(ကမ္ဘာကြီးကိုစိုးမိုးနည်း)ကမ႓ာႀကီးကိုစိုးမိုးနည္း

2K 214 16
                                    

Unicode

01

ဟိုးရှေးရှေးတုန်းက ပင်လယ်ဓါးပြခေါင်းဆောင်တစ်ယောက်ရှိသတဲ့။ ပင်လယ်ဓါးပြခေါင်းဆောင်ကြီးမှာ မူတစ်ခုရှိတယ်။ အဲ့ဒါက သူဟာ ပင်လယ်ဓါးပြတွေဆီကပဲ ပြန်ဓါးပြတိုက်မယ် ဆိုတာပါပဲ။ဘာပဲဖြစ်ဖြစ် ပင်လယ်ဓါးပြတွေက မကောင်းတာမှန်သမျှ လုပ်နေကြတာဆိုတော့ သူတို့ဆီကနေ ပြန်ဓါးပြတိုက်တာက မကောင်းတာမှ မဟုတ်ပဲ။

ဒါပေမယ့်လည်း ပင်လယ်ထဲမှာက ပင်လယ်ဓါးပြတွေက အများကြီး မရှိလှဘူး။ဒီတော့ ပင်လယ်ဓါးပြတွေကိုပဲ ဓါးပြတိုက်ဖို့လုပ်ထားတဲ့ ခေါင်းဆောင်ကြီးဟာ မကြာခဏဆိုသလို လုပ်စရာအလုပ်မရှိလေဘူး။ဒါကြောင့်လည်း သူတို့က ချမ်းသာမလာကြဘူး။သူတို့ဟာ ဆင်းရဲမြဲဆင်းရဲပြီးတော့ တစ်နှစ်ပတ်လုံး ပင်လယ်ထဲမှာပဲ ရွက်လွှင့်နေခဲ့ကြတယ်။

သူဟာ ရုပ်လေးတော့ ကြည့်ကောင်းပေမယ့် အက်ဖ်အေကြီး ဖြစ်ခဲ့တာ နှစ်ပေါင်းထောင်ချီနေပြီ။သူ့လက်အောက်က ပင်လယ်ဓါးပြငယ်လေးတွေက အလွန်တရာ စိုးရိမ်လာတာကြောင့် သူတို့ရဲ့ ခေါင်းဆောင်အတွက် ဇနီးတစ်ယောက်ကို အတော်ကြီးကိုရှာပေးနေချင်ကြတယ်။

တစ်နေ့မှာတော့ ဆင်းရဲသား ပင်လယ်ဓါးပြခေါင်းဆောင်ကြီးဟာ အခွင့်အရေးကိုရှာဖွေဖို့ အတွက် တစ်ခြားပင်လယ်ဓါးပြသင်္ဘောတွေထွက်အလာကို ဆက်စောင့်ကြည့်နေတုန်း သူ့ရဲ့ လက်အောက်ငယ်သားတွေကတော့ ပိုက်ကွန်နဲ့ ငါးဖမ်းနေလေတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပင်လယ်ဓါးပြသင်္ဘောကြီးက ဘုံငွေမှ မဖွင့်နိုင်ကြတာကိုး။

ထိုစဥ်မှာပဲ ပင်လယ်ဓါးပြအငယ်လေးက ကြွေးကြော်လိုက်တယ်။

"ကျွန်တော် ရေသူတစ်ကောင်ဖမ်းမိပြီ!"

ပင်လယ်ဓါးပြတွေက ​အပြေးအလွှားနဲ့စုဝေးကုန်တယ်။ ခေါင်းဆောင်ကြီးတောင်မှ လာကြည့်လိုက်သေးတယ်။
02

အဲ့ဒါက တကယ့်ရေသူပဲ။ လုံးဝကိုလှပတဲ့မျက်နှာသွင်ပြင်လေးနဲ့အတူ အလွန်တရာကောင်းမွန်တဲ့အပေါ်ပိုင်းခန္ဓာကိုယ်ပုံစံရှိလေတယ်။ အောက်ပိုင်းခန္ဓာကိုယ်အတွက်ကတော့ ကြီးမားထွားကျိုင်းပြီးတော့ ချစ်စရာကောင်းတယ်လို့ပဲ ဖော်ပြရမှာပါပဲ။

🎉 You've finished reading (ကမ္ဘာကြီးကိုစိုးမိုးနည်း)ကမ႓ာႀကီးကိုစိုးမိုးနည္း (Completed)ဘာသာပြန် 🎉
(ကမ္ဘာကြီးကိုစိုးမိုးနည်း)ကမ႓ာႀကီးကိုစိုးမိုးနည္း (Completed)ဘာသာပြန်Where stories live. Discover now