တကယ်လို့~~~

336 18 3
                                    

Uni
=====
ဂျိန်းခနဲမိုးခြိမ်းသံက ကျမကိုအိပ်နေရာမှလန့်နိုးသွားစေသည်။မိုးတွေရွာနေပြီ ကလေးတော့ကြောက်နေတော့မှာပဲ။အတွေးနဲ့အလုပ်ညီစွာ
ကုတင်ဘေးကအဝတ်အပါးလေးဝတ်ကာ အိမ်အပြင်ပြေးထွက်မိသည်။ဒီကောင်မလေး...ညဘက်ကြီးဘယ်ကိုသွားမလို့လဲ...ထီးယူသွားဦးလေဆိုတဲ့
အမေရဲ့အော်သံကိုလဲဂရုမစိုက်မိ။

""မမလာနေပြီမို့လို့ ကလေးခနလေးပဲတောင့်ခံထားပေးပါ....""မိုးရေကြောင့် အဝတ်တို့ကခန္ဓာကိုယ်မှာ ကပ်နေသည်ကိုသိသော်လဲ ဂရုမစိုက်ပြေးလွှားနေမိသည်။

""မ...ကျနော်မိုးခြိမ်းသံကိုကြောက်တယ်...""မိုးတွေရွာနေခဲ့တဲ့ ညတစ်ညမှာ ကျမနားနားကိုကပ်တာ
ခပ်တိုးတိုးပြောခဲ့တဲ့မောင့်ရဲ့စကား။
""မ..မသာကျနော့်အနားကထွက်သွားခဲ့မယ်ဆိုရင် ကျနော်ကိုယ့်ကိုယ်ကို သတ်သေလိုက်မယ်။ကျနော့်မှာ မပဲရှိတာမို့လို့ကျနော့်ကိုမထားခဲ့ပါနဲ့မနော်...""ကျမနဲ့ရည်းစားဖြစ်စကပြောခဲ့တဲ့မောင့်စကားတွေ.......
ကလေးအရွယ်ကပြောတဲ့စကားတွေမို့ ကျမရယ်ခဲ့မိတယ်။ကျမရယ်တော့မောင်က ကျမကိုကြည့်လို့ဘာမှမပြောခဲ့ဘူး။

ကျမရဲ့မိုး​ရေထဲလှမ်းနေတဲ့ခြေလှမ်းတွေက မောင့်ကိုမြင်တော့ရပ်တန့်သွားခဲ့တယ်။

""တောင်းပန်ပါတယ်မောင်....မနောက်ကျသွားတယ်...""တဖက်ကတော့ပြန်ဖြေသူမဲ့လို့...။ရှိုက်သံတွေက မိုးခြိမ်းသံအောက်မှာပျောက်ကွယ်သွားတယ်။မျက်ရည်တွေက မိုးရေတွေနဲ့ရောထွေးလို့...

""မောင်....မကလေမောင့်ကိုမချစ်လို့မဟုတ်ရပါဘူး...."""

""မမှာလဲရွေးချယ်စရာမရှိခဲ့ဘူးမောင်ရဲ့....မောင်သိရဲ့လား....မမှာရွေးချယ်စရာမရှိခဲ့ဘူးမောင်ရဲ့...."""
မိုးရွာနေတဲ့ညမှာ ကျမရှင်းပြလဲ
မကြားနိုင်တော့မယ့် သူကိုပြောနေမိတယ်။

""ဆင်းရဲသားရက်ကွက်မှာနေတဲ့မက မောင့်အဆင့်အတန်းနဲ့မလိုက်ဖက်ဘူးတဲ့ မကမောင့်တတ်လမ်းတွေကိုပိတ်နေတာတဲ့...မောင်""

ကျမကဘာပြန်ပြောနိုင်ခဲ့မှာတဲ့လဲ။ကျမ ချစ်တဲ့သူကို ကျမကိုယ်တိုင်ကဒုက္ခဖြစ်စေခဲ့တာလေ။
လမ်းခွဲမယ်လို့ပြောလိုက်တော့ ကျမရဲ့ခါးကိုအတင်းဖက်ကာ တားခဲ့တဲ့မောင် မောင့်လက်ကိုအတင်းဖြုတ်ချကာထွက်သွားခဲ့တဲ့ကျမ
တကယ်လို့အဲ့နေ့ကသာ မောင်နဲ့တွေ့တာ
နောက်ဆုံးနေ့ ဖြစ်မှန်းသိခဲ့ရင်~~~
တကယ်လို့အဲ့နေ့ကသာ မောင်အထိအတွေ့တွေကကျမအတွက် နောက်ဆုံးဖြစ်မှန်းသိခဲ့ရင်~~~
တကယ်လို့မောင်နဲ့ကျမလမ်းမခွဲဖြစ်ခဲ့ရင်~~~
ကျမအမေသာ...နှလုံးအစားထိုးဖို့မလိုခဲ့ရင်~~~
တကယ်လို့ မောင့်အဖေနဲ့အမေသာမောင်နဲ့သဘောတူခဲ့ရင်~~~
သုံးနှစ်တောင်....ကြာခဲ့ပြီမောင်~~
အချိန်ကြာရင် မေ့သွားလိမ့်မယ်ပြောကြတယ်
ကျမအတွက်တော့ ခံစားချက်တွေက
မနေ့တနေ့ကလို~~လတ်ဆက်တုန်းပဲ
မိုးခြိမ်းတာကိုကြောက်တဲ့မောင်ကြောင့်
မိုးရွာတိုင်း...မောင့်ဆီအပြေးလာမိတုန်းပဲ
လာတိုင်းပြိုလဲကျသွားလေ့ရှိတဲ့ ခန္ဓာကိုယ်လေးကို
အဖြူရောင်လေးအုတ်ဂူလေးက ထိန်းပေးလို့ပေါ့~

တကယ်လို.~~~Where stories live. Discover now