နေ့လည် ထမင်းစားချိန်ရောက်တော့ Canteen မှာ အစ်ကိုက အရင်လိုတစ်ယောက်တည်း ထမင်းစားနေတုန်း Win က ပန်းကန်လေးကိုင်ပြီး မျက်နှာချင်းဆိုင်ကခုံဆီ ရောက်ချလာတော့တယ်
"မင်းက ငါ့ခေါ်ရမှန်းတောင်မသိဘူး"
"မင်းဗိုက်နဲ့မင်း၊ ငါ့ဗိုက်နဲ့ငါပဲကို
ငါဆာတဲ့အချိန် ငါလာစားမှာပေါ့
မင်းလည်း မင်းဆာတဲ့အချိန် မင်းဘာသာစားပေါ့
နေရာမသိတာလည်းမဟုတ်"Bright ပြောလိုက်တဲ့စကားကြောင့် Win ခမျာ ထိုင်ပဲထိုင်ရမလို ၊ထပဲထရမလိုနဲ့ နင် သွားတော့တယ်
ဒါပေမယ့်လည်း ဘယ်ရမလဲ
Metawin တဲ့၊ တစ် Win တည်းရှိတယ်
လွယ်လွယ်နဲ့အလျှော့ပေးတတ်ရင် ငါ့နာမည် Win ဘယ်ဟုတ်တော့မလဲနဂိုခေါင်းမာတတ်တဲ့ စရိုက်လေးအတိုင်း Bright ဘာပြောပြော သည်းခံပြီး ရအောင်ပေါင်းမယ်လို့ စိတ်ကူးကာ သူ့ရှေ့တည့်တည့်မှာဝင်ထိုင်ပြီး အားရပါးရ စားပြလိုက်တော့တယ်
Bright ကတော့ သူ့ေရှ့အငမ်းမရ ထိုင်စားနေတဲ့ Win ကိုကြည့်ကာ "ဒီကောင်ကတော့ လွယ်မနေဘူး" ဆိုတဲ့သဘောမျိုးနဲ့ ခေါင်းလေးဖြေးဖြေး ခါလိုက်တယ်ထမင်းစားပြီး Bright ကအရင် ထသွားတာမို့ Win တစ်ယောက် လက်ကျန်လေးအမြန်ရှင်းရင်း (၅) မိနစ်လောက်ကြာတော့ အတန်းထဲပြန်လစ်လာခဲ့လိုက်တယ်
ဒါပေမယ့် သူအတန်းထဲရောက်တော့ Bright ကရှိမနေတာမို့ ဘယ်များသွားနေလဲ ဆိုပြီး ဟိုဟိုသည်သည် လိုက်ကြည့်နေမိတယ်သူ အစ်ကို့ကို ရှာနေမှန်းရိပ်မိတာမို့ ကျွန်မက စကားစလိုက်တယ်
"Hey.....Win
နင် အစ်ကို Bright ကိုရှာနေတာလားဟင်""အင်း
ဟုတ်တယ်
သူဘယ်သွားတာလဲဟင်
ခုနကမှထမင်းအတူစားနေတာကို""အင်း
သူက ထမင်းစားပြီးလို့ အချိန်ပိုနေသေးရင် Library မှာစာအုပ်သွားဖတ်လေ့ရှိတယ်
ကိစ္စရှိရင်အဲ့မှာ သွားရှာကြည့်လိုက်နော်""ဟုတ်လား
ဒါနဲ့ နင့်နာမည်က ဘယ်လိုခေါ်လဲ
သူ့အကြောင်းသိလှချည်လား
နင်တို့က သူငယ်ချင်းတွေလား""နင်မြင်တဲ့အတိုင်းပဲလေ
သူ့လိုလူမျိုးနဲ့ သူငယ်ချင်းဖြစ်နိုင်မယ်ထင်လို့လား
ငါနဲ့က အထက်တန်းနောက်ဆုံးနှစ်တုန်းက တစ်ခန်းတည်းအတူတက်ဖူးတာမို့ ၊နောက်ပြီး သူကတခြားကျောင်းသားတွေထက်လည်းထူးခြားတာမို့သိနေတာ
ငါ့နာမည်က August JC
JC လို့ပဲခေါ်လို့ရတယ်"