❤️🙆

59 4 0
                                    

{Unicode}

မနက်ခင်းလေးမှာဝေလျှံဆိုတဲ့
‌ေကာင်‌ေလးတစ်ယောက်ကောင်းသောနိုးထခြင်းဖြင့်
နိုးထလာပါသည်

"ဟွာ.....
အိပ်လို့ကောင်းလိုက်တာကွာ....
ညကပင်ပန်းသွားလို့လားမသိဘူး
အိပ်လိုက်တာတချိုးတည်း
အိပ်ပျော်သွားတာပဲ...
ကဲကဲ...
ခုတော့မျက်နှာသွားသစ်ရမယ်..."

🎶စိတ်ထားလှတဲ့သူရယ်....
စင်ဒရဲလားနဲ့တူတယ်...
ယောင်္ကျားတိုင်းကကြွေတယ်...
မောင့်အရိုင်းပန်းလေးပန်းချီငယ်....🎶

ဝေသျှံတစ်ယောက်
သီချင်းလေးညည်းကာ
မျက်နှာသစ်ရန်
သူ၏ရေချိုးခန်းထဲသို့
သွားလေသည်။

"သားရေ......
မျက်နှာသစ်ပြီးအောက်ထပ်ကို
မြန်မြန်ဆင်းခဲ့နော်...
အမေသားအကြိုက်မုန့်ဟင်းခါး
ချက်ထားတယ်.....
ကြားလားသား..."

"ဟုတ်ကဲ့အမေရေသားကြားပါတယ်
သားခနနေဆင်းလာခဲ့ပါ့မယ်...."
ဝေသျှံတစ်ယောက်သူအမေအားပြန်ပြောလိုက်ပါတယ်။

ခနအကြာတွင်ဝေသျှံတစ်ယောက်
အောက်ထပ်သို့ဆင်းသွားခဲ့သည်။

"ဟာ....အနံ့လေးကမွှေးနေတာပဲဗျာ...
ဗိုက်တောင်ဆာလာပြီ...."

"မွှေးလည်းမွှေးတယ်....
ပြီးတော့သားအကြိုက်
ငါးများများနဲ့ထည့်ချက်ထားတာ...
ဗိုက်ကားအောင်သာစား..
အမေအများကြီးချက်ထားတယ်..."

"အက်တာဆိုဆွဲပြီဗျာ....."

"ဒါနဲ့သားကိုအမေမေးစရာရှိလို့......"

"ဟုတ်ကဲ့မေးလေအမေ....."

"ဒီနေ့လည်းခါတိုင်းလိုပဲ
သူငယ်ချင်း‌ေတွနဲ့အပြင်
လျှောက်ထွက်ဦးမာပဲမလား..."

"ဟုတ်တယ်လေအမေ
ဘာလို့လဲ....
သားကိုခိုင်းစရာများ
ရှိလို့လား....."

"မဟုတ်ပါဘူးကွယ်....
မင်းအဖေကခုလိုသွားလာနေတာကို
သဘောမကျဘူးလို့
ပြောခိုင်းလိုက်လို့ပါကွယ်
အက်တာကြောင့်
အပြင်သွားတာလျှော့ပြီးတော့
မင်းအ‌ေဖရဲ့companyမာ
အလုပ်၀င်လုပ်ကြည့်ပါလား....
မင်းအဖေကဩစတေးရီးယားကနေ
ဒီကိုလှမ်းလှမ်းခိုင်းနေရတာ
သူလည်းပင်ပန်းနေမာပေါ့
အက်တာသား၀င်ကူလိုက်ပါလားလို့
အမေပြောချင်တယ်......"

𝑆𝐻𝐸(Season-1){Oneshots}Unicode&ZawgyiWhere stories live. Discover now