Part 4💜

81 8 5
                                    


Zawgyi

^.^ ငါကာကွယ်ပေးမှာမလို့^.^

*ဟွန့် သူများအတွဲတွေ တော့
အဆင်ပြေကုန်ကြပီ ကိုတွေတော့
အဲ့စစ်ကျွေးဟာလေ မထိတထိလေးကျ
စသလိုနောက်သလိုနဲ့ လာလာပြောနေပီး
လူကို ရင်ခုန်အောင် လုပ်တယ်
တကယ်ကျတော့ ဖွင့်ပြောမလာဘူး...*

*တွေ့မယ် ဒီတခါ ဘသူက ရည်းစားစာ
ပေးပေး ရည်းစားစကားလာ ပြောပြော
လက်ခံပစ်မယ် ဟွန့် *

ကျင်းလင် တယောက် သူအတွေးနဲ့သူ
စာသင်ခန်းကိုသာ ရောက်အောင်
သွားနေသည် ကျောင်းရှေ့ကတည်းက
သူနောက်မှလိုက်လာသော စစ်ကျွေး ကို
သတိမထားမိပါ...

"ခန ကျင်းလင် "

"ဟမ် ဟမ် ဘာလဲ သိလို့လား"

အတွေးထဲ နှစ်မျောနေစဉ်
ဘေးနားရောက်လာတဲ့ လူတယောက် ကြောင့်
လက်ရှိကမ္ဘာသို့ကျင်းလင်ပြန်ရောက်လာသည်

*ထိုသူက မည်သူနည်း တခါမှလဲမတွေ့ဖူးပါ*

" ကို့ကို မသိဘူးလား "

မသိလို့ မေးပါတယ် ဆိုမှ မအေပေးလေး
စောင့်သာ ကန်ပြစ်ချင်သည်...

"မသိဘူး မဟုတ်သေးဘူး အခုလဲ
မသိချင်ဘူး ဘာကိစ္စ လဲခုနက ခေါ်တာ"

အင်ဂျင်နီယာ ဌာန  မှ king ကြီးကို
တကျောင်းလုံး သိပါသည် ဒီကောင်လေးနဲ့ကျမှ
သူ့ကိုမသိဘူး တဲ့လား ပီးတော့ မသိချင်ဘူး တဲ့
ဟွန့် တော်တော် ခံရခက်တယ်...

"ဒါလေး ပေးချင်လို့ "

"ကျစ် ဘာလဲ ကွာ "

ကျင်းလင် စိတ်ရူပ်ဟန်နဲ့ ကျစ် တချက်
စုတ်လိုက်ပီး ထိုလူ၏ မျက်နာကို
သေချာမြင်ရစေရန် ဘေးသို့
လှည့်ကြည့်လိုက်စဉ် မျက်ဝန်းရဲ့
ထောင့်တနေရာကနေ တွေ့လိုက်ရတဲ့
အရိပ်လေးတခု...

*ဟွန့် တွေ့ကြသေးတာပေါ့*

"Sorry ငါမလိုချင်ဘူး"

ထိုလူပေးတဲ့ လက်ဆောင်ဘူးကို
ငြင်းလိုက်သည်...

မုန်း၍မရပါသော Jun(မုန်း၍မရပါသော Jun)🔸(End) Where stories live. Discover now