Part - 2

478 48 0
                                    

< Unicode >

"ဟီး ...အဟင့်...ဟင့်... "အိမ်ပြန်ရောက်သော်လည်း Jen မှာအငိုမရပ်။
"Jenရယ်... စိတ်ကိုလျှော့လိုက်ပါကွာ"
"Jenလုံးဝစိတ်မလျှော့နိုင်ဘူး.... Oopa ....
Jenလူရှေ့သူရှေ့မှာ ဘယ်လောက်တောင်
အရှက်ကွဲခဲ့ရလဲ..ဒီလိုကောင်မျိုးကို ရှုံးတာ
Jenလုံးဝမကျေနပ်ဘူး... "
"Jenပဲသူ့ကိုရှုံးတာမဟုတ်ပါဘူး....
ဘယ်သူ့မှ သူ့ကိုမနိုင်တာ.. "
"Oopa က သူ့ကိုသိနေတာလား.."
"လူချင်းတော့မသိပါဘူး..သူ့အကြောင်းကြားဖူးရုံပဲ..
Jenက သူ့လိုလူမျိုးနဲ့မှ ပြဿနာ သွားဖြစ်တာကိုး"
"သူကဘာမို့လို့လဲ.. "
"သူ့နာမည်က Lalisa Manoban! တဲ့..
L Group ရဲ့ ဥက္ကဌ!.. ငယ်ငယ်လေးကတည်းက
ပြဿနာပေါင်းစုံရှာတတ်တာတဲ့...
ကြားရသလောက်တော့ သူ့စိတ်က ပုံမှန်မရှိဘူးတဲ့
လူတကာကို အနိုင်ကျင့်ဗိုလ်ကျပြီး
သူ့အားနည်းချက်တွေကို ဖုံးကွယ်အောင်
ကြိုးစားရင်း အခုလို လုံးဝဆိုးနေတာတဲ့.. "
"သူ့မှာဘာအားနည်းချက်ရှိလို့လဲ.. "
"သူ့မှာ အဖေမရှိဘူးတဲ့.. "
"အမလေး.... လောကကြီးမှာ အဖေမရှိတဲ့
ကလေးတွေမှ တစ်ပုံကြီး"
"အဲ့လိုမျိူးမဟုတ်ဘူး Jen
ရဲ့..... သူက
အဖေမပေါ်ပဲ မွေးတာ"
Jenစိတ်မကောင်းပေမဲ့ ထိုမိုက်ရိုင်းကောင်ကိုတော့
တော်တော်မုန်းပါသည်။ ထို့နောက် Kai က
"ငယ်ငယ်လေးကတည်းက အသိုင်းဝိုင်းကြားမှာ
အနှိမ်ခံဘဝနဲ့ ​နေလာရတော့.. သိမ်ငယ်စိတ်၊
နာကျည်းစိတ်တွေရောပြီး မုန်းတီးတဲ့စိတ်နဲ့
ဘယ်သူ့ကိုမှအကောင်းမမြင်တော့တာဆိုပဲ..
ကျောင်းသားဘဝမှာလဲ ပြဿနာမျိုးစုံရှာခဲ့တာ...
သူ့အမေကတော့... နောက်ကငွေထုပ်ပိုက်ပြီး
လိုက်ရှင်းပေးတဲ့အထိကို ချစ်ရှာပါတယ်.. "
"မလုပ်ပါနဲ့..လို့တားရင် ပိုပြီး လုပ်တတ်တဲ့လူမျိုး "
"ကိုယ့်သူငယ်ချင်းက သူနဲ့တွေ့ရင်တောင်
ဝေးဝေးရှောင်ဖို့ သတိပေးထားတာ..
သူနဲ့ထိပ်တိုက်တွေ့တဲ့လူတိုင်း ...
အရှုံးပေးရတာကြီးပဲတဲ့.."
"နောက်တစ်ခုက.. သူက သိပ်ပြီးတော့
အငြိုးအတေးကြီးတဲ့ လူမျိုး.. "
"အို..... သူဘာသူ ဘာကောင်ဖြစ်နေနေ ..
Jenကတော့ မကြောက်ဘူး..လူရှေ့သူရှေ့မှာ
သူ့ကြောင့် အရှက်ကွဲခဲ့ရတာတွေ အားလုံးအတွက်
ဒီကောင့်ကို ဒီတစ်သက် မကျေဘူး.. "
Kaiဘဲ သက်ပြင်းချနေရုံမှတစ်ပါး မည်သို့မျှ
မတတ်နိုင်ချေ။ Jenအကြောင်းကိုလည်း
သူသိတာကြောင့်။

When the Heart is &quot; WIN &quot;💛Where stories live. Discover now