행복감 - 10

524 86 34
                                    


" ဘရိုတို့က ဒါမျိုးဆိုအရမ်းတက်ကြွကြတယ်နော် "

" ဒါမျိုးက တက်ကြွကောင်းတယ်လေ ဟျောင်းရာ "

ဂျယ်ယွန်းတို့ ချိန်းထားတဲ့ဘားကို ရောက်တော့
ဂျုံဆောင်းတို့ အကုန်လုံးကရောက်နှင့်နေကြပြီ

ရောင်စုံ မီးရောင်တွေကြားက ကာလာစုံလူသားတွေပြည့်နှက်နေတဲ့ အခန်းထဲရောက်ရောက်ချင်း နားစည်ထဲသို့ ဆူညံစွာတိုးတိုက်ဝင်ရောက်လာတဲ့ သီချင်းသံတွေနဲ့ အသက်တစ်ချက်ရှုသွင်းလိုက်တိုင်း နှာခေါင်းထဲသို့ ဝင်ရောက်လာတဲ့ ယမကာ အနံ့ပေါင်းစုံခပ်စူးစူးတို့​ကြောင့် ဂျယ်ယွန်း မသောက်ရသေးခင်ကပင် လူကပျော့ခွေကာ လဲကျချင်နေပြီ

ဘေးမှ စကားကောင်းနေသည့် ဂျုံဆောင်းတို့
ကတော့ သတိထားမိပုံမရ မတတ်နိုင်ဘူး သူကိုယ်တိုင်လိုလိုလားလား လိုက်လာခဲ့မိတာကို

" ဂျယ်ယွန်း ရော့ ပထမဆုံးသောက်မှာမလား ဒီကောင်ကသိပ်မပြင်းဘူး "

" ကျေးဇူးပဲ "

" သောက်နိုင်ရဲ့လား ခွေးပေါက်လေး "

" ဒီလောက်ကတော့ ကျွန်တော် သောက်နိုင်ပါတယ် "

အသက်ပြည့်ပြီးသား ယောက်ကျားလေးတစ်ယောက်အနေနဲ့ ဒီလောက်မှမသောက်နိုင်ဘူးပြောရင် ရှက်စရာကောင်းတယ်လေ
ဂျုံဆောင်းလှမ်းပေးသည့် ခွက်ကို တကျိုက်တည်းမော့ချလိုက်တော့ ခါးသက်သက် ယမကာရဲ့ ပြင်းရှရှအရသာက ပူလောင်စွာ လည်ချောင်းတစ်လျှောက် စီးဆင်းသွားတော့ ဂျယ်ယွန်း မျက်နှာတချက်ရှုံ့လိုက်မိသည်

" ဟေ့ကောင် ဂျယ်ယွန်း ရရဲ့လား မရရင် ဆက်မသောက်နဲ့တော့!! "

" ရတယ် ဒီလောက်ကတော့ အေးဆေး နောက်တစ်ခွက်ထပ်ပေး ဂျုံဆောင်း "

" အဆင်မပြေရင် ဆက်မသောက်နဲ့တော့လေ ခွေးပေါက်လေးရဲ့ "

" ရပါတယ်ဆိုဗျာ သောက်နိုင်တယ်!! "

ဟျောင်းက ပေးလိုက်ဆိုတဲ့ ပုံစံမျိုးနဲ့ ခေါင်းညိမ့်ပြတော့မှ ဂျုံဆောင်းက ခေါင်းတခါခါနဲ့ ခေါ်လာမိတာမှားပြီဆိုတဲ့ပုံစံမျိုးဖြင့် နောက်တစ်ခွက်ထပ်ထည့်ပေးသည်

××  𝙴 𝚄 𝙿 𝙷 𝙾 𝚁 𝙸 𝙰  ××Where stories live. Discover now