King's

27.9K 1.3K 172
                                    

*သားတော်လေး ဖွားမြင်ပြီ..သားတော်လေး ဖွားမြင်ပြီ*

*အဲ့..အဲ့..ဟင့်*

ချန်နိုင်ငံဆီမှ ဝမ်းသာအားရ အော်ဟစ်သံ၊ ချီးကျူးထောမနာပြုသံများသည် ကောင်းကင်ကြီးကို လွှမ်းခြုံသွားမတတ်ပင်။ ချန်နိုင်ငံ၏ ဘုရင်ကြီးဆီတွင် သားသမီးဟူ၍ မဖြစ်ထွန်းခဲ့။ မွေးဖွားခဲ့သည့် ကလေးတိုင်းသည် မီးတွင်းထဲမှာပင် သေဆုံးသွားသည်။

မိဖုရားတိုင်း ကိုယ်ဝန်ဆောင်ခဲ့ပေမယ့် ဘယ်သူမှ အရှင်လတ်လတ်ကလေးကို မွေးမဖွားနိုင်ခဲ့ပေ။ ၅နှစ်တာ ကြာပြီးသည့် နောက်မှာတော့ သားတော်လေး ဖွားမြင်ခဲ့လေသည်။

နှင်းစက်လေးလို ဖြူဖွေးနေသော အသားအရည်၊ နီရဲတွတ်နေသော လက်သေးသေးလေးတွေနှင့် တအဲအဲနှင့် ငိုသံလေးသည် ချန်နိုင်ငံ‌အတွတ် ကောင်းချီးဆုမွန်တွေ ယူလာခဲ့သည့် အတိုင်းပင်။

*ငါ့ ခန္ဓာကိုယ်က အနာတွေပျောက်ကုန်ပြီ ရှင်မ*

*ဘုရား..ဘုရား ကျွန်မမျက်လုံးတွေ ပြန်မြင်ရပြီတော့*

*မိုးရွာလာပြီ‌ေဟ့..မိုးနတ်မင်းကြီး ကျေးဇူးတင်ပါတယ်..ကျေးဇူးတင်ပါတယ်*

*ငါတို့ အိမ်ရှေ့စံလေးက တကယ့်ကို အစွမ်းထက်တဲ့ ဆုလာဘ်ပဲ*

ချန်နိုင်ငံတွင် အိမ်ရှေ့စံလေး ဖွားမြင်သည့် ညမှာပင် ချန်နိုင်ငံအတွင်းရှိ မိုးခေါင်နေသော ရွာ‌ငယ်လေးများတွင် မိုးတွေရွာလာသလို၊ ချန်မြို့အတွင်းရှိ မကျန်းမာသည့် သူအားလုံးပင် ရောဂါတွေ ကင်းစင်သွားလေသည်။

သို့ပေမယ့် ချန်နိုင်ငံ၏ နန်းတွင်းထဲတွင်တော့

*မယ်မယ်ဖုရား..မယ်မယ်ဖုရား*

အထိန်းတော်ကြီးနှင့် နန်းတွင်းသူများ၏ အော်ဟစ်ငိုယိုသံတွေ ပွက်ပွက်ဆူနေလေသည်။

*ကလေးကိုပဲ ကယ်လိုက်နိုင်ပါတယ် မင်းကြီး*

ချန်မင်းကြီးမှာ တုန်ရီနေသော လက်ဖြင့် နီရဲတွတ်နေသည့် ကလေးငယ်လေးကို ပွေ့ချီလိုက်သည်။ သလွန်ပေါ်တွင်တော့ အိပ်စက်နေသည့်အတိုင်း သေဆုံးနေသည့် သူ၏ ချစ်လှစွာသော မိဖုရားခေါင်ကြီး ရှိနေလေသည်။

King'sWhere stories live. Discover now