မင်းတို့စိတ်အခြေအနေမကောင်းလို့ ဝမ်းနည်းတဲ့အခါ ဒေါသထွက်တဲ့အခါ ပျော်တဲ့အခါမျိုးမှာဘာလုပ်တက်ကြလဲ ဥပမာကွာ..တချို့က ဝမ်းနည်းနေရင်ဒိုင်ယာရီရေးတက်ကြတာမျိုး ဒေါသထွက်နေရင် တရားထိုင်တာမျိုးပေါ့..
ဖြေကြည့်ပေးကြပါလား ကိုယ်လဲ လိုက်လုပ်ကြည့်ချင်လို့ ကိုယ်ပြောပြမယ်နော်ကိုယ်ဆိုရင် ဝမ်းနည်းနေရင် တယောက်ထဲကျိတ်ပြီးခံစားတက်တယ် ဘယ်သူကဘာလို့လဲလို့မေးမေး
မဖြေဘူး ဘာလို့ဆိုကိုယ်ခံစားရတာနဲ့ပက်သက်ပြီးကိုယ်ကအသိဆုံးလေ သူများအတွက်ကဘာမှမဟုတ်ဘူးဆိုရင်တောင် ကိုယ့်အတွက်ဒဏ်ရာဖစ်နေတက်တယ် အက်လိုမျိုး ဝမ်းနည်းနေရင် မျက်ရည်ကျတယ်
ဘယ်သူဆီမှလဲနှစ်သိမ့်မှုကို မရဖူးသလို လိုလဲမလိုချင်ဘူးအလားတူ ဒေါသထွက်နေရင် သူများတေလို တရားထိုင်ဖို့ဆို အဝေးကြီး အက်တာမျိုးကတကယ့်ကိုသမာဓိအားကောင်းမယ့်သူမှရမယ် ကိုယ်ကတော့ အနားမှာရှိတဲ့ပစ္စည်းတေခွဲပစ်ရမှ စာအုပ်ဆိုလဲ ဖြဲပစ်ရမှ (ဆယ်တန်းတုန်းကဆို အထူးထုတ်တေဖြဲပစ်တာ 😁)
ပျော်နေရင်တော့ အားလုံးကိုဝေမျှပေးတက်တယ်
မျှဝေခံစားပေးမယ့်သူတေထဲမှာ မနာလိုသူတွေကတော့ ရှိတက်စမြဲဆိုပင်မယ့် ကိုယ့်ပေးလိုက်တဲ့ အပျော်ကြောင့် သူတို့ပျော်ရွှင်သွားရပါလားဆိုတဲ့ စိတ်ကပိုပြီးအပျော်တိုးစေတယ်ဒီနေ့ ဒီစာလေးကိုရေးရတဲ့ရည်ရွယ်ချက်ရ ကိုယ့်မှာရှိတဲ့ စိတ်ဒဏ်ရာပေါ့ တမျိုးပြောရရင် အဲ့ကိစ္စနဲ့ပက်သက်ပြီး sensitive ဖြစ်လွန်းတဲ့caseပေါ့ ဒီလိုပြောရချင်းက ကိုယ့်စိတ်ကိုယ်မလုံတော့လို့ပါ အပ်တာကြီးကိုပဲကိုယ့်ဘာသာ တန်ဖိုးမဲ့နေသလို ခံစားနေရလို့ပါ..
ကိုယ်စာတော်တဲ့ထဲမှာမပါပါဘူး ဒါမဲ့ဆယ်တန်းကိုတော့နှစ်ချင်းပေါက်အောင်ခဲ့ပါတယ် eng နဲ့ mathsနဲ့ မြန်မာက လွဲရင် ကျန်တာတေက အောင်မှတ်ကျော်ကျော်နဲ့အောင်လာတာပါ ကိုးတန်းစာမေးပွဲပီးတော့ သုံးရက်နားပါတယ် အက်တာပြီးတော့ ဆယ်တန်းအတွက် ကျူရှင်ဆက်တက်တာပါ မနက်၆ ည ၁၂ပါ အိမ်ကိုက အိပ်တဲ့အချိန်ပြန်ပါတယ် အက်လိုမျိုးအောင်ဖို့ကြိုးစားခဲ့ရတာပါ စာမေးပွဲဖြေခါနီးအမေက ဗေဒင်မေးပြီးယတြာလုပ်ပေးပါတယ် အောင်တော့လဲ ဝမ်းသာပါတယ် အဲ့နောက် ကိုယ်တက်ခဲ့တဲ့ ကျူရှင်မှာguide ပြန်လုပ်ပါတယ် ကိုယ့်သူငယ်ချင်းတေပါသလို တနှစ်ငယ်တဲ့ကလေးတေကို ညဘက်စာပြန်ကြည့်ပေးရတာပါ
တနေ့ကျတော့ ကလေးတယောက်ကိုစာမေးရင် စာမရလို့ဆူတော့
"အမတောင်စာသေချာလုပ်ခဲ့လို့လားသူတောင်မှသေချာမလုပ်ခဲ့ပဲနဲ့" အဲ့စကားက ရုတ်တရတ်တော်တော်စိတ်ထဲမှာ ခံလိုက်ရတယ် အိမ်ကညမက မမကဗေဒင်နဲ့အောင်တာပါတဲ့ အဲ့စကားတေကြားပြီးနော်ပိုင်း
ဘယ်ကလေးကိုမှာစာမသင်ပေးတော့ဘူး အဲ့နောက်ပိုင်းလဲ လူကြားထဲဆို ကိုယ့်ရဲ့အမှတ်နဲ့ပက်သက်ပြီးသိမ်ငယ်ရတယ် ငါကဗေဒင်နဲ့တကယ်ပဲအောင်ခဲ့တာလားဆိုတာမျိုး ကိုယ့်ကိုကိုယ် တန်ဖိုးနဲအောင်လုပ်ပစ်တယ် အဲ့နှစ်ကကိုယ်တို့ကျုရှင်ဝိုင်းကနေ အောင်တဲ့သူ ၂၀ မှာ ကိုယ်နဲ့နောက်တယောက်နဲ့ပဲ ရိုးရိုးအောင်တာပါ တခြားသူတေက အနဲဆုံး Dတလုံးပါကြပါတယ်
YOU ARE READING
Review
Fantasiaကိုယ်ဖတ်လို့ကောင်းတဲ့(Tran)လေးတွေကို reviewပေးမှာပါ အဓိက ကတော့ အမှတ်တရသိမ်းထားချင်လို့ပါ ❤❤