Mature Scene Alert 🚫
Don't share screenshots on social media!
If you want to leave toxic comment, then write nothing!♥️
ကျောင်းတွေ ပိတ်ထားတာ ကြာလာတာနဲ့အမျှ လူငယ်တွေကြားမှာ online shop လုပ်တာတွေ ခေတ်စားလာတယ်။ အဲ့သည့်အထဲမှာ ယွီပင်းညီမလည်း ပါတယ်။ စိတ်ရှုပ်ဖို့ကောင်းတာက အစမ်း၀တ်ပြမယ့် photo model လုပ်ဖို့ သူ့ကို ရွေးလာတာပဲ။
ရှောင်းသခင်ကြီး မသိအောင် ခိုးထွက်ခဲ့တဲ့ Company night party မှာ ရန်ဖြစ်နေတဲ့ live ကြီးက အတော်trendဖြစ်သွားလေတော့ ယွီပင်းညီမ ယွီလင်က သူ့အား မိန်းကလေးများထက် ပိုချောပိုလှပါသည်ဆိုကာ အပူကပ်လေခြင်း။
အစက သိပ်စိတ်မပါသော်လည်း 'မျက်နှာပြစရာမလိုပါ၊ သူ့brandလေး လူသိများချင်ရုံပါ၊ ကိုယ်ပိုင်ဒီဇိုင်းများ ဖြစ်၍ Modelအဟောင်းမသုံးလိုပါ' စစသဖြင့် အကြောင်းပြချက်များအပြင် သူကိုယ်တိုင်ကလည်း own creation များကို နှစ်သက်သူမို့ ဤbusiness ဖြစ်လာရသည်ဆိုပါတော့။ တစ်ထည်ရောင်းရလျှင် 10% ရသေးသည်။ ပရဟိတ များများ လုပ်လို့ရသည်လေ။ မဆိုးဘူးပေါ့။ (ဒယ်ဒီရှောင်း မသိသေးသရွေ့)
လောလောဆယ်တော့ ၀တ်လိုက်ပါက တင်လုံးလေး အစွန်းပေါ်သည်အထိ တိုတက်နေသော tennis skirt နှင့် ရိပေါ် တိုင်ပတ်နေသည်။ မိန်းကလေးများထက် ခါးကြော ပိုရှည်သည့် သူနှင့် ဘယ်လိုမျှ မလိုက်ဖက်။
ဒီငပွေးမက Sampleကို ဘယ်တော့မှ နည်းနည်းရှည်ရှည် မထုတ်ဘူး! သူ့မော်ဒယ်ကဖြင့် အထီးကြီးကို! ခေါင်းသုံးပါဆို ဂျွမ်းထိုးပြနေတယ်!
ဟိုတစ်ခါလည်း Night dress ဇာပါးပါးနှင့် တစ်ခါ ဒုက္ခပေးပြီးပြီ။ Local brandမှာလည်း ညှို့အားပြင်းပြင်း sexy ဆန်ဆန် ၀တ်နိုင်သည်ကို ပြချင်၍ဆိုလား။ မိန်းကလေးများ အကြိုက် ဘယ်လိုဘယ်ပုံ ဆန်းသည်မသိ။
ကိုကို ပြန်မလာခင် ခိုးလုပ်ရသည်မို့ ရိပေါ် စိတ်တိုလာကာ အရှေ့ပုံများသာ ရိုက်ပြပြီး ပို့ပေးလိုက်သည်။ ရှောင်းအဖိုးကြီးကို စ.ရန်အတွက် သီးသန့်တစ်ပုံရိုက်ဖို့လည်း သူ မမေ့။
လျှံပေ့စေ နှာခေါင်းသွေး ။ฅ'ω'ฅ
YOU ARE READING
𝐌𝐲 𝐅𝐚𝐢𝐫𝐲 𝐓𝐚𝐥𝐞 ✓
Romance𝙃𝙚𝙮~~~~𝙇𝙚𝙢𝙢𝙚 𝙩𝙚𝙡𝙡 𝙮𝙤𝙪 𝙢𝙮 𝙡𝙞𝙛𝙚 𝙨𝙩𝙤𝙧𝙮! 𝐁𝐮𝐭 𝐛𝐞 𝐚𝐰𝐚𝐫𝐞 𝐭𝐡𝐚𝐭 •𝐅𝐚𝐢𝐫𝐲 𝐓𝐚𝐥𝐞𝐬 𝐍𝐞𝐯𝐞𝐫 𝐄𝐧𝐝• ZhanYi 🍒 XiaoWang (Unicode & Zawgyi ~ both available)