- 2 -

320 46 0
                                    

အသက် ဆယ့်ခြောက်နှစ်မှာ ချစ်မိတဲ့သူကို တစ်ဘဝလုံးစာချစ်သွားနိုင်တယ် လို့ ရေးထားမိတဲ့ စာကို သူဖတ်မိတော့ နည်းနည်းလေးတော့ ပြုံးမိခဲ့လားမသိ။ သူ့ရဲ့ ခုံအောက်ကို ရောက်နေခဲ့တဲ့ ဒီစာလေးက တစ်ခြားခန်းက ကောင်မလေးတစ်ယောက်ယောက်ပေးတာပဲ ဖြစ်ပါလိမ့်မယ်။ သူက အဲဒီသူရေးထားတဲ့ စာကို တစ်ချက်ပြန်ဖတ်ကြည့်ရင်း သူ ဆယ့်ငါးနှစ်ထဲက ကြိုက်လာတဲ့ တစ်ယောက်သောသူကိုသာ တွေးမိတယ်။ ဆယ့်ခြောက်နှစ်မှာ ကြိုက်တဲ့သူကို တစ်ဘဝလုံးစာချစ်နိုင်ရင် ဆယ့်ငါးနှစ်မှာ ချစ်မိတဲ့သူကိုတော့ ဘယ်လောက်ထိချစ်နိုင်မလဲ သူ မသိဘူး။

သေချာတာကတော့ ပိုမှာပေါ့။

သူအသက် ဆယ့်ငါးနှစ်မှာ အဲဒီ့သူ အဲဒီ့ကောင်လေးကလည်း ဆယ့်ငါးနှစ်၊ တစ်ခန်းထဲအတူတူ ကျောင်းဝတ်စုံဆင်တူဝတ်တဲ့ ကောင်လေးကို ထယ်ယုံးကချစ်မိသွားခဲ့သည်။ အဲ့တာက ရုတ်တရက်မဆန်ပဲ သမန်ရိုးကျဖြစ်စဉ်လိုပဲ ဆောင်းရာသီမှာ နှင်းကျသလိုမျိုး၊ နွေဦးမှာ လေအေးလေတွေ ဖြတ်တိုက်သွားသလိုမျိုး။ အဲဒီလိုမျိုးလေးပဲ သူက သူ့ကိုချစ်မိသွားတယ်။

တစ်ကယ်တမ်းတော့ သူက အချစ်ဆိုတာကို ‌သေချာပေါက်နားလည်နေခဲ့တာမျိုးတော့မဟုတ်ပါဘူး။ အဲဒီ့ကောင်လေးပျော်နေအခါ သူပျော်တာမျိုး၊ အဲဒီ့ကောင်လေးဝမ်းနည်းတဲ့အခါ သူ့ကိုမပျော်စေတဲ့သူကို သွားရိုက်ပစ်ချင်တာမျိုးပေါ့။ သူ့ကိုဘာကြောင့် ကြိုက်တာလဲမေးရင် ထယ်ယုံးက သေချာပေါက် ဟားတိုက်ရယ်ပစ်လိမ့်မယ်။ သူက တစ်ကယ်ကိုပဲ ငိုနေတဲ့ငါးနှစ်ကလေးက သကြားလုံးပေးခံလိုက်ရသလိုမျိုး အကြောင်းပြချက်မျိုးနဲ့ ချစ်ခဲ့မိတာပဲ။ တကယ်တော့ သကြားလုံးကို ထုတ်ပေးခဲ့တဲ့ သူကိုချစ်တာကလည်း ပြစ်ချက်မရှိတဲ့ အကြောင်းပြချက်ကလေးပဲလို့ သူယုံတယ်။

တကယ်တော့ သူက ကြိုက်ချင်လို့ကြိုက်လိုက်တာ။ တစ်ကယ်လို့ သူ ဘတ်စကတ်ဘောကစားရာကနေ အခန်းကိုပြန်လာတော့ ရေဘူးပေးတဲ့သူက သူမဟုတ်ခဲ့ဘူးဆိုရင် သူကတော့ ကျောင်းသားဘဝတစ်လျှောက်လုံး ဒီလိုသူ့နှလုံးသားမှာ ကပ်နေမဲ့ အကောင်ပလောင်သေးသေးလေးကိုတော့ ဆုံရတော့မှာ မဟုတ်ဘူးပေါ့။

Candy Trap 「completed」Where stories live. Discover now