The End ||Unicode ||

1.2K 150 6
                                    

လေးလေးက သူ့သူငယ်ချင်းတွေနဲ့ နှစ်သစ်ကြိုဆိုစားသောက်ပွဲလုပ်မှာမို့ဆိုပြီး ထွက်သွားတယ်။
သူ့ကိုခေါ်ပေမယ့် မလိုက်ချင်ပါ။ တစ်ယောက်တည်း အိမ်စောင့်ရင်းကျန်နေခဲ့တယ်။

ခြံထဲကို ဆင်းလာပြီး ပျင်းပျင်းနဲ့ ဟိုလျှောက် ဒီလျှောက်လုပ်နေလိုက်တယ်။
ဝင်လုလု နေလုံးကို ကြည့်ရင်း တစ်ယောက်သောသူကို မဆီမဆိုင်ပြေးသတိရသွားတယ်။

ရှောင်းကျန့်ဆီက စာမလာတာ နှစ်လရှိပြီ။
နေမကောင်းလို့လား၊ မအားလို့များလား။
​​​ဘေးကခုံတန်းပေါ်မှာ ထိုင်ချလိုက်တယ်။
သူ ရင်ထဲနေလို့မကောင်းပါ။

ဘယ်လောက်ကြာကြာ ထိုင်နေမိတယ်မသိ။
သူ ထရပ်လိုက်တော့ အပြင်မှာ နည်းနည်းလေးတောင် မှောင်ရိပ်သန်းနေပြီ။
လေးလေးက ဒီညပြန်လာမည့်ပုံမပေါ်။
ကြည့်ရတာ နယူးရီးယားညကို
သူ တစ်ယောက်တည်းကုန်ဆုံးရမယ့်ပုံပဲ။

အိမ်ထဲကို ပြန်ဝင်ခဲ့ရင်း တံခါးနားအရောက်မှာ ခြံတံခါးဆီက ကြိုးဆွဲခေါင်းလောင်းသံကိုကြားရတယ်။
လေးလေး အစောကြီး ပြန်လာတာများလား။
သူ ခန္ဓာကိုယ်ကို ပြန်တောင်မလှည့်ရသေး ၊
အသံချိုချိုအေးအေးလေးက နားထဲဝင်လာတယ်။

" ဝမ်ရိပေါ်တို့ အိမ်ဟုတ်ပါသလားခင်ဗျာ"

            
                 ——————————

ထိုနေ့က
Forsythia တွေမပွင့်ပါ။
မျှော်နေတဲ့
စာတစ်စောင်လည်း ရောက်မလာပါ။
နှုတ်ခမ်းအောက်မှာ မှဲ့နက်နဲ့
ယုန်ညိုလေး တစ်ကောင်ကိုတော့
သူ ကောက်ရခဲ့ပါတယ် ။

Forsythia || Short story || Where stories live. Discover now