ကျွန်မနာမည် JC ပါ.....
ကျွန်မ ဒီနေ့ အတော်လေးကိုအူမြူးနေမိတာ
ဘာလို့ဆို ကျွန်မရဲ့ ပထမဆုံးသောရည်မှန်းချက်လေးကို အကောင်အထည်ဖော်လိုက်နိုင်လို့ပါပဲ...."Thammasat Universuty"
ကျောင်းဝင်းထဲကိုရောက်တော့ ကျွန်မ လက်ကလေး (၂) ဖက်ကိုဆန့်၊ ခေါင်းလေးကိုမော့ရင်း အားရပါးရပြုံးလိုက်မိတယ်
ဘေးနားကဖြတ်သွားဖြတ်လာ ကျောင်းသား၊ကျောင်းသူတွေကတော့ ကျွန်မကို "စိတ်ရောမှန်ရဲ့လား" ဆိုတဲ့အကြည့်နဲ့....
ခုချိန်မှာ ဘယ်သူတွေဘယ်လိုမြင်မြင် ကျွန်မဂရုမစိုက်ဘူး
ကျွန်မ အရမ်းကိုတွေ့ချင်နေတဲ့ မျက်နှာလေးကို ခုချိန်ကစပြီး တဝကြီးငေးကြည့်ခွင့်ရတော့မယ်ဆိုတဲ့အသိနဲ့တင် လူက တိမ်တွေပေါ်ရောက်နေသလို ပေါ့ပါးနေတော့တာ....
ကျွန်မ ခုလောက်ထိပျော်မြူးနေအောင် အရမ်းတွေ့ချင်နေတဲ့သူလေးက ဘယ်သူလဲ သိလား?သူ့နာမည်က Bright Vachirawit လို့ခေါ်တယ်
အထက်တန်းကတည်းက ကျွန်မကြိတ်ကြွေခဲ့ရတဲ့သူပေါ့...
အတန်းချင်းတူပေမယ့် သူက ကျွန်မထက် (၁) နှစ်လောက်ကြီးတာမို့ သူ့ကို စိတ်ထဲကနေ "အစ်ကို" လို့မြတ်မြတ်နိုးနိုးခေါ်ရတာကိုသဘောကျတယ်
သူ့အကြောင်းတွေ နေ့စဥ်နဲ့အမျှ ဒိုင်ယာရီ ထဲရေးဖြစ်တယ်
တစ်ခါတစ်ခါ ချစ်စနိုးနဲ့ "တောက်ပလေး" ဆိုပြီးခေါ်လေ့ရှိသေးတယ်
ဒါပေါ့....သူက ကျွန်မဘဝရဲ့ တောက်ပနေတဲ့အနာဂတ်လေးပဲလေ...."Faculty Of Economics"
အခန်းရှေ့ရောက်တော့ ကျွန်မရင်တွေ တဒိတ်ဒိတ်ခုန်လာတော့တာ...
သူ TU ရဲ့ "Faculty Of Economics" ကိုလျှောက်မယ်ဆိုတာသိလို့ ကျွန်မ အသည်းအသန်ကြိုးစားခဲ့ရတာလေ
ခုတော့ကျွန်မရဲ့ ပထမခြေလှမ်းလေး အောင်မြင်သွားခဲ့ပြီ
အခန်းထဲဝင်လိုက်တော့ အထက်တန်းကတည်းက ကျောင်းကိုစောပြီးရောက်လေ့ရှိတဲ့ အစ်ကိုက ရောက်နှင့်ပြီးနေပြီ
အတန်းက roll (4) ခုရှိပြီး အလယ် (2) roll က (2) ခုံတွဲနဲ့ ဘေး (2) roll က တစ်ခုံစီ
အစ်ကိုက second roll ရဲ့ ပထမခုံမှာထိုင်နေတာမို့
ကျွန်မလည်း နေရာဝေ့ဝိုက်ကြည့်လိုက်ရင်း သူ့ကိုငေးကြည့်ဖို့ အသင့်တော်ဆုံးနေရာဖြစ်တဲ့ first roll ရဲ့ ဒုတိယခုံမှာ ဝင်ထိုင်လိုက်တယ်