"အနီးဆုံး ဆုံမှတ်နှစ်ခု" (Part 5)
ဉီးဘုန်းရှိန် ဆေးရုံအရှေ့၌ ကားရပ်ထားပြီး ဂုဏ်လေးထံသို့ ဖုန်းဆက်လိုက်သည်။တစ်ဖက်က ချက်ချင်းကိုင်လိုက်သည်မို့ ဉီးဘုန်းရှိန် ပြုံးလိုက်မိသည် မိမိအသဲလေးလည်း မိမိအားမျှော်နေသည်ပင်။
ကို့ထံမှ ဖုန်းရသည်နှင့် ဂုဏ်ဆေးရုံ အဝသို့ ပြေးထွက်လာခဲ့သည်။
"ကို့"
"အဟား ဂုဏ်လေး ပြေးလာတာလားဟင် ချော်လဲနေပါဉီးမယ် အချစ်ရဲ့"
"မလဲပါဘူး မနက်ထဲက ကို့မျက်နှာလေးမမြင်ရတော့ လွမ်းနေတာ သိရဲ့လား"
"ဟုတ်ပါပြီဗျာ ကိုလဲ အစည်းဝေးပြီးတာနဲ့ ဟောဒီကလေးလေးဆီ တန်းပြေးလာတာဗျာ"
"ဗိုက်ဆာနေပြီ "
"လာ ကားထဲမှာပဲ စားမယ်နော် ဂုဏ်လေးအကြိုက်တွေဝယ်လာပါတယ်ဗျာ"
"အဲ့တာကြောင့်ချစ်နေရတာ မွ"ကားလေးထဲမှာပဲ ဉီးဂုဏ်နဲ့ဉီးဘုန်းရှိန်တို့ နေ့လည်စာအတူစားကြရင်း အရင်ကအကြောင်းတြွေပန်ပြောမိကြသည်။
ဉီးဘုန်းရှိန်နှင့် ဉီးဂုဏ်သိက္ခာတို့ရဲ့ စတင်တွေ့ဆုံပုံက သူများတွေလို Roဆန်ဆန်တော့မဟုတ် အချုပ်ခန်းထဲရောက်နေတာတောင် ထသတ်နေကြတဲ့ သားနှစ်ကောင်ကို အကြောင်းပြုလို့ စတင်တွေ့ဆုံခဲ့ကြခြင်းပင်ဖြစ်သည်။
"အဟင်း ကိုယ်တို့ စတွေ့တုန်းက အတော်ရယ်စရာကောင်းတာနော်"
"ဘာရယ်စရာလဲ အဲ့ဒီတုန်းက ဟိုအမွှေစိန်သားတွေကြောင့် ဘယ်လောက်စိတ်ညစ်ခဲ့ရသလဲ"
"အဲ့ဒီကောင်ဆိုးတွေကြောင့် အချစ်ကလေးနဲ့ကိုနဲ့ ဆုံခဲ့ရတာလေ သူတို့ကိုကျေးဇူးတင်ရမယ်"
"ပြန်တွေးကြည့်ရင် ရယ်တော့ရယ်ရသားနော်"
"ဟုတ်တယ်"
"ကိုယ့်မှာလေ ဂုဏ်လေးကိုစတွေ့တော့ တိုးတိုးရဲ့ ညီလေးလို့ထင်တာဗျာ "
"ပေါက်ကရတွေ"
"တစ်ကယ် ကိုယ့်စိတ်ထဲတွေးနေတာ ဒီကောင်လေးက သူ့အစ်ကိုဆီလာတော့ မိဘတွေမသိဘူးထင်ပါရဲ့ပေါ့ နောက်တော့မှ အမလေးဗျာ ကိုယ့်အချစ်ကလေးက ဆရာဝန်ကြီးဖြစ်နေပါရောလား"
"သားက အရမ်းထွားတာ သူ့ဖေဖေ ကိုလျှံ နဲ့သွားတာတာဖြစ်မယ် "
"ကိုယ့်အချစ်ကလေး ပင်ပန်းလိုက်မှာနော်"
"ဘာကိုလဲ ကိုရဲ့"
"အော် ဂုဏ်လေးအသက်ငယ်ငယ်ထဲကနေ ကလေးပိစိလေးကို ဒီအသက်အရွယ်ထိရောက်အောင် ပြုစုပျိုးထောင်လာခဲ့တာလေ လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုတွေ ဘာမှမသိခဲ့ရဘူး"
"အင်း အဲ့လိုတော့လဲမဟုတ်ပါဘူး ဂုဏ်ကိုယ်တိုင်ကလဲ စိတ်မပါတာပါ ပြီးတော့ သားကိုမြင်တာနဲ့ ပျော်နေရော ပင်ပန်းတယ်လဲမရှိပါဘူး"
"သားချစ် ဖေဖေလေးပါကွာ"
"ကို ကရော ဘာထူးလဲ သူ့သားကိုမချစ်တာကျနေတာပဲ"
"ချစ်တာပေါ့ ဒါပေမယ့် တစ်ခါတစ်ခါကျတော့ ရိုက်သတ်ချင်တယ်ဗျား အဖေ့ထက် သားတစ်လကြီးနေလို့လေ"
"အဟင်း ကို ကတော့ကွာ"
"သားကိုချစ်ပေမယ့် ဟောဒီက ကို့အချစ်ကလေးကသာ ကိုယ့်ဘဝပါ"
"တော်ပါ အပိုတွေ"
"တစ်ကယ်ပါဗျာ အလိမ်အညာမပါတဲ့ ဒီရင်ထဲက မေတ္တာတစ်ရားတွေကြောင့် ဖြစ်တည်လာတဲ့ ချစ်စကားတွေပါ ဂုဏ်ကလေးရယ်"
"ယုံရမှာလား"
"ယုံပါလိုတော့ အတင်းမတောင်းဆိုပါဘူး ဒီလူက ယုံကြည်လာအောင်သက်သေပြမှာမို့ ကိုယ့်အချစ်က စောင့်ကြည့်နေပါ"
"သူတော်တော်ဖြစ်"
"တော်တော်ဖြစ်ဆို ရင်ထဲက အချစ်ဝေဒနာ ဒီဆရာဝန်လေးကုသမှ ပျောက်မှာပါ"
"ခြွေတယ်ကွာ"
"ခြွေတယ်မပြောလေနဲ့ အချစ်ရယ် ဒီလူက မင်းကို အကြွေမခံ အမြင်မှာသာ ဝင့်ကြွားနေစေချင်သူပါ"
"ချစ်လိုက်တာခင်ဗျားရယ်"
"ဟောဒီက ဉီးဘုန်ရှိန်မာန်ကလည်း ဒီအချစ်ဆရာဝန်လေး ဉီးဂုဏ်သိက္ခာကို သိပ်သိပ်ချစ်ပါသတဲ့ ခင်ဗျာ"
"ခင်ဗျားကြောင့် ကျွန်တော်လဲ အချစ်ရူးလေးဖြစ်နေပါပြီကွယ်"
"အို ဒီအချစ်ရူးလေးကို ကိုယ်က ဟော့ဒီ အချစ်ရင်ခွင်ကြီးထဲမှာ ဖမ်းထားလိုက်မှာပေါ့ ကိုယ့်အချစ်တွေနဲ့ လုံခြုံနွေးထွေးပါစေနော် အချစ်ကလေး"
"အရမ်းချစ်တယ် ကို"
YOU ARE READING
အနီးဆုံး ဆုံမှတ်နှစ်ခု /အနီးဆုံး ဆုံမှတ်နှစ်ခု
Romanceကြီးမှဝက်သက်ပေါက်တယ် လာမပြောနဲ့ အချစ်မှာအသက်အရွယ်ကန့်သတ်ချက်မရှိဘူး မတည့်အတူနေ မမြင်ချောင်းကြည့် မတွေ့ရမနေနိုင် တွေ့ပြန်တော့လဲ သတ် အဲ့တာ မင်းနဲ့ငါပေါ့ ကြီးမှဝက်သက်ပေါက်တယ် လာမပြောနဲ့ အချစ်မှာ အသက်အရွယ်ကန့်သတ်ချက်တွေမရှိဘူး မတည့်အတူနေ မမြင်ချောင်းကြ...