P 17

2.2K 196 3
                                    

မနက်စာ စားသောက်ပြီးကျတော့ နမ်ဂျွန်းလာခေါ်တာကို ဧည့်ခန်းမှာထိုင်စောင့်နေကျတဲ့သူတို့ ခနကြာတော့ ခြံရှေ့မှ
နမ်ဂျွန်းအော်သံကြားရလေသည်
"ဗျို့ ဆရာဝန်လေးတု့ိနိုးကြပြီလားဗျ"
နမ်ဂျွန်းအသံကြားတာနဲ့ ထယ်ယောင်းတစ်ယောက်ဟန်တောင်မဆောင်နုိင်အိမ်ရှေ့သို့ပြေးထွက်သွားလေသည်

"ဟျောင်း မောနင်း" သူ့မူပိုင် လေးထောင့်ဆန်ဆန် အပြုံးလေးနဲ့ ပြောလိုက်သည်
"မောနင်း ကျန်တဲ့သူတွေကောနိုးပြီလား"
"အင်းနိုးနေပြီ လာလိမ့်မယ်"
ခနနေတော့ လက်ဆွဲအိတ်အနက်‌ေရာင်လေးကိုယ်စီနဲ့ duty coat အဖြူရောင်လေးတွေကို လက်မှာချိတ်ကာ ထွက်ကြတဲ့ ဂျောင်ကုတို့ တစ်ယောက်ကိုလက်ဆွဲအိတ်တစ်လုံးစီနဲ့ duty coat တစ်ထည်စီပဲလက်မှာချိတ်ထားပေမယ့် ဟိုဆော့မှာတော့ လက်ဆွဲအိတ်နှစ်လုံး duty coat နှစ်ထည်နဲ့ ဖရိုဖရဲဖြစ်နေသည်
"ကင်ထယ်ယောင်း"
"ဗျာ! အမယ်လေး"
ဟိုဆော့ထယ်ယောင်းကို ခေါ်ပြီးတာနဲ့ လက်ထဲသို့ လက်ဆ‌ွဲအိတ်နဲ့ duty coat ကိုလက်ထဲပစ်‌ထည့်လိုက်တာကြောင့် ထယ်ယောင်းတစ်ယောက်မနဲဖမ်းလိုက်ရသည်
"ဖြည်းဖြည်းလုပ်ပါကွ မင်းကလည်း"
"မလုပ်နိုင်ဘူး တကယ်ပဲနမ်ဂျွန်းဟျောင်းလာတာ သူ့လင်လာတယ်များမှတ်နေလား မသိဘူး ပြေးသွားလိုက်တာ ပစ္စည်းတွေအကုန်ထားခဲ့တယ်"
"ရား ဂျောင်ဟိုဆော့!"
"ဘာလဲ"
ထယ်ယောင်း ဟိုဆော့ပြောလိုက်တဲ့စကားကြောင့် နမ်ဂျွန်းဘက်သို့ ခေါင်းလေးစောင်းကြည့်လိုက်တော့ ဘာမှမဖြစ်သလိုပင်
"မင်းတို့နှစ်ကောင်လည်း အားနေကိုက်မယ်ဆိုကြီးပဲ ထယ်ယောင်းကလည်း ဟိုဆော့ကအမှန်တရားပြောတာကို"
"ဂျင်ဟျောင်း!!"
^အလှည့်ကျမနွဲ့စတမ်းပဲ ထယ်ယောင်းလေးရေ^ ဆော့ဂျင်တစ်ယောက်စိတ်ထဲကနေပြောလိုက်သည်

[A/N စိတ်ထဲကပြောတဲ့စကားတွေကို ^^ ဒီ sign လေးသုံးမယ်နော်]

ဂျောင်ကုတို့အဖွဲ့ နမ်ဂျွန်းရဲ့ ခေါ်ဆောင်မှုကြောင့် သူတို့လုပ်အားပေးရမယ့် နေရာလေးသို့ရောက်ရှိခဲ့သည်
အပြင်ပန်းကကြည့်ရင် ဆေးရုံကြီးဟာ အလွန်ခြောက်ခြားဖွယ်ကောင်းလှသည် လေတိုက်တာနဲ့ လမ်းပေါ်မှာကြွေ‌ကျနေတဲ့ သစ်ရွက်ခြောက်တွေဆီကနေ ထွက်လာတဲ့အသံတွေဟာ ကြက်သီးထစရာကောင်းလှသည်
ဆေးရုံလေးကနှစ်ထပ်ဖြစ်ပြီး ဆေးရုံရဲ့နာမည်လေးကတော့ ဒုံဒမ်ဆေးရုံ ဖြစ်သည် ဆေးရုံရဲ့တံခါးပေါက်ကနေ နမ်ဂျွန်းအရင်ဝင်သွားတာကြောင့်သူတို့လည်းလိုင်ဝင်လိုက်သည် ဝင်လိုက်တာနဲ့ လှေကားကြီးကို ပထမဆုံးမြင်ရသည် ဘယ်ဘက်မှာ ကောင်တာနဲ့ လူနာရှင်တွေထိုင်ဖို့နေရာရှိသည် အဲ့ကနေဆက်သွားလိုက်ရင် ဆရာဝန်တွေရဲ့ နားနေခန်း ညာဘက်မှာတော့ မှန်တံခါးအဖြူရှိပြီး အဲ့တံခါးကိုဖွင့်လိုက်တာနဲ့ အရေးပေါ်ဌာနကို တွေ့ရသည် လှေကားကနေ အပေါ်ထပ်တက်သွားရင် ဆေးရုံအုပ်ကြီးရဲ့ ရုံးခန်းရှိလေသည်

"ဟာနမ်ဂျွန်း ဘာလာလုပ်တာလဲ"
ကျတော်တို့အထဲရောက်တော့ ကောင်တာမှာထိုင်နေတဲ့ လူတစ်ယောက်က လာနှုတ်ဆက်လေသည်
"အေး ငါဒီမှာ ဆရာဝန်လေးတွေကို လာပို့တာ"
"အော် မြို့က လုပ်အားလာပေးတဲ့ဆရာဝန်လေးတွေဆိုတာလား"
"အေး ဟုတ်တယ် ဆရာတို့ သူက Cha Eunwooတဲ့ ဒီမှာတစ်ဦးတည်းသော ယောကျင်္ားလေးသူနာပြုလေ"
"တွေ့ရတာဝမ်းသာပါတယ်"
"ဟုတ် ကျ‌ေတာ်တို့လည်းတွေ့ရတာဝမ်းသာပါတယ်"
"Eunwoo ah ကျန်တဲ့လူတွေကော"
"ရ‌ှိတယ် အဝတ်လဲခန်းမှာ ဟော် ပြောရင်းဆိုရင်းလာပြီ"
ကျတော်တို့လည်း သူခေါင်းလှည့်တဲ့ဘက်ကို ကြည့်လိုက်တော့ အပေါ်အောက် အပြာရောင်ဆင်တူဝတ်ဆင်ထားကြပြီး အပေါ်ကနေ duty coat အဖြူရောင်လေးကို ထပ်ဝတ်ထားပြီး သူတို့ရှိရာဆီကို လျှောက်လာနေတဲ့ လူသုံးယောက်

"ဒီဘက်က ဆရာဝန်တွေက ဆိုလ်းကဆရာဝန်တွေလေ သူက ‌ဂျွန်ဂျောင်ကု ကင်ဆော့ဂျင် ကင်ထယ်ယောင်း ပတ်ဂျီမင်း ဂျောင်ဟိုဆော့"
သူတို့အနားရောက်လာတော့ နမ်ဂျွန်းကကျတော်တို့ကို လက်ညှိုးထိုးကာ မိတ်ဆက်ပေးတော့ ကျတော်တို့လည်းပြိုင်တူနှုတ်ဆက်လိုက်သည်
"မင်္ဂလာပါ တွေ့ရတာဝမ်းသာပါတယ်"
"Nae က‌ျတော့်နာမည်က Park Bogum ပါ"
"က‌ျတော်က Soobinပါ"
"ကျတော်က Jacksonပါ"
"ဟုတ် ဒါနဲ့လေ ဒီဆေးရုံမှာ ဒီလူအကုန်ပဲလား"
ဂျီမင်းမှမေးလိုက်သည်
"မဟုတ်ဘူး ဂျီမင်းရဲ့ သူနာပြုမလေးနှစ်ယောက်နဲ့ ဆရာဝန်မလေးတစ်ယောက်ကျန်သေးတယ်"
နမ်ဂျွန်းမှဖြေလိုက်သည်
"ရောက်ပါပြီ"
နမ်ဂျွန်းစကားသံအဆုံး ထွက်ပေါ်လာတဲ့အသံကြောင့်ကျတော်တို့အားလုံး နေယက်လှည့်ကြည့်လိုက်တော့ မိန်းကလေးသုံးယောက်
"အယ်လူစုံလို့ပါလား နမ်ဂျွန်းအိုပါးကကော ဘာလာလုပ်လာတာလဲ"
မိန်းကလေးတွေထဲက တစ်ယောက်က နမ်ဂျွန်းကို အိုပါးလို့ခေါ်လိုက်တာကြောင့် ထယ်ယောင်းတစ်ယောက် မျက်ခုံးအစုံဟာတွန့်ချိုးသွားပြီး အတွေးတွေလည်း ယောက်ယက်ခတ်ကုန်သည်

^ဘာလဲ အဲ့တစ်ယောက်နဲ့ နမ်ဂျွန်းဟျောင်းနဲ့ဘာတော်တာလဲ ဘာလို့အိုပါးလို့ခေါ်တာလဲ ဟာ! ဟျောင်းက အဲ့တစ်ယောက်ရဲ့ ခေါင်းကိုတောင်ပုတ်ပေးလိုက်သေးတယ် ဘာတွေလဲ မရဘူးနော် နမ်ဂျွန်းဟျောင်းက ငါ့အပိုင်နော်^

"အော် မိတ်ဆက်ပေးရဦးမယ် ဒါကဆိုလ်းကဆရာဝန်တွေလေ ဆရာတို့ သူတို့နှစ်ယောက်ကသူနာပြု Kim Army Yoon Dayoung[ယွန်းဒါယောင်း] Army ကတော့ကျတော့်ညမပေါ့ ဒီဘက်ကဆရာဝန်မလေး Li Yura[လီယူရာ]"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကောင်မလေး သုံးယောက်ထည့်ပေးလိုက်ပြီ ဟဲဟဲ 😁အကျင့်ယုတ်လိုက်ရမလား ဘယ်သူကဘယ်လိုပုံစံလဲဆိုတာတော့ နောက်အပိုင်း ကိုဖတ်ပေးကြပါဗျာ
Take care yourself ပါနော်
Borahae
All my readers
🐼🤗🐼🤗

Tom & JerryWhere stories live. Discover now