Be my Boyfriend

519 17 5
                                    

Unicode

တီတီတီတ‌ီ....
တတီတီမြည်နေသော နှိုးဆက်ကို ပိတ်ရင်းသူရဲ့ပျင်းရိစရာတစ်နေ့တာကို စတင်ဖို့ အိပ်ယာထပ်က ကုန်းရုန်းထမိတယ် နာရီလေးကို တစ်ချက်ကြည့်မိတော့ 6 နာရီခွဲသာ ရှိနေသေးတယ် သို့ပေမယ့် ဆက္မအိပ်ချင်တော့တာကြောင့် ကုတင်ပေါ်က ဆင်းကာ ရေချိုးခန်းထဲ ဝင်ပြီး ရေမိုးချိုးကာ ကျောင်းသွားဖို့ပြင်ဆင်ရတယ် ပြီးတာနဲ့ ဂိုဒေါင်ထဲက စက်ဘီးလေးထုဝာ်ကာ ကျောင်းကိုထွက်ခဲ့လိုက်တယ်

"ဟေ့ကောင် Bright... canteen သွားကြမလား"
"မသွားချင်တော့ဘူး...မင်းတို့သွားမလို့လား"
"ဟုတ်တယ်လေ...ကျောင်းတက်ချိန်ကလဲ လိုသေးတယ် သွားကြမယ်..."

များများတောင် မမြှူစွယ်လိုက်ရ သူ့သူငယ်ချင်းတွေနဲ့ သူပါသွားရတော့တယ်
သူ့နာမည်က Bright ပါ သူက သိပ်လဲ မချမ်းသာသလို ဆင်းရဲတဲ့အထဲတော့ မပါခဲ့ သူ့မိဘတွေကလဲ သူလိုချင်တာဆို အမြဲ ဖြည့်ဆည်းပေးတာကြောင့် သူ့ဘဝက သူ့အတွတ်တော့ လူချမ်းသာပင် စာ လဲတော်သလို ရုပ်လဲချော ပျော်ပျော်နေတတ်‌သော် လည်း အနေအေးသောကြောင့် ဘယ်သူမှ သူ့ကို သိပ်မသိကြ...သူ့ဘဝထဲ ထိုကောင်လေး မရောက်ခင်အထိ သူ့ဘဝက ပျင်းစရာကောင်းခဲ့သော်လည်း ထိုကောင်လေး သူ့ဘဝထဲ ဝင်လာချိန်မှာတော့.... မှတ်မှတ် ရရ ထိုနေ့က မိုးရွာနေခဲ့တယ်

"ကဲအားလုံးပဲ...အသစ်တစ်ယောက်ရောက်တယ်...သားလေးနှုတ်ဆက်လိုက်..."

အသစ်ဆိုသောကြောင့် အားလုံး တိတ်ဆိတ်သွားသော်လည်း Bright ကတော့ မသိခဲ့ မိုးရွာနေခဲ့သလို သူလဲအိပ်ပျော်နေခဲ့တယ်

"ဟေ့ကောင် အိပ်လှချည်လား...ဆရာမ စာသင်တော့မယ်...ထတော့..."

အရှေ့တန်းက Mike ရဲ့စကားကြောင့် သူနိုးလာခဲ့တယ် သူက အနောက်ဆုံး တန်းမှာ ထိုင်နေတာဖြစ်တဲ့ အတွတ် သူ့ကို ဆရာမမြင်ရ...

"အခုက မိုးရွာနေတာဆိုတော့ စာမရှင်းပြတော့ဘူး ခေါင်းစဉ်ပေးလိုက္မယ်သုံးရက် နေရင် assignment လာထပ်ရမယ်က‌ျရာ ခေါင်းစဉ်ယူပါ...."
"ဟာ..ခေါင်းစဉ်‌ကြီးတွေကလဲ..."
"ကူးမချလာကြနဲ့နော် သေချာစစ်မှာ.."
"ဟေ့ကောင် Bright မင်းက နံပါတ်ဘယ်လောက်လဲ..."
"နံပါတ်လေး...မင်းကကော.."
"နံပါတ်နှစ်..."
"ငါတို့က တူလဲ မတူကြဘူး..ငါစိတ်ညစ်လာပြ္ီ..."
"မင်းက စာဆို အမြဲစိတ်ညစ်နေတာပဲ..."

Be my BoyfriendWhere stories live. Discover now