သူ့ရှေ့မှာ ရေခွက်လေးတစ်လုံးချလို့ ဂိမ်းဆော့နေပါတဲ့ကောင်လေးကို သူလှမ်းကြည့်လိုက်သည်...။ဒါဟာ ကောင်လေးရဲ့ ပိုက်ဆံရှာတဲ့နည်းတွေထဲကတစ်ခု..။Online PCဂိမ်းကိုမှ ငွေတွေနဲ့ကို လောင်းကြေးထပ်လို့ ကစားတာဖြစ်သည်...။ဒါဟာလဲ ကောင်လေးရဲ့ ဝင်ငွေလမ်းကြောင်းမို့သူ မတားတော့...။သူကောင်လေး ဂိမ်းဆော့လို့ပြီးသည်အထိစောင့်နေလိုက်သည်...။သူကောင်လေးကို ပြောစရာရှိသည်လေ....။
"အား..ညောင်းလိုက်တာ..."
နားကြပ်ကိုဖြုတ်လို့အကျောဆန့်နေတဲ့ ကောင်လေးကိုသူစေ့စေ့စိုက်ကြည့်လိုက်သည်...။ထို့နောက် နှုတ်ခမ်းထူထူကို လှုပ်ခတ်လို့စကားတစ်ချို့ဖွင့်ဟလိုက်သည်..။
"ငါတို့လမ်းခွဲကြရအောင်..Jungkook.."
Seokjin ပြောလိုက်ပေမယ့် Jungkookဆီမှ ဘာမှမတုံ့ပြန်လာ..။ပြန်အော်ဟစ်မှာနဲ့ရန်တွေ့မှာက သူထင်ထားတာတွေဖြစ်ပေမယ့် Jungkookကတော့ အေးအေးလူလူပြန်ကြည့်လာသည်က မျက်လုံးပြူးကြောင်ကြောင်လေးနဲ့...။
"ဒီမှာကြည့်..ကျွန်တော်နိုင်ထားတဲ့ပိုက်ဆံတွေဝင်လာပြီ...မုန့်ဝယ်ကျွေးမယ်..ဘယ်ဆိုင်ကြိုက်လဲ.."သူ့မျက်နှာရှေ့ဖုန်းကိုထိုးပေးလို့ ပြောလာတာမို့ သူ့မှာလန့်တောင်သွားရသည်...။ပြတဲ့ဖုန်းကိုကြည့်လိုက်တော့ သုညအရေအတွက်များစွာနဲ့ ကိန်းတစ်ချို့..။လမ်းခွဲမယ်ဆိုပေမယ့် နောက်ဆုံးအနေနဲ့မုန့်လိုက်စားတာတော့လည်း မမှားဘူးမလား...။
"ငါ ပဲခေါက်ဆွဲဆိုင်ကောင်းကောင်းသိတယ်...သွားရအောင်.."
"အွန်း..ကျွန်တော်အဝတ်လဲမယ်..ခဏစောင့်.."