##UNICODE##
ကျွန်မအသက်21မပြည့်ခင်အထိ
ကျွန်မဟာတိတ်ဆိတ်ငြိမ်သက်တဲ့
မိန်းကလေးတစ်ယောက်အချစ်အကြောင်းဆိုတာ တွေးဖို့ဝေး
စိတ်တောင်မဝင်စားဖူးခဲ့ပါ...ဒါပေမဲ့.......
အဲ့နေ့...အဲ့နေ့မှာသူ့ကိုတွေ့ခဲ့တယ်..
သူကချောတယ်..။ အဝတ်အစားအနေအထိုင်
သပ်ရပ်တယ်...။ စာတော်တယ်..။
အမျိုးသားတန်မဲ့အရမ်းအသန့်ကြိုက်တယ်...။ကျွန်မ..ကျွန်မဒါတွေကသူ့ကိုချစ်လို့ပြောမိနေတာ
မဟုတ်ဖူးနော်..။ ကျွန်မအတွေးထဲ
သူကဘယ်လိုရောက်လာမှန်းတောင်
ကျွန်မ မသိပါဘူးကျွန်မတို့က 2017နှစ်ကုန်ခါနီးလောက်လားပဲ
အဲ့မှာစတွေ့ခဲ့တယ်..။ အဲ့နေ့ကတော့
မိုးအနည်းငယ်အုံ့နေခဲ့တယ်...။ကျွန်မက မိုးကိုချစ်ပါတယ်..
မိုးရွာတော့မဲ့စဲစဲမှာ ကျွန်မက
အိမ်အပြင်ဘက်ကိုထွက်ပြီး
ခြေဦးတည့်ရာလျှောက်သွားနေခဲ့တာလေ..။အဲ့အချိန်မှာတိုက်ဆိုင်စွာမိုးတွေရွာလာတယ်..။
ကျွန်မရဲ့အလုပ်ချင်ခဲ့ဆုံးအရာတစ်ခုက
မိုးရွာထဲမှာကခုန်ချင်တယ်..။မိုးရွာထဲမှာနေရတဲ့ပျော်ရွှင်စရာခံစားချက်မျိုးပေါ့..။
ကျွန်မ ဒီတိုင်းလျှောက်လာရင်းနဲ့ပဲ
Aesthetic ဆန်ဆန်နာမည်လေးနဲ့
ကော်ဖီဆိုင်လေးတစ်ဆိုင်ကိုတွေ့ခဲ့တယ်...။ကျွန်မကအဲ့ဆိုင်လေးနားသွားမလို့ လမ်းအကူး..။
ကျွန်မအရှေ့တည့်တည့်ကနေရောက်ချလာတဲ့
စက်ဘီး တစ်စီး။ရှင်တို့ထင်ကြတဲ့အတိုင်းပါပဲ
ကျွန်မထိုစက်ဘီးနဲ့ဝင်တိုက်ခံလိုက်ရတယ်..။အရမ်းအနာကြီးမဟုတ်ပေမဲ့
ဒူးတော့နည်းနည်းပွန်းသွားတာပေါ့လေ..။အဲ့စက်ဘီးပေါ်ကကောင်လေးက
ကျွန်မဆီဆင်းလာပြီး
ကျွန်မဒူးကိုကြည့်ရှာတယ်...။"အဆင်ပြေရဲ့လား နာနေလား''
"သိပ်မနာပါဘူး ''
"ကျွန်တော်ဆေးဝယ်ပေးလိုက်မယ်နော်''
"မလိုပါဘူးကောင်လေးရဲ့
အစ်မလမ်းလျှောက်နိုင်ပါတယ်''