행복감 - 7

632 97 39
                                    


" နူနားးးးး ဟွန်းနီးကို ဒီနေ့ မုန့်လိုက်ဝယ်ကျွေးးးးး "

ဂျယ်ယွန်း ဝိုင်းကူလုပ်ပေးနေတဲ့ ကျောင်းဆေးခန်းထဲကို ကလေးတစ်ယောက်လို ခုန်ပေါက်ပြီး ဝင်လာတဲ့  ပတ်ဆောင်းဟွန်း

" မင်းက ဒီမှာဘာလုပ်နေတာလဲ "

ဂျယ်ယွန်းကို မြင်တာနဲ့ မျက်နှာကိုတည်ပြီး cool guy ပုံစံဖမ်းကာ မေးလာတဲ့
ပတ်ဆောင်းဟွန်းကြောင့် ခွိကနဲရယ်မိတော့
သူပြန်ရလိုက်တာ မျက်စောင်းတစ်ခု

" အာ ဟွန်းနီးလေး ရောက်နေတာပဲ
ဒဏ်ရာရလာလို့လား ဘာဖြစ်လို့လဲ "

" ဘာမှ မဟုတ်ဘူး သွားတော့မယ်နူနား "

သူ့ကို တချက်လှမ်းကြည့်ကာ ထွက်သွားတဲ့ ပတ်ဆောင်းဟွန်း အမလေး ဘိုရာ နူနား
အချိန်မှီ ပြန်ရောက်လာတာ တော်သေးသည်
နောက်မို့ဆို ပတ်ဆောင်းဟွန်း မျက်စောင်းနဲ့
သူပြာကျတော့မလို့

" နူနားကို မုန့်လာဝယ်ကျွေးခိုင်းတာ
ကျွန်တော့်မြင်တော့ ရှက်သွားတာထင်တယ် "

" သူက အဲ့လိုပဲ ဂျယ်ယွန်းရေ အပြင်မှာသာ
ခပ်တည်တည်နေတာ ကလေးလေးလိုပဲ "

ဟုတ်မှာပါ ကလေးတော့ကလေး
ဒါပေမယ့် ကလေးဆိုးလေး

___

ဂျောင်ဝန်းတို့နဲ့ ထမင်းစားနေရင်း ပတ်ဝန်းကျင်ကို တစ်ချက်လှမ်းကြည့်မိတော့ ထောင့်ဝိုင်းနားကနေ သူ့ကို လက်ပိုက်ကာ ကြည့်နေတဲ့
ပတ်ဆောင်းဟွန်း အာ ဒီကောင်ဘာလို့ကြည့်နေတာလဲ ကြက်သီးထလိုက်တာ

" ဂျယ်ယွန်း ဘာဖြစ်နေတာလဲ စားလေ "

" အာ အင်းပါ "

ဂျောင်ဝန်းက သူ့ကိုစကားပြန်ပြောပေမယ့်
အရင်လို ကောင်းကောင်းမွန်မွန် ပြန်မပြောသေးစိတ်ဆိုးမပြေသေးတာ သေချာတယ်
ဘာလို့များ ပတ်ဆောင်းဟွန်းနဲ့ ပတ်သက်ရင် ဂျောင်ဝန်းက တအားစိတ်ဆတ်နေရတာပါလဲ

___

ဂျယ်ယွန်းတစ်ယောက် ဆိုင်မှာ
ခုံပေါ်တက်ပြီး ပစ္စည်းတွေစီနေတုန်း
ကြားလိုက်ရတဲ့ တံခါးဖွင့်သံ " ကြွပါခဗျ " လို့ထုံးစံအတိုင်း ပြောလိုက်ရင်း အပေါ်ဆုံးစင်က မုန့်ထုတ်ကို လှမ်းအယူ

××  𝙴 𝚄 𝙿 𝙷 𝙾 𝚁 𝙸 𝙰  ××Where stories live. Discover now