Arc (1.1) ဂရေးစ် ဒန်နီရယ်လ်

457 38 7
                                    

System(Mo yi) ပြောရင် * * ဒါလေးပါ။
Zu Zu Mo yi နဲ့ပြောရင် ' ' ဒါလေးပါ။
အတွေးဆိုရင် ( ) ဒါလေးပါ။
ကျနော်ပြောရင် [ ] ဒါလေးပါ။
ကျနော်အသက်တွေ ပြန်ပြင်ထားပါတယ်ဗျ။

Uni

' အားးးး yi yi ရာ နာလိုက်တာ
ဖြေးဖြေးလည်းလုပ်ပါလား'
*Gomen Zu zu
ဇာတ်ကြောင်းပို့လိုက်ပါပြီဗျ*
mo yi ရဲ့ စကားအဆုံး Izuku တစ်ယောက်နာကျင်မှုကြောင့်
ပြန်မေ့မြောသွားခဲ့တယ်

ဇာတ်ကြောင်းကို ဖတ်ပြီးတော့
ဇာတ်လိုက်ကိုသတ်ချင် စိတ်တွေပေါ်လာခဲ့တယ်
ဘယ်လောက်ပဲ သူ့အရင်ဘဝက
Pro hero တစ်ယောက်ဖြစ်နေခဲ့ပေမဲ့လဲပေါ့။

ဇာတ်ကြောင်းက စလာတော့
ဇာတ်လိုက် နာမည်က အီသန် မန်စမစ်
မန်စမစ်မျိုးနွယ်ရဲ့ အကြီးဆုံးသား
သူ့အောက်မှာ အငယ်တစ်ယောက်ရှိတယ်
သူကတော့
ဒုဇာတ်လိုက် ဒယ်နီရယ် မန်စမစ်

​ဇာတ်လိုက်မှာက စေ့စပ်ထားတဲ့သူရှိတယ်
ဒါပေမဲ့သူက အလေးမထားဘူး
လုပ်ချင်တာလုပ်တယ် ဒါပေမဲ့သိတယ်မှတ်လား
ဇာတ်လိုက်ဆိုတဲ့ အမျိုးက
ပဲကြီးလှော်ရောင်းတောင်
ကြီးပွားတဲ့အမျိုးလေ အဲ့တော့သူဘယ်လောက်ပဲ ဘာလုပ်လုပ် မွဲတယ်ကိုမရှိလေဘူး။

နောက်တော့ ဇာတ်လိုက်မိဘတွေက
ဇာတ်လိုက်ကို ရင့်ကျက်စေချင်တော့
စေ့စပ်ထားတဲ့သူနဲ့ ပေးစားလိုက်ရော

အဲ့မှာစတာပဲ ဇာတ်လိုက်က ပေးစားပြီးတဲ့ အချိန်ထဲကစပြီး သူနဲ့လက်ထပ်ထားတဲ့သူကို အမျိုးမျိုးစိတ်ဆင်းရဲအောင်လုပ်
စိတ်ပျက်အောင်လုပ်
[#Dk..ဇာတ်လိုက်က ကွာရှင်းချင်နေတာပါ။]

ဟိုကတော့ ရိုးရိုးလေးဆိုတော့ ဇာတ်လိုက်ဘာလုပ်လုပ် အပြစ်မမြင်ဘူး အဲ့မှာဇာတ်လိုက်က သူဖြစ်ချင်သလိုမဖြစ်လာလို့ဆိုပြီး
အစက သူအပြင်မှာ ခြေရှုပ်ထားတဲ့သူတွေကို
အိမ်ပေါ်ထိခေါ်ပြီး ညအိပ်ညနေတွေလုပ်
ဟိုကတော့ ဘာမှမပြောပါဘူး
သူလည်းဇာတ်လိုက်ကို ချစ်လို့ယူတာမှမဟုတ်တာ
နေချင်သလိုနေပစေ ဆိုပြီးထားတာပေါ့

အဲ့လိုတွေ
လုပ်ရင်းလုပ်ရင်းနဲ့ တစ်နေ့ကြတော့
ဇာတ်လိုက်က ဇာတ်လိုက်မ ကိုတွေ့ရော
တွေ့တော့ မြင်မြင်ချင်းအချစ်ဆိုတဲ့အတိုင်း
လိုက်ပိုးပန်း ရင်းကနေပြီး နောက်ဆုံးတော့ ဇာတ်လိုက်မလည်း မမူနိုင်ပါဘူး
ကြိုက်သွားပါလေရော

Midoriya (System)Where stories live. Discover now