🍒🍑🍓🍋🌼🌳🌻🍀🌷
သောကြာနေ့ညနေတွေက ပုံမှန်အတိုင်း လွတ်လပ်ပြီး လှပတယ်။
ပြဿနာတွေ အလုပ်တွေ ကျောင်းစာတွေ အားလုံးကို ချောင်တချောင်ထဲ အပြည့်အ၀ ထိုးထည့်ထားလို့ရတဲ့ နေ့တစ်နေ့လည်း ဖြစ်တယ်။
လူတိုင်းလူတိုင်းရဲ့ အိမ်ပြန်ချိန် ခြေလှမ်းတွေကလည်း တခြားနေ့တွေထက် ပိုမို သွက်လက်မြန်ဆန်နေကြပါရဲ့။ဒီလိုနေ့မှာ ပုံမှန်မဟုတ်ဘဲ ထုံးစံပျက်နေတာဆိုလို့ ရှောင်းကျန့်တစ်ယောက်ပဲ ဖြစ်လောက်ပါတယ်။
လူ့လောကထဲ ရှောင်းကျန့်ဆိုတဲ့အမည်နာမကို ပိုင်ဆိုင်သူအဖြစ် မွေးဖွားလာကတည်းက ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်ချိန်အထိ မိဘတွေ ဖြစ်စေချင်တဲ့အတိုင်း ပုံသွင်းသလို နေခဲ့ပေမယ့် အိမ်ထောင်ရက်သားပြုဖို့ဆိုရင်တော့ သူက နားမပါသလို ခါးခါးသီးသီး ငြင်းဆန်လေ့ရှိတယ်။
သူ အနှစ်သက်ဆုံး သောကြာနေ့ရဲ့ အရောင်ပြောင်းလဲမှုက Family Dinner Date လို့ ညာခေါ်ပြီး ကြင်ဖက်တွေ့ပေးရာက စတယ်။
ဝါသနာ ပျော်ရွှင်ရာ အားသန်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရပ်ကို လက်လျော့လို့ Business Man အဖြစ် ခံယူပေးခဲ့တာတောင် သူ့မိဘတွေက လောဘကြီးနေတုန်းပဲ။ အိပ်ပျော်ဖို့ခက်တဲ့ သူ့ရဲ့ ငရဲလိုညတွေမှာ အဖော်မပြုပေးခဲ့ကြဘဲ သူတို့အသက်ကြီးလာရင် အဖော်ပြုဖို့ ချွေးမနဲ့ မြေးတို့ လိုသတဲ့။
လူတွေက သိပ်ခက်တယ်။
သူတို့ ဖြစ်ချင်တာတွေကို တခြားတယောက်က အကောင်အထည်ဖော်ပေးရမယ်ဆိုတဲ့ အရာကြီးကို ၁၉ရာစု အရှေ့ပိုင်းဝန်းကျင်က လူတွေခမျာ မွေးကတည်းက ခေါင်းထဲ ရိုက်သွင်းခံခဲ့ရပုံ ပေါက်တယ်။ သူတို့ အိပ်မက်က သားသမီး မက်ခဲ့တာမှ မဟုတ်တာပဲ။ ဒါပေမယ့် သားသမီးဆိုတဲ့နေရာမှာ လူဖြစ်လာတဲ့ ရှောင်းကျန့်လည်း အဲ့ဒီ့အချက်ကို လိုက်နာခဲ့ရတာပါပဲ။
'ကိုယ့်ကြောင့် သူများ စိတ်မဆင်းရဲစေရဘူး'လို့ မေမေ သင်ပေးထားတာကို အဲ့လိုနေရာတွေမှာ သုံးလိုက်တယ်။
အလုပ်ထုတ်ပစ်လိုက်တဲ့ လူတွေအတွက်ဆိုရင်တော့ 'သူတို့ အမှားလုပ်ရင် သူတို့ ခံရမှာပဲ'ဆိုတဲ့ နိယာမကို အသုံးချတယ်။
ရှောင်းကျန့်က ဘ၀ကို ပုံသေနည်းတွေနဲ့ နေထိုင်တတ်ပြီး နည်းနည်းလည်း စီးစီးပိုးပိုးနိုင်တဲ့ လူတစ်ယောက် ဖြစ်တယ်။
KAMU SEDANG MEMBACA
𝐌𝐲 𝐅𝐚𝐢𝐫𝐲 𝐓𝐚𝐥𝐞 ✓
Romansa𝙃𝙚𝙮~~~~𝙇𝙚𝙢𝙢𝙚 𝙩𝙚𝙡𝙡 𝙮𝙤𝙪 𝙢𝙮 𝙡𝙞𝙛𝙚 𝙨𝙩𝙤𝙧𝙮! 𝐁𝐮𝐭 𝐛𝐞 𝐚𝐰𝐚𝐫𝐞 𝐭𝐡𝐚𝐭 •𝐅𝐚𝐢𝐫𝐲 𝐓𝐚𝐥𝐞𝐬 𝐍𝐞𝐯𝐞𝐫 𝐄𝐧𝐝• ZhanYi 🍒 XiaoWang (Unicode & Zawgyi ~ both available)