##ZAWGYI##
ယောင်းနဲ့တွေ့ပြီးနောက်မှာ
ကျွန်မတစ်ခုသတိထားမိလာတာက
ယောင်းကျွန်မအပေါ်ကိုသွေးအေးလာပြီ။ညတိုင်းစာပို့တတ်တဲ့ယောင်းက
အခုကျွန်မပို့ရင်တောင်သူseenမျပေတာ့ဘူး။သူတစ်ခါတစ်လေဆို ပို့ချင်မှပို့တယ်။
သူစာမပို့တိုင်းသူပေးတဲ့အကြောင်းပြချက်တွေက
'အလုပ်ရှိနေလို့''မအားလို့'
'ဘေမရှိလို့'
ဒါတွေချည်းပါပဲ..။
ကျွန်မဘက်ကနေ နေ့တိုင်းညတိုင်း
စာတွေမပြတ်ပို့နေခဲ့တယ်။ သူ့ဘက်ကစာမပြန်လာဘူး"ယောင်း ဘာလို့စာမပြန်တာလဲ''
"ညီမလေးရှိလို့''
ဒီလိုနဲ့ကြာလာတော့ ယောင်းတောင်မှမပို့ပဲနေသေးတာပဲ ကျွန်မကရောဘာလို့ပြန်ပို့ရမှာလဲဆိုပြီး
အတွေးဝင်လာခဲ့တယ်။ ကျွန်မညတိုင်းငိုနေရတာကို
မုန်းလာပြီ။ တစ်ခုခုဆို ကျွန်မသူငယ်ချင်းကို
ရင်ဖွင့်နေကျပေမဲ့ ကျွန်မပြောတောင်မပြောချင်တော့ဘူး။ ကျွန်မသူငယ်ချင်းကို အားလည်းနာမိတယ်။ကျွန်မညတိုင်းငိုကြွေးခဲ့တယ်။
မိန်းကလေးဆိုကတည်းက ချစ်သူယောကျာ်းလေးရဲ့
သည်းသည်းလှုပ်ချစ်ခြင်းကိုခံချင်တာ။
ကျွန်မလည်းအချို့တွေလိုအချစ်ခံချင်တယ်အရင်က ယောင်းနဲ့တွေ့ချိန်မှာတော့
ကျွန်မတို့ကတကယ်ပျော်ဖို့ကောင်းခဲ့တာပေါ့။ဒါပေမဲ့ အခုတော့မဟုတ်တော့ဘူး။
"ယောင်းအားလား စကားပြောရအောင်''
"ဘယ်သူနဲ့မှစကားပြောချင်စိတ်မရှိဘူး''
"အော်...အင်းအင်း ယောင်းအဆင်ပြေရင်
ပြန်လာပြောနော်''ယောင်းကအမြဲကျွန်မကိုလျှစ်လျူရှုခဲ့တယ်။
သူ့ဘက်ကတော့မသိပေမဲ့ ကျွန်မဘက်ကတော့
အဲ့ဒဏ်ကိုတော်တော်ခံစားခဲ့ရတယ်ဆိုပါတော့။ကြာတော့လဲ ကျွန်မချည်းပဲသူ့ကိုစာပို့ရတာ
ဝန်လေးလာပြီ ပင်ပန်းလာပြိ
သူက seenသာပြပြီးပြန်စာလည်းမပို့
ကျွန်မဖုန်းထဲစာဝင်လာရင်
သူ့စာအထင်နဲ့ပြေးပြေးကြည့်ရတာအမော။