••{UNICODE}••

718 58 3
                                    

"သောက်ကောင်မနင်ကများဘာသိလို ့လဲ"

ဖြန်း!!

လည်ထွက်သောခေါင်းနှင့်ရိုက်ချက်ပြင်းပြင်းကြောင့်ကိုယ်ကြမ်းပြင်ပေါ်ကိုလဲကျသွားတယ်
သွေးစို ့သွားတဲ့နှုတ်ခမ်းကိုဖိသုတ်ပြီး
ပါးပြင်ပေါ်ကိုကျနေတဲ့ပူနွေးနွေးမျက်ရည်တွေလွင့်စင်သည်အထိကိုယ့်အပေါ်ထပ်ကအခန်းကိုမြန်မြန်တက်ပြီးလော့ခ်ချလိုက်ရတယ်
ဆက်နေရင်ခါးပတ်ဒဏ်တွေကိုခံစားနိုင်စွမ်းမရှိလို ့
တဒုန်းဒုန်းထုနေတဲ့တံခါးသံတွေကိုမကြားချင်ယောင်ဆောင်လို ့
ကိုယ်မျက်လုံးတွေကိုမှတ်ကာအခန်းရဲ့ထောင့်လေးမှာခန္ဓာကိုယ်ကိုကျုံကာထိုင်မိတယ်
တအိအိရိုက်သံတွေကိုနှုတ်ခမ်းဖိကိုက်ရင်းတတ်နိုင်သမျှအသံမထွက်နိုင်အောင်နေမိတယ်

ခဏအကြာမှာအပြင်ကတံခါးထုသံတွေရပ်တန့်သွားတယ်
ဝုန်းခနဲဆိုရွာကျလာတဲ့မိုးရေစက်တွေကကိုယ့်အခန်းရဲ့ပြတင်းပေါက်မှာစီးကျလို ့

ငိုက်စိုက်ထားတဲ့ခေါင်းနဲ့အတူပါးပြင်ပေါ်ကခြောက်နေပြီဖြစ်တဲ့မျက်ရည်စီးကြောင်းတွေရယ်
မသိရင်ကိုယ်ကအရူးမကြီးတစ်ယောက်လို
18 နှစ်ဖြစ်တဲ့ကိုယ်ကကျောင်းလဲမတက်ရသလိုငယ်ငယ်ထဲကအိမ်ထဲမှာပဲတောက်တိုမယ်ရလုပ်ရတယ်
အရိုက်လဲခံရတယ်
ဆွေမရှိမျိုးမရှိတစ်ကောင်ကြွက်ကအပြင်ထွက်ပြေးလဲနေစရာမရှိသလိုပညာလဲမတတ်တော့ငတ်သေရုံပဲ
အကြောင်းမရှိငေးနေတဲ့ပြတင်းပေါက်ကမိုးရေစက်တွေကတဖြည်းဖြည်းသည်းထန်လာတယ်

"ဟေး..က​ေလးမ!!"

အမ်ဘာတုန်းဟ
တစ်ယောက်တည်းရှိတဲ့အခန်းမှာကိုယ်အသံကြားလိုက်ရတယ်

"ဘယ်သူလဲ"

မိုးတွေကသည်းနေဆဲ

"မျက်နှာချင်းဆိုင်နံရံကိုလျှောက်လာခဲ့"

ချက်ချင်းထရပ်လိုက်တဲ့ကိုယ့်ခြေထောက်တွေနဲ့ထိုလူ ့စကားအတိုင်းနံရံရှေ့မှာသွားရပ်မိတယ်
နံရံပေါ်မှာဖြေးဖြေးချင်းပေါ်လာတဲ့လက်ဖဝါးအရာလေးတစ်ခု

"ကိုယ့်လက်ကိုမင်းလက်နဲ့ကပ်လိုက်"

ကိုယ့်ရဲ့လက်ဖဝါးကနံရံကထိုသူ ့လက်ဖဝါးကိုဖိကပ်လိုက်တယ်
ပြောတဲ့အတိုင်းလိုက်လုပ်နေမိတဲ့ကိုယ့်ကိုကိုယ်လဲမသိတော့

 ᴡɪᴛʜ ʏᴏᴜ [ᴏɴᴇ sʜᴏʀᴛ ✔]Where stories live. Discover now