Part-6

1.2K 74 9
                                    

Unicode

ရှောင်းကျန့်ကားမောင်းရင်းတွေးမိတယ်သူအစကထင်ထားတာရိပေါ်ကစကားများတယ်‌မွှေတယ်လို့ပေါ့သူရိပေါ်နဲ့ပေါင်းပါများလို့လားမသိဘူးရိပေါ်ကယောက်ျားလေးပေမဲ့စိတ်ထားမြင့်မြတ်ပြီးသူတစ်ပါးအတွက်တွေးပေးတတ်တာကိုပါသူသိလာတယ်သူစိတ်ထဲကသာတွေးနေတာအပြင်မှာတော့ရိပေါ်ကိုစကားမပြောဖြစ်ဘူးသူကိုယ်တိုင်ကစကားအများကြီးပြောရတာမကြိုက်တာလေ
ရိပေါ်နဲ့ရှောင်းကျန့်တို့ကားလေးကရှောင်းအိမ်တော်ရှေ့မှာရပ်သွားတယ်ရှောင်းကျန့်ကားပေါ်ကဆင်းရိပေါ်ဆင်းမလို့ရှိသေးရှောင်းကျန့်ကတံခါးလာဖွင့်ပေးတာကြောင့်ရိပေါ်ဆင်းမှာကိုမဆင်းပဲရှောင်းကျန့်ကိုတအံ့တဩကြည့်နေမိတယ်ရှောင်းကျန့်သူ့ကိုကားတံခါးဖွင့်ပေးတာဒါပထမဆုံးလေသူမထင်ထားတာကိုရှောင်းကျန့်ကလုပ်လိုက်တယ်ဘာလုပ်တာလဲဆိုတော့သူ့ကိုကြောင်ကြည့်နေတဲ့ရိပေါ်ကိုကားပေါ်ကပွေ့လိုက်တယ်လေအဲ့တော့မှရိပေါ်တယောက်ပြန်သတိဝင်တော့တယ်

"ကျန့်ကျနော့်ကိုဘာလို့ပွေ့တာလဲအောက်ချပေး"

"မင်းကငါတံခါးဖွင့်ပေးတာမဆင်းပဲကြောင့်ကြည့်နေတာလေအဲ့တော့ငါကစိတ်မရှည်တော့လို့ပွေးလိုက်တာ"

"အခုချတော့လေအိမ်ထဲဝင်ရအောင်လို့‌အန်ကယ်နဲ့ကောစောင့်နေလိမ့်မယ်"

"မချပေးဘူးငါဒီလိုပဲခေါ်သွားမယ်ပိုမြန်တာပေါ့"

"ဒါမဲ့ဒီလိုပွေ့ထားတာမကောင်းဘူးလေကျန့်ရယ်ချပေးပါနော်ကြာမဆိုးလို့"

"မင်းစကားများနေတာပိုကြာတယ်လေငြိမ်ငြိမ်နေနော်မနေရင်ငါလွှတ်ချလိုက်မှာ"

ရိပေါ်တယောက်ရှောင်းကျန့်ကိုမကြောက်ရှာဘူးချက်ချင်းကိုငြိမ်သွားတော့တာပဲရိပေါ်ငြိမ်သွားတာနဲ့ရှောင်းကျန့်ကရိပေါ်ကိုပွေ့ပြီးရှောင်းအိမ်တော်ထဲကိုဝင်လာလိုက်တယ်ရိပေါ်ကတော့နှုတ်ခမ်းကြီးဆူပြီးပါလာတယ်‌လေရိပေါ်မသိလိုက်တာကရှောင်းကျန့်ရဲ့ကွေးတက်သွားတဲ့နှုတ်ခမ်းလေးကိုပဲ
ရိပေါ်နဲ့ရှောင်းကျန့်အိမ်ထဲရောက်တော့ရှောင်းပါးရယ်ရှင်းချန်ရယ်ကပြုံးကြည့်နေတယ်ရိပေါ်ကတော့ရှက်လွန်းလို့ပါးတေပါရဲနေပြီရှောင်းကျန့်ကအိမ်ထဲရောက်တာတောင်ခုချိန်ထိရိပေါ်ကိုအောက်မချပေးသေးဘူးလေ

မင်းဟာကိုယ့်အတွက်အရာရာ❤Complete💚🐰Zhanyi🐷Donde viven las historias. Descúbrelo ahora