ညင်သာ နူးညံ့သော ကလဲ့စား(အပိုင်း ၁)

152 3 1
                                    

"အား"

ကြောက်လန့်ဖွယ်ရာ အော်ဟစ်သံကြီးနဲ့အတူ သွေးစွန်းနေသော တူတစ်ချောင်း။
ထိုတူရဲ့ အနီးနားတွင် ဘယ်သူ ဘယ်ဝါမှန်းပင် မသိနိုင်လောက်အောင် ပျက်စီးနေသော အသက်မဲ့ လူတစ်ယောက်။ထိုလူရဲ့ ကွဲအက်နေသော ဦးခေါင်းခွံထက်က ဆံပင်တွေကို ညင်သာစွာ ကိုင်တွယ်လိုက်ရင်း သူတစ်ခွန်းတည်းသာ ဆိုလိုက်ပါရဲ့...။

"နောင် ကိုယ့်ကို သိပ်ချစ်တယ်နော်"

အရာအားလုံး အစပြုရာကား ထိုနေ့ပင် ဖြစ်လေသည်။

ွဒေါက် ဒေါက် ဒေါက်

ရေနံချေးသုတ်ထားသော နှစ်ထပ်အိမ်မြင့်ကြီးရဲ့ ရှေ့တည့်တည့်တွင် ရပ်ကာ တံခါးကို အကြိမ်ကြိမ်ခေါက်နေသော ကောင်လေးတစ်ယောက်။သူက ပန်းနုရောင်တီရှပ်လေးနဲ့အတူ ဒူးအထက် ဂျင်းဖြူရောင် ဘောင်းဘီလေးကို လိုက်ဖတ်စွာ ဝတ်ဆင်ထားလေသည်။ဖြူဖြူနုနု အသားရည်က လူကုံထံ မျိုးဆက်မှန်း သိသာစေသည်။Nike ဖိနပ် အဖြူလေး ဝတ်ဆင်ထားသော ခြေချောင်းတို့ကမူ ကလေးတစ်ယောက်လို လိမ်ယှက်လျက်။လက်ထဲတွင်လည်း စျေးကြီးကြီး ခရီးဆောင်အိတ်တစ်လုံးက ပါရှိနေသေးသည်။သူ့ပုံစံက အခုမှ အိမ်ပေါ်က နှင်ချခံလိုက်ရသည့် ကြောင်ငယ်လေး ပမာပင်။

ကျွီ ဆိုသည့် တံခါးဖွင့်သံနဲ့အတူ ထိုအိမ်ကြီးထဲမှ လူရွယ်တစ်ယောက် ထွက်ပေါ်လာလေသည်။

သူက အိမ်နေရင်း တီရှပ်အပွနဲ့ ယောပုဆိုးအနီလေးကို ဝတ်ဆင်ထားလေသည်။အသက်အားဖြင့် နှစ်ဆယ်ကျော်လောက်သာ ရှိပေဦးမယ့် ထိုလူရွယ်သည် အိမ်ရှေ့မှ ကြောင်ငယ်လေးကို ကြည့်ရင်း အံသြစွာပင် "နောင်" ဟု ခေါ်လိုက်လေသည်။

ကြောင်ငယ်လေးက ထိူလူရွယ်ကို ပြုံးပြလိုက်ရင်း ထိုလူရွယ်ရဲ့ လည်တိုင်ကြော့ကြော့ကို သိုင်းဖတ်လိုက်လေသည်။

"ခွန်းစစ် နောင် ပြန်လာပြီ"

အိမ်၏ ဧည့်ခန်းထဲတွင် ခွန်းစစ် ရော နောင်ပါ ငြိမ်သက်စွာ ထိုင်နေကြလေသည်။လေထုကတော့ စိမ်းသက်သက်ပင်။

"ဘာလို့ ပြန်လာတာလဲ"
ခွန်းစစ်က နောင့်ကို ကြည့်ရင်း အေးစက်စွာ ဆိုလေသည်။

စိတ်ကူးပေါက်ရာ အတိုလေးများWhere stories live. Discover now