discover now