Chapter 7

721 81 8
                                    

ပိုင်လဲ့ သူ့စိတ်ဝိဥာဉ်အတွင်းတွင် စာအုပ်တစ်အုပ်ပေါ်လာတာကြောင့် အံ့ဩသွားရသည်။ဘယ်လိုလုပ် စာအုပ်တစ်အုပ်က သူ့ရဲ့ခန္ဓာကိုယ်အတွင်းထဲကို ရောက်လာရတာလဲ။ထို့ကြောင့် ဂျမ်ဂျမ်ကို မေးဖို့ လုပ်လိုက်ချိန်တွင် အရင်ဆုံး ဂျမ်ဂျမ်က ပြောလာလေသည်။

[အဲ့ဟာ နင်နဲ့ အလိုက်ဖက်ဆုံးသိုင်းကျင့်စဉ်ဘဲ။]

"ဂျမ်ဂျမ်! အဲ့ဒါက နင်ပေးတဲ့ဟာဆိုတော့ ထားပါတော့။ဒါမဲ့ ဘာလို့ ငါ့ခန္ဓာကိုယ်အတွင်းထဲ ရောက်နေပြီး ငါကကော ဘာလို့ မြင်နိုင်စွမ်းရှိနေရတာလဲ"

လဲ့လဲ့ စကားကြားမှ လဲ့လဲ့က စွမ်းအင်တွေနဲ့ မရင်းနှီးတဲ့သူဆိုတာ ဂျမ်ဂျမ် သတိရလိုက်သည်။

[အာ......ဟုတ်သား.....တကယ်တော့ ငါက နင့်ရဲ့ စိတ်ဝိဥာဉ်အတွင်းထဲကို ထည့်ပေးလိုက်တာ။'နတ်ဆိုးစကြဝဠာ ဖျက်ဆီးခြင်းကျမ်း'က စကြဝဠာတစ်ခုလုံးမှာ တားမြစ်ထားတဲ့ကျမ်းတစ်ခုဘဲ။ငါအကြံပေးချင်တာကတော့ အဲ့ကျမ်းကို စိတ်ဝိဥာဉ်အတွင်းထဲ ထည့်ထားပြီး နင့်ရဲ့ ဝိဥာဉ်နဲ့ ချိတ်ဆက်ထားတောင် မလုံခြုံတာကြောင့် နင်တစ်အုပ်လုံးကို မှတ်မိအောင်လုပ်ပြီးတာနဲ့ ဖျက်ဆီးပြစ်သင့်တယ်။]

*ဘာလို့ဆို နင်တစ်ယောက်ထဲကဘဲ အဲ့ကျမ်းကို ဖျက်ဆီးနိုင်တာကြောင့်ပဲ။*

ဂျမ်ဂျမ်စိတ်ထဲမှာ ရေရွတ်လိုက်သည်။နတ်ဘုရားတွေကတောင် ထိုကျမ်းကို မဖျက်ဆီးနိုင်ပေ။စကြဝဠာ နတ်ဆိုးဧက္ကရာဇ်ခန္ဓာကိုယ်ရှိတဲ့ လဲ့လဲ့တစ်ယောက်ထဲကသာ ဖျက်ဆီးပြစ်နိုင်သည်။

နတ်ဆိုးစကြဝဠာဖျက်ဆီးခြင်းကျမ်းကို ကျင့်ကြံနိုင်သည့် မည်သူမဆို လူတစ်ယောက်ဖြစ်နေရင်တောင် စကြဝဠာကြီးကိုပင် ဖျက်ဆီးနိုင်လိမ့်မည်။ဒါမဲ့ ထိုအဆင့်သို့ ရောက်ရန် ကျင့်ကြံနိုင်ဖို့ကလည်း အရမ်းကို ခက်ခဲလှပေသည်။

ထိုသို့အန္တရာယ်ရှိသည့် ကျမ်းကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းသိန်းချီတုန်းက ကောင်းကင်ဘုံက နတ်ဘုရားအားလုံး အလုအယက် တိုက်ခိုက်ပြီး သေကြပျက်ဆီးခဲ့ကြရသည်။နောက်ဆုံးအလင်းနတ်ဘုရားကသာ ထောင်သောင်းချီသော နတ်ဘုရားအားလုံးကို အနိုင်ယူပြီး ထိုကျမ်းကို ပိုင်ဆိုင်သွားခဲ့သည်။ထိတ်လန့်စရာကိစ္စတစ်ခုကတော့ ထိုကျမ်း ကျင့်ကြံနေချိန်တွင် အလင်းနတ်ဘုရား၏ ခန္ဓာကိုယ်သည် အက်ကွဲရာများ တစ်ဖြည်းဖြည်းထင်လာပြီး ကြေမွပျက်ဆီးသွားခြင်းပင်။ကောင်ကင်ဘုံတွင် ထိုကျမ်းကို ပိုင်ဆိုင်ပြီး ကျင့်ကြံခဲ့တဲ့ နတ်ဘုရားအားလုံး ကြေမွသွားခဲ့သည်။နောက်မှသာ စကြဝဠာနတ်ဆိုး ဧက္ကရာဇ်ခန္ဓာကိုယ်ကသာ 'နတ်ဆိုးစကြဝဠာဖျက်ဆီးခြင်းကျမ်း'ကို ကျင့်ကြံနိုင်မှန်း အဖြေရှာထုတ်ခဲ့ကြသည်။ဒါမဲ့ စကြဝဠာနတ်ဆိုးဧက္ကရာဇ်ခန္ဓာကိုယ်သည် နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေရဲ့ စစ်ပွဲကြောင့် နတ်ဆိုးကမ္ဘာမှ နတ်ဆိုးအားလုံး သုတ်သင်ရှင်းလင်းခံလိုက်ရကတည်းက ပေါ်မလာတော့ပေ။ထိုအချိန်မှစ၍ လုံခြုံရေး အမြင်ဆုံး ကောင်းကင်ဘုံ၈ထပ်မြောက်တွင် ထိုကျမ်းကို ချိတ်ပိတ်ထားခဲ့သည်။

ဟ!ဟ!  မင်းတို့နှစ်ယောက်လုံး ငါ့ခြေရင်းမှာခစားစေရမယ်!!Where stories live. Discover now