ချာတိတ်/ခ်ာတိတ္[Namjin]{1}

391 34 54
                                    

👾Uni👾

'အချစ်~~အချစ်တဲ့~~ ပြောရတာ လွယ်သလောက် အဓိပ္ပါယ်တေက ထောင်သောင်းမကများတယ်~~ တချို့အချစ်တေက အဖြူထည် တချို့အချစ်တေကျ အရောင်တေအများကြီးနဲ့~~ တချို့ အချစ်တေက ပိုင်ဆိုင်ချင်တယ်~ တချို့ အချစ်တေကျ မဆိုင်ချင်ကြဘူး~~ တချို့အချစ်တေက ခိုင်မြဲတယ်~တချို့ အချစ်တေကျ တဖက်သက်ကြီး ဖြစ်နေပြန်ရော~ အချစ်ဆိုတာတချို့လူတေအတွက် ပျော်ရွှင်မှု~ တချို့ လူတေအတွက်ကျ ၀မ်းနည်းမှု~~ တချို့တေ အတွက်ကျ နာကျင်မှုတဲ့~~ ဒီလို နားလည်ရခက်တဲ့ အချစ်ဆိုတဲ့အရာကြီးက ကျနော့်အတွက်တော့ ပဟေဋိ တခုပဲ~~ အခုထိ အဖြေမထုတ်နိုင်သေးတဲ့ ပုဒ်စာ တပုဒ်ပေါ့~~'

_Kim Namjoon_

'တချို့တေအတွက် အချစ်ဆိုတာ ဘ၀ကြီး တခုလုံးတောင်ဖြစ်နေတယ်ဆိုပဲ~~ ကျနော့်အတွက် ကတော့ ဒါတေကအဓိပ္ပါယ်မရှိတဲ့ အရူးထမှု သက်သက်ပဲလို့ထင်မိတယ်~ လူတေက ပြောကြတယ်~ 'မင်းဒီလိုပြောနေတာဟာ မချစ်ဖူးသေးလို့' တဲ့ 'ချစ်ဖူးရင် ဘယ်လိုခံစားရလဲ ဆိုတာ ကောင်းကောင်းနားလည်လာလိမ့်မယ်' တဲ့~ ကျနော်ကတော့ ချစ်လဲ မချစ်ဖူးချင်ဘူး~ နားလည် မနားလည်ချင်ဘူး~~ ဘာမှအရေးမပါတဲ့ အရာတေ အတွက် အချိန်ကုန်ခံပြီး အလုပ်ရှုပ်နေရမယ့်အစား အက်လိုအချိန်တေမှာ ကိုယ့်ဘ၀အတွက် အထောက်အကူဖြစ်မယ့်အရာတေ လုပ်နေသင့်တယ် ထင်တယ်~ မဟုဘူး~~ အက်လိုပဲ လုပ်နေသင့်တယ်~~'

_Kim Seokjin_
.
.
.
.
.
.
.
"ကျနော့်နာမည် Kim SeokJin... အသက်က 25...အခုတော့ ကျနော့် appaရဲ့ company မှာပဲ အလုပ်လုပ်တယ်... appaရဲ့ သားလို့ မပြောပဲ ဟိုးအောက်ချေကနေစပီး အလုပ်လုပ်လာတာ အခုဆို မန်နေဂျာချုပ်တောင် ဖြစ်နေပီ...ကိုယ့်အားကို ကိုယ်ပီး အခုလိုနေရာရောက်လာတာဆိုတော့ appaကလဲ ၀မ်းသာဂုဏ်ယူနေတာပေါ့... ကျနော်ကလဲ အလုပ်လုပ်ရတာပျော်တယ်... ကျနော်က မိဘတေကိုလဲ အရမ်းချစ်တယ်... မိဘတေပီးရင် အချစ်ဆုံးကတော့ ကျနော့်အလုပ်ပဲပေါ့😁.. ဒါပေမယ့် အခုတလော ကျနော်နဲ့ မိဘတေကြားမှာ ပြဿနာသေးသေးလေးတေရှိနေတယ်... အက်တာကတော့ မိဘတေက ကျနော့်ကို လက်ထပ်စေချင် ကြတာပဲ... ပြဿနာက သေးသေးလေးလို့ ထင်ရပေမယ့်တကယ့်တကယ်ကျအကြီးကြီးဗျ... လက်ထပ်ဖို့မပြောနဲ့ ရည်းစားတောင် တခါမှ မထားဖူးသေးတဲ့ ကျနော့်ကိုဗျာ ချက်ချင်းကြီး လက်ထပ်ခိုင်းနေကြတာ... နောက်ပီး သူတို့ လက်ထပ်ဖို့စီစဉ်ပေးတဲ့ မိန်းကလေးတေကလဲ အကုန် စပ်စလူးစိန်တေကြည့်ပါပဲဗျာ... မိန်းကလေးဖြစ်ပီး အက်သလိုယွပိုးထိုးနေကြတဲ့ဟာတေကို ခံစားလို့ကို မရတာ:).. အက်တာကြောင့် အခုတော့ ကျနော့်မှာ ငြင်းပီးရင်ငြင်းနေရတယ်~~Appaနဲ့ommaက လက်မထပ်ရင်ကျနော့်ကိုစကားမပြောတော့ဘူးဆိုပဲ.. ဒီလိုအကျပ်ကိုင်တော့လဲ မိဘချစ်တဲ့ ကျနော်က မတတ်နိုင်ဘူး ယူမယ်ဘဲပြောရတာပေါ့... ဒါပေမယ့် ကျတော့်ချစ်မိတဲ့သူကိုပဲ ယူမယ်လို့ပြောထားတယ်.. appaနဲ့ommaကတော့ စောင့်ပါ့မယ်တဲ့.. ဒါပေမယ့် မယူလို့တော့မရဘူးတဲ့...အခုလဲ သူတို့ တွေ့ခိုင်းတဲ့ မျောက်မူးလဲမတေနဲ့ တွေ့ရအုန်းမယ်.. huu ဒီနေ့လဲ မျက်စိနှောက်ရအုန်းမှာပါ့လား"

|•L.O.V.E•| <<TK.YM.NJ. SHORT-STORIES>>Donde viven las historias. Descúbrelo ahora