[ ၁ • ကိုကိုကမောင့်ကိုမချစ်တော့ဘူး ]

1.3K 119 14
                                    

{ unicode }

• BAD ROMANCE •
[ အဆုံး၌အချစ်ရဆုံးသူက အကျွန်ုပ်ဖြစ်ရပါလို့၏ ]

အခန်း ( ၁ )






ဆူညံပွက်လောရိုတ်နေသည့်စတူဒီယိုအခန်းထဲတွင် ရိုက်ကွင်းအဖွဲ့သားများနှင့်နည်းတူ ဒါရိုတ်တာနှင့်စကားပြောရင်းအလုပ်ရှုတ်နေသည့် အနှီလူသားကလေး။အဖြူရောင်တီးရှပ် နှင့် Style Pantအနတ်ရောင်ကိုလိုက်ဖတ်စွာတွဲ၀တ်ထားလျက် အပေါ်မှထပ်၍လက်ရှည်ဂျင်းကုက်အား၀တ်‌‌ထားသေးသည်။လက်နှစ်ဖက်ဖြင့်ခါးထောက်ကာ ဘေးနားမှဒါရိုတ်တာကစာရွက်ကိုင်ကာရှင်းပြနေမို့ထင်သည် ဝိုင်းစက်သောမျက်၀န်းလေးက အာရုံစူးစိုတ်မှုကိုဖော်ပြနေ၏။

အဝေးတနေရာမှထိုင်ကြည့်နေသည့်လူသားကပြုံးစွာဖြင့် ထိုအနှီလူသားအားငေးကြည့်နေလို့ရယ်...။

ဒါရိုတ်တာနှင့်စကားပြောပြီးသည်နှင့် ရိုက်ကွင်းသို့ပြန်သွားသည့်ထိုလူသားက ဒါရိုတ်တာခိုင်းသမျှကို ပြုံး၍ဖြစ်‌စေ တည်၍ဖြစ်စေ အနေအထားမျိုးနှင့်သရုပ်ဆောင်နေ၏။ပြုံးလိုက်သည့်အခါတွင် နှုတ်ခမ်းပါးလေးများတွန့်တက်ကာ ပါးချိုင့်ရေးရေးလေးပေါ်သည်အထိပြုံးတက်သည့်အလှလေး။တည်သည့်အခါတွင်လည်း အကြည့်စူးများနှင့်တဖက်လူ၏ရင်ခုန်သံအရှိန်နှုန်းများကို ဂယက်ထစေသည်။

ထိုကဲ့သို့ ပြုစားတက်သူကမောင်ပါပဲ...။

" ကတ် !"

မောင်၏အပြုမူအမျိုးမျိုးနှင့်သရုပ်ဆောင်နေသည့်မြင်ကွင်းကိုပြုံးလျက်ထိုင်ကြည့်နေသည့်လူသားဟာလည်း ဒါရိုတ်တာ၏"ကတ်"ဟုသည့်အော်သံကြား၍ အတွေကမ္ဘာမှခုန်ထွက်လာခဲ့၏။

" ရှုတင်breakမယ် ။
Jungkook ! မနတ်ဖြန်ကျရင်ဒီနေ့ထက်စောပြီး ရှုတင်ကိုလာခဲ့နော် "

" ဟုတ်ကဲ့ ဒါရိုတ်တာချွဲ "

ဒါရိုတ်တာချွဲပြောသည့်စကားကိုခေါင်းငြိမ့်လက်ခံကာပြောရင်း သူ၏ထိုင်ခုံတွင်၀င်ထိုင်သည်။မောင်ထိုင်လိုက်သည်နှင့် သူ၏managerဆိုသည့်ကောင်မလေးကအနားသို့ရောက်လာကာ ရေဘူးလှမ်းပေးတော့ လည်တိုင်မှလည်စိလေးလှုပ်သည်အထိအကုန်မော့သောက်နေ၏။ထို့ကြောင့် မောင့်ကိုပေးရန်သူယူလာသည့်ပန်းရောင်ရေဘူးလေးအား ထိုင်နေသည့်ခုံအနောက်သို့ဖွက်လိုက်ပြီး စကားစဆို၏။

[ 𝗕 𝗔 𝗗 𝗥𝗢𝗠𝗔𝗡𝗖𝗘 ] အဆုံး၌အချစ်‌ရဆုံးသူက အကျွန်ုပ်ဖြစ်ရပါလို၏။Where stories live. Discover now