< Unicode >
South Korea, Soul မြို့တစ်နေရာ၏
ကားလမ်းမပေါ်၌ အမျိုးအစားစုံလင်စွာသော
ကားမြောက်မြားစွာ ကူးလူးသွားလာနေကြဆဲ။
ထိုမှာအထူးအဆန်းတော့မဟုတ်ချေ။
အချိန်အားဖြင့် ညနေခြောက်နာရီခွဲလောက်သာ
ရှိသေးသည်ကိုး။ တိုးတက်ဖွံ့ဖြိုးဆဲမြို့ဖြစ်သည့်အလျောက် ညဘက်ရောက်သည့်တိုင်
အသွားအလာမပြတ်တာ အားလုံးအသိ။
ထူးဆန်းသည်ကထိုကားများထဲတွင်
အနက်ရောင်Toyota ကားလေးတစ်စီးမှာ
ပုံမှန်ထက်ပိုမိုမြန်ဆန်စွာမောင်းနေ၏။
အရေးကြီးသည်ကြောင့်လား။ မဟုတ်ပေ။
ကားဆိုလျှင်မြန်မြန်မောင်းမှသဘောကျသူ
ထိုကားပိုင်ရှင်၏ အကျင့်သည်သာ။
ထိုကားက Shopping Mall
တစ်ခုသို့ ဦးတည်နေသည်။
Shopping Mallရှေ့သို့ရောက်လာချိန်
ထိုရှေ့၌ ကားအဖြူလေးတစ်စီးရှိနေ၏။
သူ့ကားအား ရပ်ရန် နောက်ဆုတ်လိုက်သော်
အရှိန်လွန်ပီး နောက်ရှိ ကားဖြူလေးအား
၀င်စောင့်မိလေသည်ကိုဘေးနားရှိ
လမ်းဘေးစျေးသည် ဦးလေးကြီးမြင်သော်
"ဟား......ဟားတိုက်ပီ... ဟား.. ဒုက္ခပါပဲ
ဟား...တိုက်ကုန်ပီ"ဟု အော်ပြောသော်လည်း
ကားပိုင်ရှင်က ဂရုမစိုက်ဘဲ
Mall ထဲသို့သာ၀င်သွားလေ၏။
ထိုအချိန် ကားအဖြူလေး၏ပိုင်ရှင်ဟုထင်ရသော ချစ်စရာ မျက်နှာလေးနဲ့ကောင်မလေးရောက်လာလေ၏။ သူမ၏ ကားလေး ရှေ့ဘက်မှ
အဆောင့်ခံထားရသည်ကိုမြင်သော် အပြေးလေး
လာလေ၏။
"အမလေး... ဘုရား...ဘုရား...ငါ့ကားကို
တိုက်သွားတယ် ကျန်း( ကြည့်စမ်း )
ဘယ်တုန်းက ဖြစ်သွားတာလဲ ဒါက"
ဒေါသတော်တော်ထွက်နေပုံရတဲ့သူမအနားကို
အစအဆုံးမြင်ထားသော ဦးလေးကြီး
ရောက်လာလေ၏။
"ဟို ...ဒီ ...ဒီကားနောက်ဆုတ်ရင်းနဲ့ တိုက်တာ"
ဟု အနက်ရောင် ကားလေးအား လက်ညိုးထိုးကာ
ပြောလိုက်သည်။ ထို့နောက် ဆက်ပီး
"ဟို ... မလွတ်မှန်းသိရဲ့သားနဲ့နောက်ဆုတ်တာ
ဦးလေး အော်ပြောတာတောင်မရဘူး"
"ဒါဆို ဒီကားတမင်သက်သက်လုပ်တာပေါ့
ဦးလေးကြီး ကလည်း အစထဲက သမီးကို
လာပြောလိုက်တာ မဟုတ်ဘူး"
"ဟို... ဦးလေးလဲ လာပြောမလို့ဘဲ
သမီးကအရင်ရောက်လာတာ"
"ဘယ်မှာလဲ အဲ့ကားမောင်းတဲ့သူ
ဘယ်ရောက်သွားလဲ"
ထိုသို့ပြောနေရင်း အနက်ရောင်ကားပိုင်ရှင်
ပြန်ရောက်လာသည်ကိုမြင်သော်
"ဟော် ...ဟိုမှာ ...ဟိုမှာ အဲ့လူဘဲ"
"ဒီမှာ..ဒီမှာ"
"ဘာလဲ ...."ဟု သူက အေးစက်စွာပြန်မေး၏။
"ရှင် ကားမမောင်းတတ်ဘူးလား
ဟိုမှာကြည်စမ်း ကျွန်မကားကို"
"ဘာဖြစ်လို့လဲ"
ရုပ်ကလေးနဲ့မလိုက်အောင်
ကန့်လန့်တွေကြီးပြောနေသည့် ထိုလူကို
Jen ဖြင့်အံ့သြမိပါသည်။
"ရှင်လုပ်လိုက်တာလေ ...ဟိုမှာတိုက်ကုန်ပီ"
"သေချာလို့လား.. "ဟု ခါးထောက်ကာ
ပြန်မေးနေပြန်လေသည်။
"ဘာပြောတယ်!"
"ငါ့ကားနဲ့တိုက်မိတာ သေချာလို့လားလို့ ...
မင်းကိုမေးနေတာ"
"ဒီမှာ ..ဘယ်သူကမသေချာဘဲနဲ့ အားအားယားယား
လာပြောနေမှာလဲ ရှင်တိုက်လိုက်တာ ဟိုမှာ
မျက်မြင်သက်သေရှိတယ်နော်"ဟုဆိုကာ
ဦးလေးကြီးအား ညွှန်ပြလေ၏။
"တောက်ခ်!!!!"
"ဘယ်မှာလဲ....အဲ့သက်သေ..ဟမ်..
ကိုယ်နဲ့မဆိုင်ဘဲ အာချောင်တဲ့ကောင်
အကုန်လုံး ရိုက်ခွဲပစ်မယ်
တော်တော် ပါးစပ်ယားနေတာ... ဟုတ်လား"
" ဟမ်!!!! "
ထိုသို့ပြောလိုက်လေရာ ဦးလေးကြီးလဲ
လန့်ကာ ထိုနေရာမှထွက်သွားလေ၏။
"ဒီမှာ မဆိုင်တဲ့သူကိုဘာမှ ရမ်းနေစရာမလိုဘူး
ရှင် ကိုယ်လုပ်ထားတာကိုယ် တာဝန်ယူရဲရမှာပေါ့"
"မင်း ငါ့ကို အပိုတွေလာမပြောနဲ့..
အလကားနေရင်း စွပ်စွဲပီးတော့ အလျော်တောင်းတိုင်း သွားအဖြဲသားနဲ့ လိုက်လျော်ပေးမဲ့ထဲမှာ
ငါမပါဘူး ငါ့ကို တရားခံလာမရှာနဲ့ ..အေးဆေးနေ"
ဟု ပြောကာ ကားပေါ်တက်လိုက်လေသည်။
"ဟာ... ဟဲ့ ..ရှင်ဒီတိုင်း ထွက်မသွားနဲ့နော်"
ကားမှန်တံခါးကို ခေါက်ပြောသော်လည်း
ဂရုမစိုက်ဘဲ ကားစက်နိုးလေရာ
"ရှင် မတောင်းပန်ဘဲ ထွက်မသွားနဲ့နော်"
ကားရှေ့ပိတ်ရပ်ကာပြောလိုက်သည်။
"တီ.... တီ..." သူကားဟွန်းတီးသော်လည်း
Jen ကဂရုမစိုက်ဘဲ ကားရှေ့မှနေ၍
ကားကိုသာ ကန်နေလေသည်။
ထိုအခါမှ သူက ကားမှန်ကိုချကာ အပြင်ကို
ခေါင်းထွက်ပီး
"ဟေ့.... ဟေ့...မင်း.... ငါ့ကားကိုမထိနဲ့နော်
ငါ့ကားတစ်ခုခုဖြစ်လို့ကတော့ အဲ့နေရာမှာတင်
ပွဲချင်းပီးသွားမယ်"
ကားတံခါးနားသို့ Jen ပြန်ရောက်လာပီး
"အော်.... ရှင့်ကားကိုတော့ ရှင်ကသိတတ်တယ်
ကျွန်မကားကိုရော ကျွန်မ မနှမြောရဘူးလား"
"ဟက်... မင်းကိုကြည့်ရတာ တော်တော်
အလျော်လိုချင်နေတယ်ထင်တယ်... ဟမ်...
မင်းပိုက်ဆံဘယ်လောက်လိုချင်လို့လဲ.. "
"ဒီမှာ... ကျွန်မပိုက်ဆံလိုချင်လို့
ပြောနေတာမဟုတ်ဘူး
ရှင့်အမှားကို ရှင် ၀န်ခံဖို့ပြောနေတာဟဲ့.. "
"သွားစမ်းပါ... ပိုက်ဆံလိုချင်ရင်လိုချင်တယ်ပေါ့"
" ခဏလေးစောင့်..... "ပြောပီးကားနောက်ခန်းသို့လှည့်ကာပိုက်ဆံယူလိုက်ပြီး
"ရော့ ...ဒီမှာ မင်းလိုချင်ရင်ယူလိုက်"
"ရှင်... ရှင်.... "
"ဒါလျော်ကြေးမဟုတ်ဘူး..
ပိုက်ဆံသိပ်လိုချင်တဲ့သူကို
ပိုက်ဆံပေးပီးနှစ်သိမ့်တာ"
"ရှင်..မိုက်ရိုင်းလှချည်လား...
ကျွန်မပိုက်ဆံစကားပြောနေတာ မဟုတ်ဘူး..
ရှင်လူလိုနားလည်ဖို့ပြောနေတာ"
"Jen.... Jen... ဘာဖြစ်နေတာလဲ"
သူနဲ့အသက်တူလောက်ရှိတဲ့သူတစ်ယောက်ရောက်လာပီးမေးလေတယ် ။
"Oopa Kai.... Jen ကားကိုဝင်တိုက်ပီး
Jenကိုမတောင်းပန်တဲ့အပြင် စော်ကားနေတယ်
ဒီကောင်....."
"Jenရယ် စိတ်လျှော့လိုက်ပါကွာ...
လူတွေဝိုင်းကြည့်နေတယ် သွားရအောင်လာ..."
"ဒီမှာ.... မင်းကို ငါ ပိုက်ဆံပေးပီးတော့
တစ်ခါတည်းရှင်းတယ်နော် ...ကျေနပ်တယ်ဆိုရင်
ဒီနေရာမှာတစ်ခါတည်းကျေနပ်လိုက်...
ကားနံပါတ်ကိုမှတ်ပီး.. နောက်မှ ပြဿနာ
ရှာတာမျိုးကတော့... sorry ပဲ..ဟက်... "
"မိုက်ရိုင်းလိုက်တာ.... ရှင်!"
ရိုက်ရန်ရွယ်လိုက်စဉ် -
"Jen....Jenထားလိုက်ကွာ...
စိတ်လျှော့ကွာ..Jen သွားမယ်လာ"
အတင်းဆွဲခေါ်သွားလေသည်။
သူလဲ ရှုပ်ရှုပ်ရှက်ရှက်ဖြစ်နေသော ထိုနေရာမှ
ဘာကိုမျှဂရုမစိုက်ဘဲ ကားမောင်းထွက်ခဲ့လေ၏။
YOU ARE READING
When the Heart is " WIN "💛
Fanfictionငါ့ကို အဲ့ဒီနေ့က Coffee နဲ့ပက်ခဲ့တဲ့အတွက် တစ်သက်လုံး မင်းကိုမုန်းတဲ့စိတ်နဲ့ပဲ နေသွားတော့မှာ