အပိုင်း-၁။ နက်ရှိုင်းသည့်နန်းတော်(၂)
______________________________________သူမကို အရမ်းအနေနီးပေးဖို့လည်းသူမ မတောင်းဆိုမိချေ။
ထိုကလေးရှိပြီး ဆွဲဆောင်မှုရှိလှသော အစေခံမကိုဖြင့်ပုလဲလုံးလေးသဖွယ် တယုတယမြတ်နိုးကြင်နာနေပြီး အစစ်အမှန်မိဖုရားတစ်ပါးမှာ ကိုယ်လုပ်တော်လိုသာဆက်ဆံခံရလေသည်။
ဘယ်လိုပဲ နှစ်တွေအများကြီးကြာခဲ့ပြီဖြစ်ပါစေ၊
ပြန်တွေးလိုက်မိသည့် အချိန်တိုင်း သူမမှာ စိတ်ပျက်အားလျော့ခြင်းများကိုသာခံစားနေရပြီး မသိပါလျှင် ရင်ဘက်အတွင်း၌ မီးများတောက်လောင်နေသကဲ့သို့ ပူလောင်လွန်းလှပါသည်။ကံကောင်းထောက်မစွာဖြင့်၊သူမအသက်ဆယ့်သုံးနှစ်အရွယ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
ဘဝသည်တစ်ဖန်ပြန်လည်စတင်နိုင်ပြီဖြစ်သည်။
အနာဂတ်အတွက် သူမရဲ့ လမ်းကိုပြန်လည်ရွေးချယ်နိုင်ပြီဖြစ်၏။
သူမသည်ကျောက် မိသားစု၏ ညစ်ထေးရှုပ်ထွေးနေသော မည်သည့်အရေးအရာများကိုမျှ ပါ၀င်စီမံတော့မည် မဟုတ်ချေ။
မည်သူမဆိုကြိုက်နှစ်သက်ပါက ကျောက်မိသားစုသို့သွားရောက်ကာအညစ်အကြေးများကိုကူ၍ရှင်းလင်းပေးနိုင်ပါသည်။
သူမအိမ်ထောင်ပြုချင်သည်။
ဘာကြောင့်ဆို ကလေးမွေးဖို့အတွက်။
ဗျက်စောင်းရဲ့သံစဥ်ကိုအတူတကွတီးခတ်လိုသည်။
ကိုယ့်ရဲ့ ကိုယ်ပိုင်ဘ၀လေးကို အေးချမ်းစွာဖြင့်ဖြတ်သန်းရမည်။
မင်းဆက်များမည်သို့ပင်ပြောင်းလဲနေပြီး မည်သူပင် ဧကရာဇ်ဖြစ်နေပါစေ သူမနှင့်လားလားမျှမသက်ဆိုင်ပေ။
ကျန်းရှန့်သည် အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီးနောက်အနည်းငယ်ငြိမ်သက်သွားကာမှကတ်ပြားဆက်ကစားနေလိုက်သည်။
ဧကရီမိဖုရားကြီးက
"ထိပါ"
ဟုအော်ကာသူမ၏ကတ်ပြားကိုကြက်သွေးရောင်ကတ္တီပါစောင်ပေါ်တွင်ပစ်ချနေစဉ် သူမကအသာပြုံးလိုက်ပြီး
![](https://img.wattpad.com/cover/280238706-288-k12904.jpg)
ESTÁS LEYENDO
သရဖူထက်ကချစ်ဧကရီ [ဘာသာပြန်]
Ficción históricaကျန်းရှန့် နိုးလာတော့ သူမအသက် ၁၃နှစ်အရွယ်ကိုပြန်ရောက်နေမှန်းသိလိုက်ရသည်။အရင်ကဖြစ်ပျက်ခဲ့သမျှက အိပ်မက်တစ်ခုလိုပင်။သူမ အရင်လိုဖြူစင်ရိုးသားမှု မရှိစေရန်၊ ကျောက်ယီ ကိုလက်မထပ်ရန် နှင့် ဘုရင်မတစ်ပါးမဖြစ်လာစေရန်ဆုံးဖြတ်လိုက်သည်။ဒါပေမယ့် သူမနဲ့ ပတ်သတ်ဆက်နွ...