ပင်ပမ်းလွန်းတယ်ကလေးငယ် ep(1). ..ခင်ဗျားတို့တွေသိပ်ကိုမြိုသိပ်နိုင်လွန်းသူတွေနဲ့ကြုံဖူးလား?
ကျွန်တော်ကတော့ကြုံဖူးတယ်သိပ်ကိုမြိုသိပ်နိုင်လွန်းတဲ့ကောင်လေးတစ်ယောက်နဲ့ပေါ့...💠💠💠
ကိုယ်လာနေပါပြီ...
မင်းငိုမနေပါနဲ့တော့ကိုယ်ရောက်နေပြီလေ
ပွေ့ဖက်ပြီးကြိုဆိုပါအုန်း...ကိုယ်ရှိနေတယ်မင်းရဲ့အနားနားမှာ
နာကျင်ခဲ့ရသမျှပြန်တိုင်ပါအုန်းလား...ကလေးငယ်✳✳✳
နိုဝင်ဘာ13ရက်နေ့က
ကျနော့်အသက်32နှစ်ပြည့်တဲ့နေ့ပေါ့...မွေးနေ့ကိတ်တွေနဲ့ဘာတွေနဲ့
မွေးနေ့လုပ်ဖို့ကလည်းအသက်က30ကျော်ပြီလေ...ကျနော့်တူတွေ၊တူမတွေတောင်
ကလေးရကုန်ပြီ...မိန်းမမယူသေးဘူးလားလေးလေးဆိုပြီး
စနောက်နေလည်းကျနော်အိမ်ထောင်ရေးကိုမလှည့်နိုင်သေးဘူး...မွေးနေ့တိုင်းဘုရားသွားနေကြမို့
ယနေ့လည်းအိမ်နဲ့မဝေးတဲ့ စေတနာ ဘုရားမှာပန်းရေချမ်း၊ဆီမီးကပ်လှူပြီးကောင်းမှူကုသိုလ်လုပ်ဖို့ထွက်လာခဲ့တာပေါ့...ဘုန်း!
ဒီနှစ်မွေးနေ့ကတော့ကံမကောင်းတဲ့နှစ်ဟုဆိုရမလားပေ...မနေ့ကမှအသစ်ဝယိထားတဲ့အိကျီဖြူဖြူလေးဟာအခုတော့ဖြင့်ရွှံ့တွေပေလို့ပုဆိုးအပြာလေးလည်းကြည့်မကောင်းတော့ ကျနော်စိတ်ပေါက်ပေါက်နဲ့လာဝင်တိုက်တဲ့ကလေးကိုအော်ငေါက်လိုက်တော့တယ်...
"လူတစ်ယောက်လုံးကိုမမြင်ဘူးလား?"
ကျနော်အော်လိုက်တာနဲ့ချက်ချင်းခေါင်းငုံ့သွားတယ်ခန္ဓာကိုယ်ကညှက်တော့တခြားကျောင်းသားတွေအနိုင်ကျင့်တာခံရတယ်ထင်ရဲ့ သူ့ရဲ့ကျောင်းဝတ်စုံလေးကလည်းမင်ရေတွေစွန်းလို့...
"ဟျောင့်တွေဂြိုလ်ဆိုးကတော့သူများကိုဒုက္ခပေးလိုက်ပြန်ပြီ''
အသံကြားရာလှည့်ကြည့်လိုက်တော့လူမိုက်ပူံစံနဲ့ကျောင်းသားသုံးယောက်...
"ဦးလေးအဲ့ကောင်နားမကပ်နဲ့အဲ့ကောင်ကဂြိုလ်ဆိုး''
"ဟုတ်တယ်အဲ့ကောင်ကသူ့မိဘတွေကိုပြန်သတ်တဲ့ကောင်''
ESTÁS LEYENDO
ပင်ပန်းလွန်းတယ်ကလေးငယ်...🌠
De Todoအားလုံးပဲမင်္ဂလာပါ...🍓 🌊ရဲ့short storyတစ်ပုဒ်ဈေးဗန်းခင်းချင်ပါတယ်... ကြိုပြောထားပါမယ်ဆွေးတာတွေမကြိုက်ရင်တော့ မကြည့်ပါနဲ့နော်... ဒီShort storyလေးမှာအဓိကဇာတ်ကောင်လေးဖြစ်တဲ့ "ဟိန်းသော်ယံ"ရဲ့ဘ၀လေးကိုရင်နင့်ဖွယ်ရေးသားသွားမှာပါ... Boy loveကလေးပါ... ချစ်...