Zawgyi
^.^Kim^.^
စစ်ကျွေးနဲ့ကျင်းလင် ကို လူကြီးတွေက
စေ့စပ်ပေးထားပီး ကျောင်းပီးမှ
လက်ထက်ကြဖို့ ဆုံးဖြတ်ပေးခဲ့ကြသည်ထိုအချင်းရာကို စစ်ကျွေး နဲ့ ကျင်းလင်
အတွန့်မတက်ခဲ့ကြပါ...သူတို့လဲ အလုပ်အအကိုင် အတည်တကျ
ဖြစ်မှ ယူကြရန် ဆုံးဖြတ်ထားခြင်းကြောင့်ပင်ကျင်းရီ နဲ့ ဇီကျိန်း ကတော့
မိဘတွေကို အသိပေးထားပီးပီဖြစ်သည်
နှစ်ဖက်စလုံးက ငြင်းပယ်ခြင်း မရှိခဲ့တာမို့
ကျင်းရီ ပျော်မိသည်...ယခု မိမိရဲ့ ပထမရင်ခုန်သံ
အချစ်ဦး မဟုတ်ပေမယ့်
မိမိရဲ့ ဒုတိယရင်ခုန်သံလေး
မိမိအချစ်ဆုံးလူသား ဇီကျိန်း ရဲ့
မိဘတွေက မိမိတို့ကို မခွဲကြဘူးမဟုတ်လား...ဒီနေ့ ကျင်းရီ တို့ လေးယောက်
မနေ့က ကျောင်းပျက်ထားတာမို့
စာတွေပြန်ကူးနေရသည်နှင့်
မနက်စောစောစီးစီး မအားကြပါ
ခနနေဆရာလာရင် အတန်းခေါင်းဆောင်ရဲ့
စာအုပ်တွေပြန်ပေးရမှာမို့ ကျင်းလင်
ဖုန်းနဲ့ စာတွေကို ဓာတ်ပုံရိုက်ကာ
ယူထားလိုက်သည်...(ဉာဏ်ကြီးရှင် ကျင်းလင်)
ဆရာလာသော်.....
ဆရာကျောင်းသား/သူ အားလုံး
ဆရာကိုနုတ်ဆက်ကြသည်ထို့နောက် ဆရာက...
"အားလုံးပဲ ဒီနေ့ ဆရာတို့အတန်းကို
ကျောင်းသားသစ်တယောက်
ပြောင်းလာတယ် သား Kim
ဝင်ခဲ့လေ"ဆရာရဲ့ စကားအဆုံးမှာ
အခန်းထဲဝင်လာတဲ့ ဖြူဖြူ
ချောချော နဲ့ ကောင်လေး
သေးသေးလေး တယောက်ဆရာ"ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်အုံး"
Kim"Hi အားလုံးနဲ့ ခင်ချင်ပါတယ်
ငါ့နမယ်က Kim ပါ"စကားသံဝဲဝဲလေးနဲ့ သူ့ကိုသူ
မိတ်ဆက်နေတဲ့ ကောင်လေးက
တကယ် ကို ချစ်စရာလေး...ကျင်းရီ ရှေ့မှ ကောင်လေးကို ကြည့်ရင်း
အတိတ်မှအရာများကြောင့် စိတ်ထဲ
အလိုမကျမူများ ဖြစ်ပေါ်လာ၍
မျက်မှောင်ကျုပ်မိသည်...
YOU ARE READING
မုန်း၍မရပါသော Jun(မုန်း၍မရပါသော Jun)🔸(End)