[ Unicode ]"Oppa....Oppa....
အီး..... "Manoban တစ်ယောက်အခန်းထဲက
သော်လည်း Jenမှာအငိုမတိတ်။
Kaiကိုသာ တ၍အခန်းထဲ၌ ငိုနေလေ၏။Manobanတစ်ယောက် သူ၏
ရုံးခန်းတွင် ထိုင်ကာအလုပ်လုပ်နေလေ၏။
တစ်ဖက်တွင်တော့ Jenတစ်ယောက်
Manobanအား မည်သို့
လက်စားချေရမည်ကို တွေးတောနေလေ၏။Manoban ရုံးမှအပြန်
အိမ်၏ ဆင်ဝင်အောက်သို့
ကားထိုးရပ်လိုက်သည်နှင့် သူ၏တပည့်
နှစ်ယောက်က ကြိုနေလေ၏။"ဆရာ မှာထားတဲ့အတိုင်း ဆရာ့မိန်းမကို
ကျွန်တော်တို့ စောင့်ကြည့်ထားပါတယ်ခင်ဗျ""အခန်းပြင်လဲမထွက်ဘူး.....
ထမင်းသွားပို့တော့လဲ.....လုံးဝမစားဘူးဗျ""မစားလဲနေပစေပေါ့ကွာ.....
သူနေတဲ့အခန်းထဲက ရေခဲသေတ္တာထဲမှာ
စားစရာအပြည့် ထည့်ပေးထားတယ်...
ဗိုက်ဆာရင် သူ့ဖာသူယူစားလိမ့်မယ်...."ထိုသို့ပြောကာ အိမ်ထဲသို့သာ
ဝင်သွားလေတော့ တပည့်နှစ်ယောက်မှာကြောင်တောင်တောင်နဲ့ ကျန်ခဲ့၏။---------+++++----------+++++------
"သမီးလေး ပျောက်သွားတာ
သုံးရက်တောင်ရှိနေပြီ....
ရှင်တွေ့အောင်မရှာနိုင်ဘူးလား
ယောက်ျားရယ်..."Jenမေမေတစ်ယောက်
Jenပျောက်သွားပြီး ရှာမတွေ့တာကြောင့်
ငိုကာ ယောက်ျားဖြစ်သူအား
အပြစ်တင်နေလေသည်။"ပျောက်သွားကတည်းက ရဲတိုင်ပါလို့
သားပြောတာပဲဗျာ...."Jen၏ အကိုဖြစ်သူ G -D က
ထိုသို့ပြောလေတော့....."ဘယ်ရဲက ယုံရလို့လဲသားရယ်...."
"ဟူး............" G -Dထံမှ သက်ပြင်းချသံ
သဲ့သဲ့ထွက်လာ၏။ ထို့နောက်ဆက်၍..."Kai...မင်း Jenနဲ့ ပြဿနာဖြစ်ဘူးတဲ့သူကို
သိတယ်ဆို မစုံစမ်းကြည့်ဘူးလား....""ကျွန်တော် သူ့Companyကို သွားပြီး
စုံစမ်းကြည့်တော့လဲ ဘာမှမသိရဘူးဗျာ...""သူ....နေ့တိုင်းရုံးတက်ပြီး ပုံမှန်အတိုင်းပဲ
နေ နေတော့.....သူ့လက်ချက်မဟုတ်ဘူးလို့
ကျွန်တော်ထင်တယ်..."
YOU ARE READING
When the Heart is " WIN "💛
Fanfictionငါ့ကို အဲ့ဒီနေ့က Coffee နဲ့ပက်ခဲ့တဲ့အတွက် တစ်သက်လုံး မင်းကိုမုန်းတဲ့စိတ်နဲ့ပဲ နေသွားတော့မှာ