- TWO -

872 140 3
                                    

/UNICODE/



ပေါက်စစားဖို့ မုန့်တစ်ချို့ကို ဘောင်းဘီအိတ်ထဲ
ထိုးထည့်လိုက်တယ် ။
ကျွန်တော်သောက်ဖို့ လို့ပြောပြီး နွားနို့ကြိုခိုင်းလိုက်တော့ အကူအဒေါ်ကြီးက သူ့ကို ထူးဆန်းသလို ကြည့်သည် ။

ဆောင်းမွန်းက ယမကာတွေ တိုင်ကီလိုက် ချနေတဲ့ အချိန်မှာ သူက နွားနို့သောက်မယ်ဆိုတော့ ထူးဆန်းတယ်လို့ ထင်နေမိမှာ မဆန်းပေ.....။

ဘယ်လို ထင်ထင်ပါလေ...ပေါက်စ heat cycle အတွင်းမှာ အားရှိစေဖို့ သူအဲ့လိုမျိုး အထင်ခံရလဲ ဖြစ်ပါတယ် ။


နွားနို့ခွက်ကို ကိုင်ပြီး ထည်ဝါတဲ့ ကျွန်း‌ေလှကားကြီးမှ တစ်ဆင့် အပေါ်တက်လာခဲ့တော့ ရလိုက်တဲ့ vanilla နံ့က အခန်းတံခါးနဲ့ နှစ်ပေလောက်အကွာထိ ရောက်နေတာကြောင့် လန့်ပြီး တံခါးကို တွန်းဖွင့်ပြီး ချက်ချင်းပြန်ပိတ်လိုက်သည် ။

“ ပေါက်စ?? ”

တဟင်းဟင်း ညည်းပြီး ပိုး‌ေမွ့ယာပေါ် လဲနေတဲ့ ပေါက်စက သူ့ကို စိုးရိမ်စိတ်တွေ ပိုတိုးစေတယ် ။ ပြီးတော့....
ထိုအနံ့က သူ့ကို တစ်ခါမှ မခံစားခဲ့ဖူးသော တမျိုးတမည် ခံစားချက်တစ်ချို့ကို ခံစားရစေတယ် ။

“ အဆင်ပြေရဲ့လား ပေါက်စ ”

“ ပြေတယ်...မဟုတ်...ပူတယ်.... ခင်ဗျား...ကျုပ်ဆီလာ...မ မလာ...နဲ့ ”

ကယောင်ကတမ်းစကားတွေ ထွက်နေတဲ့ ပေါက်စ....
အနီးအနားကပ်သွားရင် သူအသိစိတ်လွတ်သွားပြီး ပေါက်စကို နာကျင်အောင် လုပ်မိမှာ စိုးသဖြင့် အခန်းတံခါး၀နားမှာပဲ နေနေဖြစ်သည် ။
ဒါပေမဲ့....

“ ပတ်ဆောင်းဟွန်း?? ”

ဆောင်းမွန်းအသံ.....

မျက်လုံးတွေ ပြာထွက်သွားသလို ခံစားလိုက်ရတယ် ။

မဖြစ်ဘူး....ပေါက်စကို တွေ့သွားလို့မဖြစ်ဘူး...။



အလျင်အမြန်ပင် ကုတင်ပေါ်က စောင်နဲ့ ပေါက်စကို မြန်မြန်ထုပ်ပြီး ခန္ဓာကိုယ်သေးသေးလေးကို ပွေ့ချီကာ ပြတင်းပေါက်ကို ရိုက်ဖွင့်ပြီး ခုန်ဆင်းလိုက်သည် ။

BLACKSWAN  |  SUNSUNWhere stories live. Discover now