|| 2 ||

1.1K 136 0
                                    

|| Unicode ||

ရှောင်းကျန့်ကို သူစတွေ့ခဲ့တာ
ကျောင်းစာကြည့်တိုက်ရဲ့ ဖုန်တက်နေတဲ့ စာအုပ်တစ်အုပ်ထဲမှာပါ။

စာအုပ်ထဲက အကြောင်းအရာတွေအစား
ဘေးက မာဂျင်လိုင်းထဲမှာ ခဲတံနဲ့ရေးခြစ်ထားတဲ့ မှတ်စုတွေကိုပဲ သူစိတ်ဝင်စားဖတ်ဖြစ်ခဲ့တယ်။
ညီညာညက်ညောတဲ့ လက်ရေးခပ်​သော့သော့မှာ စဥ်းစားမျှော်မြင်တတ်တဲ့ စိတ်နှလုံးနဲ့ အတွေးအမြင်တွေ ထင်ဟပ်နေခဲ့ပါတယ်။

စာအုပ်ရဲ့ရှေ့ဆုံးမျက်နှာမှာ စာအုပ်ပိုင်ရှင်ဟောင်း ရှောင်းကျန့် ဆိုတဲ့နာမည်ကိုတွေ့တယ်။သူစိတ်ဝင်တစားနဲ့ အချိန်ကော လူပါ အပန်းခံပြီး ရှာဖွေခဲ့ရာက ရှောင်းကျန့်ရဲ့ လိပ်စာကို ရခဲ့တယ်။
ရှောင်းကျန့်က ချုံချင်းမှာနေတယ်။

သူအရဲစွန့်ပြီး ရှောင်းကျန့်ဆီကို စာစရေးဖြစ်ခဲ့တာ 1996 ​​အောက်တိုဘာလရဲ့ နေသာတဲ့နေ့တစ်နေ့မှာပါ။
သူစာရေးပြီး တစ်လကြာတဲ့အထိ ရှောင်းကျန့်ဆီက ပြန်စာမရခဲ့ပါ။
သူဇွဲမလျှော့ပဲ စာဆက်ပို့ခဲ့ရာ သုံးစောင်မြောက်မှာတော့ ရှောင်းကျန့်က စာတစ်စောင်ပြန်ခဲ့တယ်။
ရှောင်းကျန့်ဆီက ပြန်စာရတဲ့နေ့က သူ အပျော်လွန်ပြီး တစ်ညလုံး အိပ်မပျော်ခဲ့ပါ။

အဲ့ဒီနောက်ပိုင်း သူနဲ့ရှောင်းကျန့် စာအဆက်အသွယ်ရှိခဲ့ကြတယ်။သူ ရှောင်းကျန့်ဆီကို တစ်လမှာနှစ်ခါလောက်စာရေးဖြစ်ပြီး  ရှောင်းကျန့် ဆီက ပြန်စာတွေကိုတော့ လတစ်လရဲ့ လကုန်ရက်တွေမှာ ရလေ့ရှိပါတယ်။

အချိန်ကြာလေလေ စာအရေအတွက်များလာလေလေ သူနဲ့ရှောင်းကျန့်ကြားက မမြင်နိုင်တဲ့
ကြိုးတစ်ခုက ပိုပြီးခိုင်မာလေလေပါပဲ ။
ရှောင်းကျန့်ကို သဘောကျကြောင်း ဝန်ခံမိတော့ ရယ်သံကြည်ကြည်လွင်လွင်လေးကို စာထဲကနေ လှမ်းကြားရတယ်။

သူ ရှောင်းကျန့်ဓာတ်ပုံကိုတောင်းပေမယ့်
ရှောင်းကျန့်ကမပေးပါ။
တကယ်ချစ်တယ်ဆို ရုပ်ရည်က ဘယ်လိုဖြစ်နေနေ အရေးမကြီးပါဘူးတဲ့။
ရှောင်းကျန့်ဟာ ဒီလိုလည်း စကားနဲ့အနိုင်ပိုင်းတတ်ပါသေးတယ်။
သူကတော့ ရှောင်းကျန့်ကို သိပ်တွေ့ချင်တာပါဘဲ။

Forsythia || Short story || Where stories live. Discover now