ဆေးလိမ်းပေးတဲ့အခန်းလေး

1.3K 19 9
                                    

အထန်တွေချည်းပဲဘာသာပြန်မိနေလို့

ခုတော့ မRo လွန်း မထန်လွန်းလေးပါနော်😁😂

Epi 3

"ဒီကိစ္စ ကို ရဲ တိုင် ရ အောင်" 

"ဘယ်လို …… ရဲ တိုင်ရမယ် "

"ဟုတ်တယ် မင်းကိုဒီလောက်အနိုင်ကျင့်တာ
ဒီလိုလူမျိူးက ထောင်ထဲမှာပဲ နေသင့်တယ်
ဘယ်လိုတောင် မင်းကိုအနိုင်ကျင့်ရဲတာလဲ "

"မလုပ်ပါနဲ့ Ae ရဲကိုမတိုင်ပါနဲ့နော် "

" Pete မင်း…… "

Aeက Peteကို စိုက်ကြည့်လိုက်တာကြောင့်
Peteအရမ်းကြောက်သွားတယ်

"ဒီ…… ဒီမှာပဲရပ်လိုက်ကြရ အောင်
ငါကံ မကောင်းဖူးလို့ပဲ Ae တွေးလိုက်ပါနော်  "

"ဘာကိုကံမ ကောင်းတာလဲ
အဲ့ကောင် မင်းဆီကဘယ်လောက်ယူသွားလဲ
ငါမသိဖူး
ဒါပေမဲ့ မင်းနာကျင်နေတာတော့ငါသိတယ်
အဲ့ကောင်ကိုဒီအတိုင်း ငါဘလိုလွှတ်ထားနိုင်မှာလဲ "

"ဟင့်အင်း ရဲ တိုင်လ်ို့ မဖြစ်ဖူး Ae"

Pete သာမန်ဆို Ae ကို ကြောက်ပေမဲ့
ခုတော့ တားမှဖြစ်မယ်

" Pete မင်းမဟုတ်မှလွဲ ရော……"

Aeရဲ့ အကြည့်တွေ ကြောင့်
Pete အစိပ်စိပ်မွှာမွှာကွဲထွက်တော့မလို ဖြစ်လာတယ်

Peteသိတယ်
Pete ဒီလို ကြောက်ဖို့ကောင်းတဲ့အကြည့်တွေကို
ကြောက်နေတုန်းပဲ

Ae က ပြောလက်စ  စကားကိုရပ်ထားပြီး
အကြာကြီး ငြိမ်နေတယ်
Ae အေးစက်တဲ့ အကြည့်တွေ ကြောင့်
ခန္ဓာကိုယ်တခုလုံးတုန်ယင်ပြီး ကြောက်လန့်လာတယ်

Pete နုလုံးခုန်အရမ်းမြန်နေပြီ
Aeက ရုတ်တရက် သူဆွဲထားတဲ့
peteရဲ့လက်က်ုလွှတ်ချလိုက်တယ် 

"ငါမေ့သွားတယ် အဲ့တာ ငါ့ကိစ္စ မဟုတ်ဖူးဆိုတာ "

Pete ရဲ့ တွေကိုလွှတ်ချလိုက်ပြီး
Peteကို ခ လေးတ ယောက်လိုအမြဲ ကြည့်တတ်တဲ့ အကြည့်တွေက
ရုတ်တရက်သူစိမ်းဆန်သွားခဲ့တယ်

" မင်း သူ့ကို ချစ်နေသေးတယ်ဆို ရင်လည်း
ငါ့အလုပ်မဟုတ်ပါဖူး" 

LBC ဆေးလိမ်းပေးတဲ့အခန်းလေး❤️Where stories live. Discover now