Chapter 1

2.7K 131 6
                                    

ချူးပိုင်လဲ့ သူ့ယောကျာ်းနှစ်ယောက်ရဲ့ ဖောက်ပြန်ခြင်းကို ခံခဲ့ရတယ်။သူ့ယောကျာ်းနှစ်ယောက်က သူ့ရှေ့မှာ မယားငယ်ကောင်ရဲ့ လက်ကိုတွဲပြီးတော့ သူ့ကို ထားသွားခဲ့ကြတယ်။ပိုင်လဲ့ရဲ့ ပြာဖျော့ဖျော့မျက်ဝန်းအိမ်တို့မှ မျက်ရည်များ တရက်စပ် စီးကျ လာခဲ့သည်။သူ့ရင်ဘတ်ထဲမှာလည်း သေလောက်အောင် နာကျင်ရသလို ဒီလောကကနေ ပျောက်ကွယ်သွားချင်မိလောက်အောင်ကို သူ့ရဲ့ စိတ်အလုံးစုံတို့က ပျက်ဆီးသွားခဲ့သည်။

ဒါမဲ့  ရင်နှင့်အမျှ ထိုနာကျင်မှုတွေက သူ့ရဲ့ ဖြူစင်တဲ့အခြမ်းကိုလုံးဝ အစအနရှာမရအောင် ပျက်ဆီးသွားစေခဲ့သလို သူ့ရဲ့ဆိုးညစ်တဲ့ အခြမ်းက သူ့ဆီလျှောက်လှမ်းလာခဲ့သည်။ပိုင်လဲ့ရဲ့ ညစ်ထေးနေတဲ့ နှလုံးသားတစ်ခြမ်းမှာ သူ့ယောကျာ်းနှစ်ယောက်ကို သူ့ခြေရင်းမှာ အစေခံတွေလို ဝပ်တွားခံရစေချင်ပြီး သူခံစားရသမျှထက် အဆ၁၀၀လောက် ပြန်ခံစားစေချင်ခဲ့သည်။သူ့ရဲ့ မှောင်မိုက်နေတဲ့ထို အခြမ်းတစ်ခြမ်းကြောင့်ဘဲ သူ့ကို ပိုသန်မာလာစေပြီး သူ့ရဲ့တစ်ကိုယ်လုံး ဆိုးညစ်ယုတ်မာသွားစေဖို့ ဂျမ်ဂျမ်(system) က သူ့ကိုရှာတွေခဲ့သည်။

[ပြစ်မှတ်ကိုရှာတွေ့ပါပြီ။ချူးပိုင်းလဲ့ ငါ့ရဲ့ကလေးလေးဖြစ်ပေးမလား။]

ပိုင်လဲ့ သူကူကယ်ရာမဲ့နေတဲ့ အချိန်မှာ လက်လှမ်းပေးတဲ့ ဂျမ်ဂျမ်ရဲ့ လက်ကို ဆုတ်ကိုင်ခဲ့သည်။

"ကောင်းပြီ။ငါ့ကို ပြုပြင်ပေးပါ"

ထို့နောက် ဂျမ်ဂျမ်က သူ့ဘဝကို ပြန်လည်လင်းလက်လာအောင် လမ်းပြပေးခဲ့သည်။သူ့ရဲ့ ဘေးမှာနေပြီး သူခံစားနေရတာတွေကို သက်သာလာအောင် လုပ်ပေးသည်။ထိုနှစ်ကောင်ပေါ်ထားတဲ့ သူ့အချစ်တွေကိုလည်း အနည်ထိုင်စေရန် ကြိုးစားပေးသည်။
ဟက်!မင်းတို့ နွားနှစ်ကောင် ငါနှလုံးသားထဲက​နေ ပျောက်ကွယ်သွားတော့မှာပါ။

ဟာဝိုင်အီကမ်းခြေရှိ ဗီလာတစ်ခု၏ အပေါ်ဆုံးခေါင်းမိုးထပ် တစ်ခုလုံးကိုနေရာယူထားသည့် ရေကူးကန်ထဲတွင် ကောင်လေးတစ်ယောက် ရေစိမ်နေပြီး ကန်ဘောင်ကိုကျောမှီထားလျက် နှစ်ချို့ဝိုင်ထည့်ထားသည့် ဖန်ခွက်ကို ကိုင်လျက် အရသာခံသောက်ရင်း ကမ်ခြေအလှကို ရှုစားနေလေသည်။

ဟ!ဟ!  မင်းတို့နှစ်ယောက်လုံး ငါ့ခြေရင်းမှာခစားစေရမယ်!!Where stories live. Discover now