part 2

577 11 5
                                    

Part 2

ရေချိုးပြီး Aeပြန်ထွက်လာတော့
Peteက bathrobe လေးကိုပြန်ဝတ်ထားပြီးပြီ

Peteကိုမြင်တော့Ae ပိုပြီး မလုံမလဲ ဖြစ်လာတယ်

ခုနကပဲ Peteအသားနုနုလေးကို မြင်ယောင်ပြီး
ဟွာလုပ်ခဲ့တာ( 😁)

နူးညံ့တဲ့အထိတွေ့လေးကိုပြန်သတိရပြီး
Aeက ပြန်မာလာပြန်တယ်

"sorry "

peteကိုမြင်တာနဲ့ မလုံမလဲ အားနာနေတဲ့ခံစားချက်ကြီးကို
မဖျောက်တတ်ဖူး
Aeရဲ့ sorry ကြောင့် Peteလေးကဘာမှမသိရှာဖူး

"ဘာ......... အတွက်တောင်းပန်တာလဲဟင်"

Aeတယောက်
Peteမျက်လုံးကိုလည်းတည့်တည့်မကြည့်ရဲပဲ
pete ဗိုက်လေးကိုပွတ်ပေးနေတုန်းကခံစားချက်ပဲ
ပြန်ပေါ်လာပြီး တကိုယ်လုံးပေါက်ထွက်တော့မလို
ပူလာပြန်တယ်

" ငါ ...... ငါခုနက မင်းကိုဆေးလိမ်းပေးနေတုန်း
မင်း နာသွားလို့ တောင်းပန်တာ "

"ငါလဲ တောင်းပန်ပါတယ် "

Pete လည်းအတူတူပဲ ပူလောင်နေတာပဲ

တောင်းပန်ပါတယ် Ae
မင်းကငါ့ကိုဒီအတိုင်း
ဆေးလိမ်းပေးပေမဲ့
ငါက မ ကောင်းတာတွေ တွေးမိနေတာ

တယောက်ကိုတယောက်စိတ်ပူနေတဲ့
နစ်ယောက်ဟာအသံတိတ်သွားပြန်တယ်

Ae သက်ပြင်းချပြီး သူ့ဆံပင်တွေသူဆွဲဖွလိုက်တယ်

သူများဟိုတယ်ခန်းမှာ ရေလာချိူးပေမဲ့
အ ဆောင်ရောက်တာနဲ့ပြန်ညစ်ပတ်မှာပဲ

IC hotelခန်းနဲ့ Aeအဆောင်က
သိပ်ကိုကွာခြားလွန်းတယ်

"ငါအဆောင်ပြန်တော့မယ်နော်
မင်းတယောက်ထဲLockချဖို့ မ မေ့နဲ့
ငါမနက်ကျ ပြနလာခဲ့မယ် "

"Ae မပြန်ပါနဲ့ "

PeteကAeစကားမဆုံးခင် ဖြတ်ပြောလိုက်ပြီး
Aeလက်မောင်းကိုလာကိုင်လိုက်တာကြောင့်
Aeစကားပြောရပ်ပြီး Peteကိုကြည့်လိုက်တယ်
Peteမြန်မြန်ပဲ Ae အကြည့်တွေက်ိုရှောင်လွှဲလိုက်တယ်

Trumpဆိုတဲ့ကောင်ရဲ့ အရိပ်ဆိုးတွေကမလွတ်နိုင်တဲ့ပုံ
Peteတကိုယ်လုံးကြောက်လို့တုန်နေတယ်

You've reached the end of published parts.

⏰ Last updated: Aug 12, 2021 ⏰

Add this story to your Library to get notified about new parts!

LBC ဆေးလိမ်းပေးတဲ့အခန်းလေး❤️Where stories live. Discover now