Part-17{final}

1.9K 68 9
                                    

Unicode

ရှောင်းကျန့်ဟာရိပေါ်ကိုတကယ်ဂရုစိုက်ပါတယ်ရိပေါ်ကိုကနေဒါကနေပြန်ခေါ်လာတဲ့နေ့ကစပြီးခုချိန်ထိရိပေါ်ဘေးနားကနေခနလေးတောင်မခွာပါဘူးအလုပ်ကိုလဲရှောင်းပါးရယ်ရှင်းချန်ရယ်ပဲအလုပ်လွှတ်ပြီးသူကတော့ရိပေါ်နားကနေမခွာဘူးလေရိပေါ်တစ်ခုခုစားချင်တာနဲ့‌ရိပေါ်ရဲ့ရှေ့ရောက်ပြီးသားပဲတကယ်ကိုရိပေါ်လိုတိုင်းတလို့ရနေတာပါရှောင်းပါးတို့ကလည်းဘာမှမပြောပါဘူးဘာလို့ဆိုရိပေါ်စိတ်ချမ်းသာရင်သူတို့လည်းကျေနပ်တာကြောင့်ပါ

အခုဆိုသူတို့နှစ်ယောက်ရဲ့အချစ်သက်ေတဖြစ်တဲ့ကလေးလေးကိုရိပေါ်မွေးဖွားလာခဲ့ပြီဒီနေ့ကသူတို့အတွက်တကယ်ကိုထူးခြားတဲ့နေ့လေးပါကလေးလေးကိုနမည်ပေးတော့လဲရိပေါ်စိတ်ကြိုက်ကိုပဲပေးခိုင်းခဲ့တယ်

သူတို့ရဲ့သမီးလေးနမည်ကိုရိပေါ်ကရှောင်ရှောင်းရီလို့ပေးခဲ့တယ်ရှောင်းရီလေးဟာအခုဆိုအသက်တစ်နှစ်အရွယ်ရောက်နေပြီရှောင်းရီလေးကရှောင်းကျန့်နဲ့တစ်ပုံစံတည်းလုံးဝတည်တည်ငြိမ်ငြိမ်လေးအခုချိန်ထိမတည်ငြိမ်သေးတာရိပေါ်ပါကလေးမွေးပြီးမှရိပေါ်ကပိုလို့တောင်ဆိုးလာသေးတယ်အရင်ကလိုအမွှေစိန်လေးရိပေါ်ကအခုဆိုအမွှေစိန်ထက်ပိုမွှေတဲ့ဘွဲ့တောင်ယူရမယ်ထင်တယ်

အခုလည်းရှောင်းကျန့်တစ်ယောက်ရိပေါ်ကိုလိုက်ရှာနေရတယ်မနက်ကသမီးကိုအပြင်မခေါ်ရဘူးပြောထားတာကိုရှောင်းကျန့်မသိခင်ကလေးကိုခေါ်ပြီးအပြင်ထွက်သွားတယ်ဆိုလို့ရှောင်းကျန့်လိုက်ရှာနေရခြင်းရိပေါ်နဲ့သမီးလေးကိုတုန်နေအောင်ချစ်တဲ့ရှောင်းကျန့်ခမျာမနက်ကတည်းကခုထိလိုက်ရှာတာမတွေ့လိုတကယ်ကိုစိတ်တေပူနေပါပြီနောက်ဆုံးမတွေ့တာနဲ့ရှောင်းကျန့်အိမ်ပြန်လာပြီးရှောင်ပါးတို့နဲ့တိုင်ပင်ပြီးလိုက်ရှာဖို့တွေးလိုက်တယ်

ရှောင်းကျန့်အိမ်ပြန်ရောက်တော့ခြံထဲမှာရိပေါ်နဲ့သမီးလေးကဆော့နေတယ်လေရှောင်းကျန့်တစ်ယောက်သူများမျက်စိမှားတာလားလို့သူ့မျက်လုံးကိုမှိတ်လိုက်ပြီးပြန်ဖွင့်ကြည့်တော့လဲရိပေါ်နဲ့သမီးလေးကိုတွေ့နေရတယ်

မင်းဟာကိုယ့်အတွက်အရာရာ❤Complete💚🐰Zhanyi🐷Donde viven las historias. Descúbrelo ahora