Episode-1

442 50 4
                                    

[ Zawgyi ]

ဖြောင်း!!

ရိုက်သံတစ်ချက်နောက်မှာလည်ထွက်သွားတဲ့သူ့ရဲ့ခေါင်းနဲ့
လဲကျသွားတဲ့ခန္ဓာကိုယ်သေးသေးလေး။

မောင်ကငါ့ကိုရိုက်လိုက်တယ်!

ပူထူသွားတဲ့ပါးပြင်ကိုထိတွေ့ရင်း
မောင့်ကိုအံ့သြတကြီးနဲ့မော့ကြည့်လိုက်မိတယ်။

" မောင်! ငါမင်းအစ်မကိုဘာမှမလုပ်ဘူး "

လက်ကအပူလောင်ထားတဲ့ဒဏ်ရာကိုနောက်ပို့ရင်း
ရှုတည်တည်နဲ့သူပြန်ပြောမိတယ်။

သူကသာနစ်နာခဲ့သူလေ မောင်ရဲ့။
မောင်မြင်အောင်ငါ့လက်ကြီးပဲထောင်ပြရင်
မျက်ရည်ချူတယ်ဆိုပြီးမောင်ကရိုက်ဦးမှာလား။
ဒါမှမဟုတ် ယောကျာ်းတန်မဲ့ခံနိုင်ရည်မရှိဘူးလို့ မောင်ပြောဦးမှာလား။

မောင်! မင်းကပဲတစ်ကိုယ်ကောင်းဆန်နေသလား
မင်းကိုအရယူမိခဲ့တဲ့ငါကပဲတစ်ကိုယ်ကောင်းဆန်ခဲ့သလား။

" မင်းအပိုတွေပြောမနေနဲ့ နာဂျယ်မင်း မင်းမလုပ်ရင်ဘယ်သူကလုပ်မှာလဲ ပြောစမ်းပါ! "

မောင်ကဒေါသတကြီးအော်ဟစ်ပြီး ဒေါသမျက်ဝန်းတွေနဲ့လာကြည့်တယ်။

မောင်ကသူ့မိသားစုကိုသိပ်တန်ဖိုးထားတတ်တာပဲ။
ပြဿနာရှာပြီးရေနွေးနဲ့ပက်သွားတဲ့မောင့်အစ်မက အခုထိမောင်ကငါနဲ့မထိုက်တန်ဘူးလို့တွေးနေသေးပုံပဲ။
ဘယ်လိုလုပ်ရမလဲ မောင် ငါအဲ့မိန်းမကိုငါနဲ့အတူသေဖို့အဖော်အဖြစ် ခေါ်သွားလိုက်ရမှာလား ။

" မင်းကိုစိတ်ကုန်လွန်းလို့ ငါဘယ်လိုလုပ်ရမလဲကိုမသိတော့ဘူး "

မောင်က လေပြေလိုဆိုပေမယ့်အဲ့စကားမှာ စိတ်ပျက်ခြင်းတွေတစ်ပုံကြီးပါတယ် ။

သူမောင့်မျက်ဝန်းတွေကိုသေချာစိုက်ကြည့်မိတော့
မောင့်မျက်ဝန်းမှာနာကျည်းရိပ်တွေ ။
မောင်ကငါ့ကိုတစ်ကယ်စိတ်ကုန်နေတာပဲ ။

မောင်ငါ့ကိုအဲ့လိုမကြည့်ပါနဲ့!
ငါမင်းကိုလက်လွှတ်လိုက်ဖို့အသင့်မဖြစ်သေးဘူးလေ။
နည်းနည်းလောက်ငါ့ကိုကြည့်ပါဦး ငါတို့လက်ထပ်ခဲ့တာအချစ်တစ်ခုတည်းကြောင့်ပဲလေ ။
ချစ်လွန်းလို့ငါမောင့်ကိုဘယ်လိုအရယူခဲ့ရလဲ ။

R A I NWhere stories live. Discover now