P 26

1.8K 169 16
                                    

ဆော့ဂျင်ရဲ့ စကားကြောင့် ပြိုတော့မယ့်မိုးလို ဖြစ်နေတာက ဂျောင်ကု ထိုမျက်နှာကို ကြည့်ပြီး စိတ်ထဲမှာကြိတ်ခွီနေတာက ဆော့ဂျင် အံ့ဩတကြီးဖြစ်နေရတာက ထယ်ယောင်းတို့

Seokjin's pov
ကျနော့်ရှေ့မှာ ရှိနေတဲ့လူသားက ကျနော့်ကို "Can I be your husband" လို့ပြောလိုက်တဲ့အချိန် ကမ္ဘာပေါ်မှာ အပျော်ဆုံးလူက ကျနော်ပဲ ဖြစ်မယ်ထင်တယ် ယော်ရာဘွန်းတို့ပဲ စဉ်းစားကြည့်လေ ကိုယ့်အချစ်ရဆုံး လူတစ်ယောက်က ကိုယ့်ကို သူ့ဘဝရဲ့လက်တွဲဖော်ဖြစ်ဖို့ ခွင့်တောင်းခံရတာ ဘယ်လောက်တောင်ပျော်စရာကောင်းလိုက်တဲ့ ဖြစ်ခြင်းလဲ

သူများတွေသာ အခုချိန်မှာဆို ပျော်လွန်းလို့ yes ဆိုတဲ့အဖြေကိုတန်းပေးမိကြမှာပဲ ဒါကေမယ့်ကျနော်ကတော့ နိုးလို့ပြောလိုက်တယ် အဲ့လိုပြောလိုက်လို့ ကုကုကို အ‌ေပျာ်ကြံတယ်မထင်ပါနဲ့ ဆုံးအောင်နားထောင်ပါဦး

ကိုယ့်မှာတော့ သူ့ကိုစိတ်ပူပြီး ပြေးလာလိုက်ရတာ အပေါ်ထပ်တောင်မဝတ်လာနိုင်ဘူး သူကျတော့ ဝတ်စုံအပြည့်အစုံနဲ့ကြည့်ကောင်းနေတယ် ဒီလိုလေးလုပ်ပေးမယ်ဆိုလည်း ကြိုမပြောတောင် အရိပ်အမြွက်တော့ ပြောပြသင့်တာပေါ့ အဲ့ဒါဆိုကျနော်လည်း နဲနဲပါးပါး ပြင်ဆင်လို့ရတယ်လေ အခုတော့ မဟုတ်ဘူး သူကျတော့ ဝတ်စုံအပြည့်နဲ့ မင်းသားတွေရှုံးလောက်အောင်ချောနေပြီး ကျနော်ကျတော့ညအိပ်ဝတ်စုံနဲ့ ကလေးကလားကျနေတာပဲ

ဘယ်လိုပဲ ဒီအခြေအနေကြီးမှာပျော်တယ်ဆိုဦးတော့ ဒီပုံစံကြီးနဲ့ကျတော့မဟုတ်သေးဘူးလေ ပြီးတော့နေရာ လင်ထက်ခွင့်တောင်းတာကလည်း သူများတွေလိုညစာလေးအတူစား ညရှုခင်းလေးကိုအတူခံစားပြီး လက်ထပ်ခွင့်တောင်း အဲ့လိုမှမဟုတ်ရင်လည်း ပန်းခြံလေးမှာပဲဖြစ်ဖြစ် တောင်းလို့ရတာကို အခုတော့ ဆေးရုံရဲ့အရေးပေါ်ခန်းထဲမှာ ပြီးတော့ခေါ်ပုံကလည်း ကုပဲအခုချက်ချင်းကြွတော့မလိုနဲ့ အဲ့တော့ဒီကကင်တော့ဂျင်လေး ချက်ချင်းအဖြေပြန်မပေးတာ မှန်တယ်မလား ယောရာဘွန်းတို့

ဒါပေမယ့်လည်း ပြင်ဆင်ထားပုံက လုံးဝအရေးပေါ်အခန်းလို့ ထင်ရက်စရာကိုမရှိအောင် သူနဲ့ကျနော်ရဲပုံတွေ မိုးပျံပူဖောင်းတွေ ပန်းတွေနဲ့ပြည့်နေတာပဲ ဒီတစ်ခုတော့ချီးကျူးရလိမ့်မယ်

Tom & JerryWhere stories live. Discover now