Chapter 4

883 87 5
                                    

အပြာရောင်ကောင်းကင်ကြီးနှင့် တိမ်အနည်ငယ်သာရှိသော ရှုခင်းကို မော့ကြည့်နေသည့် ဖြူဖပ်ဖပ်မျက်နှာလေးက တကယ်ကို ပန်းချီကားချပ် တစ်ချပ်အလား လှပနေလေသည်။

ပိုင်လဲ့ လူကြီးလူကောင်းဆန်ဆန် suitကို ဝတ်ဆင်ထားလျက် ပြောင်လက်နေသည့် သားရေဖိနပ်တစ်ဖက်က ကားပေါ်ကနေ ချလိုက်ရင်း ဆင်းလာလိုက်သည်။

ဒီနေ့ ရာသီဥတုက တော်တော်သာယာနေတာဘဲ။ဟင်း.....ဒါမဲ့ ဒီနေ့က လူတစ်ယောက်ရဲ့ ကျရှုံးမှုအစ ဖြစ်နေတာကတော့ စိတ်မကောင်းစရာဘဲ။ပိုင်လဲ့ သူဖိုင်ထဲက ပုံထက်ကို အပြင်မှာ အရမ်းတောက်ပပြီး ဖြူစင်နေသည့် ထိုကောင်လေးရှေ့မှာ ရပ်လိုက်သည်။

"Hello babby!!ပထမဆုံးတွေ့ဆုံရတာဝမ်းသာပါတယ်"

အပြုံးလေးတစ်ခုနှင့် နှုတ်ဆက်စကားပြောလိုက်ပေမဲ့ ထိုကောင်လေးကတော့ သူ့ကို တအံ့တဩကြည့်နေပြီး ကြောင်တောင်တောင်နဲ့ ရပ်နေသည်။

"ဒီမှာ မင်း ငါပြောတာကိုကြားရဲ့လား"

ပိုင်လဲ စိတ်မရှည်တော့တာကြောင့် မျက်နှာထားတည်တည်နဲ့ ပြောလိုက်ခံမှာ ခါးကုန်းပြီး ခေါင်းငုံ့လို့ တောင်းပန်လာသည်။

"အာ....တောင်ပန်ပါတယ် ဒီကဘယ်သူပါလဲ"

ပိုင်လဲ့ ထိုကောင်လေးမေးတာကို ပြန်မဖြေဘဲ အေးစက်စက်အကြည့်တစ်ချက်သာ ပေးလိုက်သည်။သူနဲ့ အတူခေါ်လာတဲ့ ကိုယ်ရန်တော်နှစ်ယောက်ကိုသာ ကြည်လိုက်ပြီး ခေါ်ခဲ့ဖို့အမိန့်ပေးလိုက်သည်။

တကယ်ကို သူဘာတွေလုပ်နေမိမှန်းမသိဘူး။တကယ်ဆို ထိုကောင်လေးကို ဖမ်းပြီး ခေါ်လာဖို့သာ ပိုင်လဲ့ စဉ်းစားထားတာဖြစ်သည်။ခုတော့ ဘယ်လိုကနေ ဘယ်လို ကားပေါ်ကဆင်းပြီး သွားစကားပြောမိမှန်းမသိ။ထိုကောင်လေး သူ့ကို ဘာမှပြန်မပြောဘဲ ကြောင်တောင်တောင်နဲ့ ကြည့်နေမှသာ သူဘာလုပ်နေမိမှန်း သတိရတာ။တကယ်လို့ အကိုတုကျွင်းသာရှိရင် ခုလိုဖြစ်မှာမဟုတ်ဘူး။ဒီရက်ကျမှ အဘိုးက အကိုတုကျွင်းကို အလုပ်ကိစ္စနဲ့ တိုကျိုကို လွှတ်လိုက်တာကြောင့် သူလည်း တားလို့မရလိုက်ပေ။

ပိုင်လဲ့ သူ့ရဲ့ ကိုယ်ပိုင်အိမ်တော်ကို ပြန်ရောက်လာတာနှင့် သူ့ရဲ့နောက်က ကားနဲ့ခေါ်လာသည့် ကောင်လေးကို အခန်းတစ်ခန်းထဲ ထည့်ခိုင်းထားလိုက်သည်။သူ ထိုကိစ္စအတွက် အချိန်တွေအများကြီး မပေးနိုင်သေးဘူးလေ။ဒီနေ့မှာ ယန်ကောင်းဝူအတွက် သူရဲ့ ပထမဆုံးခြေလှမ်းစမှာမလို့ အလုပ်ကိစ္စတွေ အကုန်လုံး လက်စသတ်ထားခဲ့ပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ သူတို့ဂိုဏ်းကို အင်တာပို ကရောက်လာတာကြောင့် အလုပ်ရှုတ်နေခြင်းသာ။

ဟ!ဟ!  မင်းတို့နှစ်ယောက်လုံး ငါ့ခြေရင်းမှာခစားစေရမယ်!!Where stories live. Discover now