ep(1)[uni]🐶

158 8 0
                                    


ပင်ပမ်းလွန်းတယ်ကလေးငယ် ep(1). ..

ခင်ဗျားတို့တွေသိပ်ကိုမြိုသိပ်နိုင်လွန်းသူတွေနဲ့ကြုံဖူးလား?
ကျွန်တော်ကတော့ကြုံဖူးတယ်သိပ်ကိုမြိုသိပ်နိုင်လွန်းတဲ့ကောင်လေးတစ်ယောက်နဲ့ပေါ့...

💠💠💠
ကိုယ်လာနေပါပြီ...
မင်းငိုမနေပါနဲ့တော့

ကိုယ်ရောက်နေပြီလေ
ပွေ့ဖက်ပြီးကြိုဆိုပါအုန်း...

ကိုယ်ရှိနေတယ်မင်းရဲ့အနားနားမှာ
နာကျင်ခဲ့ရသမျှပြန်တိုင်ပါအုန်းလား...ကလေးငယ်

✳✳✳
နိုဝင်ဘာ13ရက်နေ့က
ကျနော့်အသက်32နှစ်ပြည့်တဲ့နေ့ပေါ့...

မွေးနေ့ကိတ်တွေနဲ့ဘာတွေနဲ့
မွေးနေ့လုပ်ဖို့ကလည်းအသက်က30ကျော်ပြီလေ...

ကျနော့်တူတွေ၊တူမတွေတောင်
ကလေးရကုန်ပြီ...

မိန်းမမယူသေးဘူးလားလေးလေးဆိုပြီး
စနောက်နေလည်းကျနော်အိမ်ထောင်ရေးကိုမလှည့်နိုင်သေးဘူး...

မွေးနေ့တိုင်းဘုရားသွားနေကြမို့
ယနေ့လည်းအိမ်နဲ့မဝေးတဲ့ စေတနာ ဘုရားမှာပန်းရေချမ်း၊ဆီမီးကပ်လှူပြီးကောင်းမှူကုသိူလ်လုပ်ဖို့ထွက်လာခဲ့တာပေါ့...

ဘုန်း!

ဒီနှစ်မွေးနေ့ကတော့ကံမကောင်းတဲ့နှစ်ဟုဆိုရမလားပေ...မနေ့ကမှအသစ်ဝယိထားတဲ့အိကျီဖြူဖြူလေးဟာအခုတော့ဖြင့်ရွှံ့တွေပေလို့ပုဆိုးအပြာလေးလည်းကြည့်မကောင်းတော့ ကျနော်စိတ်ပေါက်ပေါက်နဲ့လာဝင်တိုက်တဲ့ကလေးကိုအော်ငေါက်လိုက်တော့တယ်...

"လူတစ်ယောက်လုံးကိုမမြင်ဘူးလား?"

ကျနော်အော်လိုက်တာနဲ့ချက်ချင််းခေါင်းငုံ့သွားတယ်ခန္ဓာကိုယ်ကညှက်တော့တခြားကျောင်းသားတွေအနိုင်ကျင့်တာခံရတယ်ထင်ရဲ့ သူ့ရဲ့ကျောင်းဝတ်စုံလေးကလည်းမင်ရေတွေစွန်းလို့...

"ဟျောင့်တွေဂြိုလ်ဆိုးကတော့သူများကိုဒုက္ခပေးလိုက်ပြန်ပြီ''

အသံကြားရာလှည့်ကြည့်လိုက်တော့လူမိုက်ပူံစံနဲ့ကျောင်းသားသုံးယောက်...

"ဦးလေးအဲ့ကောင်နားမကပ်နဲ့အဲ့ကောင်ကဂြိုလ်ဆိုး''
"ဟုတ်တယ်အဲ့ကောင်ကသူ့မိဘတွေကိုပြန်သတ်တဲ့ကောင်''

ပင်ပန်းလွန်းတယ်ကလေးငယ်...🌠Where stories live. Discover now