Chapter 32

7.1K 629 65
                                    

မုတ်သုံကို တွေ့လိုက်သည့် နေ့မှစပြီး ထပ်မံတွေ့ဆုံရန် ချစ်ရှားတစ်ယောက် အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ ပထမဆုံးနည်းလမ်းအနေနှင့်  မုတ်သုံအမေထံမှရရှိခဲ့သည့် ဖုန်းနံပါတ်ကို ဖုန်းဆက်လိုက်သည်။ ဖုန်းဝင်သွားပြီး ၃ကြိမ်လောက်မြည်ပြီးသည့်နောက်မှာ "ဟယ်လို" ဆိုသည့် ထူးသံ တိုးတိုးလေးကို ကြားလိုက်ရသည်။ သူ့ပိန်းဥလေးရဲ့ အသံကတော့ မပြောင်းမလဲ၊ ချိုသာကြည်မြပြီး နှစ်လိုဖွယ်‌ကောင်းနေစမြဲ။  အားးးး ရင်ခုန်လိုက်ရတာမှ တဒိန်းဒိန်းပါပဲ။

"ဟယ်လို"

သူ့ဖက်က ဘာစကားမှ မပြောနိုင်သေးသည့်အချိန်မှာ ဒုတိအကြိမ် ဟယ်လို ဆိုသည့် အသံလေး ထွက်လာသည်။ အရင်လို နူးညံ့ညှင်သာမှုတွေက အသံလှိုင်းကနေတစ်ဆင့် ခံစားလို့ရနေခဲ့သည်။ ထိုနူးညံ့မှုတွင် ပြောမည်တွေးထားသည့် စကားလုံးတို့က ပျောက်ရှကုန်ပြီမို့ ကြံရာမရ နာမည်လေးသာခေါ်လိုက်မိသည်။

"မုတ်သုံ"

....

....

တူ  တူ   တူ

ဇာတ်လမ်းက အဲ့မှာတင်ပဲ ပြတ်သွားတာဖြစ်သည်။ သူ့မှာဖုန်းချခံလိုက်ရသည်လေ။ ဘာဆိုဘာမှ မပြောရသေးဘူးလေ။ အခုက နာမည်လေးတင် ခေါ်ရုံပဲရှိသေးတာကို ဖုန်းချပစ်စရာလား။ ချက်ချင်းပဲ နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။ ဒီတစ်ခါတော့ ကိုင်ကို မကိုင်တော့ပေ။အလျော့မပေးပဲ ထပ်ခေါ် ကြည့်တော့ စက်ပိတ်ထားပါသည်တဲ့။ ကောင်းရောပဲ။

ဘာပဲဖြစ်ဖြစ် ဖုန်းချခံလိုက်ရတာကတော့ ကောင်းတယ်ယူဆမရပေမယ့် သူ့အသံကို မှတ်မိနေလို့သာ ဖုန်းချပစ်တာပေါ့။ နှစ်တွေကြာသည်အထိ သူ့အသံကို မမေ့သေးဘူးပဲ ဆိုသည့် သဘောဖြစ်သည်။ မမေ့တာ သတိရနေလို့ပေါ့ဟူ၍ ကိုယ်လိုရာကိုယ်ဆွဲတွေးလိုက်သည့်အခါ ဖုန်းခေါ်မရသည့် စိတ်ညစ်မှုတွေလည်း ပြေပျောက်သွားသည်။

အခါအားလျှော်စွာ ဖုန်းထပ်ဆက်ကြည့်ခဲ့ပေမယ့် ဖုန်းပိတ်ထားပါသည်ဆိုသည့် အသံကိုသာ ပြန်ကြားရသည်။

ဘာပဲဖြစ်ဖြစ် အရိပ်လေးမြင်လိုက်ရသည့်အဆင့်မှ အသံလေးကိုကြားရသည့်အဆင့်သို့ တက်လာခဲ့ပြီ။
ဒါပေမယ့် ထိုအကြိမ်မှလွဲပြီး ဖုန်းခေါ်ကြည့်လျှင် သူဆက်လည်းမကိုင်၊ ကိုနေဆက်လည်း မကိုင်ပါ။ သို့နှင့်  မထူးတူတူ မုတ်သုံ၏ အိမ်သို့ နှစ်ယောက်သား အကြောင်းမကြားဘာမကြားပဲ သွားလည်ကြသည်။

အချစ်ရှားမုတ်သုံ(Complete)Where stories live. Discover now