Chapter 13

4.6K 499 31
                                    

Unicode

ကမ္ဘာကြီးကလည်း ကျဥ်းကျဥ်းလေးပါ
ဒီနေ့မင်းကို မတွေ့ရင်
မနက်ဖြန်တစ်ရက်ရက်မှာတွေ့မှာပဲ
အဲ့ဒီအခါ
အသေအချာ မှားခဲ့တာ
ညွှတ်နူးစွာ
တောင်းပန်ပါ့မယ်
မင်းကို 'သိပ်ချစ်တယ်'လို့ ပြောခဲ့မိတာ

စောဝေ

ဘာကြောင့်ရယ်မသိ ရှားသူ့ကို စိတ်ဆိုးနေသည့် ရက်များတွင် သူ့မှာ တကယ်ကို နေစရာမရှိခဲ့ပါ။ ရှား၏ အချစ်ကို မရနိုင်ခင်မှာ ရှား၏ အမုန်းကိုတော့ မခံယူလိုတာအမှန်ဖြစ်သည်။ ရှားမသိလို့ပါ ကျွန်တော့်ကမ္ဘာကြီးက ချစ်ရှားဆိုသည့် လူတစ်ယောက်၏ ဆွဲအားနှင့် လည်ပတ်နေတာကို။

တစ်နေကုန်လို့ အခန်းထဲက တစ်ခါမှ မထွက်မိသည့် ရက်တွေမှာ သူ့စိတ်တွေဟာ ဆောက်တည်ရာမဲ့စွာ ကစဥ့်ကလျား ဖြစ်နေခဲ့သည်။အစားစားချင်စိတ်လည်းမရှိခဲ့သလို၊ ဘာတစ်ခုမှလည်း လုပ်ကိုင်ချင်စိတ်မရှိပါ။ နေ့ရက်တွေကို ဘယ်လိုဖြတ်ကျော်နေပါသလဲဆိုလျှင် ရှားကို လွမ်းသည်။ ရှားနှင့်ပတ်သတ်သည့် အမှတ်တရလေးတွေကို တွေးပြီး ပြုံးသည်။ ရှားသီချင်းဆိုထာသည့် အသံဖိုင်လေးကို ဖွင့်နားထောင်သည်။ ဘယ်အချိန်မှာ ဆက်သွယ်လာမည်မှန်းမသိသော အ၀င် callလေးတစ်ခုကို စောင့်သည်။

ဘယ်သီချင်းတစ်ပုဒ်ကိုမှ အဆုံးထိ နားမထောင်နိုင်သလို၊ ဘယ်အစားအသောက်ကိုမှ ကုန်အောင် မစားနိုင်ခဲ့။ အိပ်မရတဲ့ညတွေများလွန်းလို့ ချိုင့်၀င်နေသည့် မျက်လုံးတို့သည်လည်း နောက်စေ့ကနေ ကျွံထွက်တောမလား ထင်ရသည်။

လူက ဘယ်လောက်ပဲ စိတ်ပင်ပန်းနေပါစေ။ ဒါဟာ အဆုံးသတ်မဟုတ်ဘူးလို့ အမြဲခံယူသည်။ သူက အလွယ်တကူ လက်လျော့တတ်သည့် သူတစ်ယောက် မဖြစ်ချင်ဘူး။ အထူးသဖြင့် အချစ်နှင့် ပတ်သတ်သည့်အခါမှာဖြစ်သည်။

တကယ်ပဲ သူ့ကို စိတ်ဆိုးနေလား မည်သူကို စိတ်ဆိုးနေမှန်းမသိသည့် ရှားတစ်ယောက် ဒေါသတွေနှင့် ပူလောင်နေမှာကိုလည်း စိတ်ပူသည်။ ကိုမော်တို့ဆီကိုလည်း ဖုန်းဆက်ပြီးလှမ်းမေးရတာလည်း မောတယ်မထင်။ မကြာမကြာဖုန်းဆက်ပြီး ရှားအကြောင်းကို စနည်းနာရသည်။ ရာသီဥတု သာယာလာမယ့်တစ်နေ့မှာ ရှားလည်း စိတ်ကြည်တန်ကောင်းပါရဲ့။

အချစ်ရှားမုတ်သုံ(Complete)Where stories live. Discover now