(ကျရှုံးခြင်း နိဒါန်း)

90 7 1
                                    

အတော်လေးကြာတော့ အစ်ကိုက ပန်းပင်တွေကို ရေလောင်းပြီး အိမ်ထဲကိုဝင်လာတယ်
အန်တီက ကျွန်မနဲ့ မိတ်ဆက်ပေးဖို့ သူ့ကိုလှမ်းခေါ်လိုက်တယ်
"သားရေ....ခဏလာပါအုံးကွယ်
ဒီမှာ သားနဲ့မိတ်ဆက်ပေးမလို့"

အစ်ကိုက ခဏစိုက်ကြည့်လိုက်ပြီး
"ကျွန်တော် သိပြီးသားပါ မား
ကျွန်တော်လုပ်စရာလေးရှိသေးလို့ အပေါ်တက်နှင့်တော့မယ်"

"ဟဲ့...ဪ
ဒီကလေးကတော့...
စကားတောင်ဆုံးအောင်နားမထောင်ဘူး"

အစ်ကိုကတော့ ပြောပြီးတာနဲ့ တစ်ချက်လေးတောင်လှည့်မကြည့်တော့ဘဲ အပေါ်ကိုတက်သွားတော့တယ်
အန်တီကတော့ ကျွန်မကို အားနာသလိုကြည့်လိုက်ရင်း

"စိတ်ထဲမထားနဲ့ သမီးရေ
သားကအဲ့လိုပဲ
မိန်းခလေးတွေနဲ့ ရင်းရင်းနှီးနှီး မနေဖြစ်၊မပြောဖြစ်တာကြာပြီမို့လေ"

"အာ...ရပါတယ် အန်တီရဲ့
သမီး သူ့အကြောင်းသိပါတယ်
သူကကျောင်းမှာလည်း အဲ့လိုပဲလေ
စာပဲဂရုစိုက်တတ်တာ"

"သမီးက သားလေးအကြောင်းသိပ်သိတာပဲကွယ်
ကဲကဲ....သမီးလည်းပင်ပန်းနေလောက်ပြီ
အခန်းထဲသွားနားတော့နော်
မနက်ကျောင်းသွားရအုံးမှာဆိုတော့"

"ဟုတ်...အန်တီ"

အခန်းထဲရောက်တော့ ခုနက အန်တီပြောတဲ့ စကားရဲ့ အနက်ကို တွေးနေမိပြန်တယ်
"မိန်းခလေးတွေနဲ့ ရင်းရင်းနှီးနှီး မနေဖြစ်၊မပြောဖြစ်တာကြာပြီ" ဆိုတော့
အရင်က ရင်းရင်းနှီးနှီး နေခဲ့ဖူးတယ် ဆိုတဲ့သဘောလား
ခုလို အေးတိအေးစက် နေနေတဲ့အကြောင်းအရင်းများရှိနေမလား
အာ...ထားပါတော့လေ
အနေနီးရင် ရင်းနှီးသွားမှာပါ
နောက်တော့လည်း အဆင်ပြေသွားမှာပါ
ဘာပဲဖြစ်ဖြစ် ကိုယ်ချစ်ရတဲ့သူနဲ့ အနီးဆုံးကိုရောက်လာခဲ့တာ နည်းတဲ့ကံလား

လူလည်း ပင်ပန်း‌ေနပြီမို့ ကျွန်မ ဆက်မတွေးတော့ဘဲ အိပ်လိုက်တော့တယ်
ထူးဆန်းစွာပဲ အိပ်ယာပြောင်းအိပ်ရင် အိပ်ပျော်လေ့မရှိတဲ့ ကျွန်မ ဒီညတော့ နှစ်နှစ်ခြိုက်ခြိုက် ကြီးကို အိပ်ပျော်သွားတော့တယ်...

~~~

နောက်နေ့မနက် ကျွန်မ အောက်ထပ်ကိုဆင်းလာတော့ အန်တီက မီးဖိုချောင်ထဲ မနက်စာပြင်ရင်း အလုပ်တွေရှုပ်နေလေရဲ့

𝙄𝙛 𝙄 𝙒𝙚𝙧𝙚 𝙃𝙞𝙢 💔Where stories live. Discover now